|
|
||
| ယောဂီဆောင်ဆောက်လုပ်မှု သတင်းအချက်အလက်များ ၁ | ||
|
မြစိမ်းတောင်တောရရိပ်သာတွင် အားထုတ်သူယောဂီအရေအတွက်မှာ အမျိုးသမီးယောဂီ အများစုဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးယောဂီဆောင်များမှာ လုံခြုံမှုမရှိသည့်အတွက် ယခုယောဂီဆောင်ကို အမျိုးသမီးယောဂီများအတွက် ရည်ရွယ်ပါသည်။ အခန်းအလှူရှင်များ နှင့် ယောဂီဆောင်အတွက် အထွေထွေအလှူရှင်များ တိုးတက်လာမှုအပေါ် မူတည်ပြီး လက်ရှိ၂ ယောက်ခန်း အခန်း ၄၀ မှ အခန်း ၅၀ အထိ တခါတည်း အပြီး တိုးချဲ့  ဆောက်လုပ်ရန် အစီအစဉ် ရှိပါသည်။ ယနေ့ (၁၃-၀၅-၂၀၁၀) အထိ အခန်းပေါင်း ၂၆ ခန်းလှူဒါန်းထားကြပြီး၊ ဆက်လက်၍ မတည်ငွေနှင့် အထွေထွေ အလှူရှင်များ၊ အခန်းအလှူရှင်များ အမြောက်အမြား ပါဝင်လှူဒါန်းကြမည်ဟု မျှော်လင့်ပါသည်။ သို့ ပါ၍ လှူဒါန်းရန် စီစဉ်ထားသူများ မလှူဖြစ်သေးသည့်တိုင် ကြိုတင်ပြီး စတင်စာရင်းပေး ထားနိုင်ကြပါပြီ။ သံဃာများနှင့်၊ အမျိုးသား ယောဂီဆောင်ကိုလည်း အမျိုးသမီးယောဂီဆောင် ပြီးစီးချိန်တွင် ဆက်လက် ဆောက်လုပ်ရန် အကောင်အထည်ဖော်ပါမည်။ ယောဂီဆောင်ဆောက်လုပ်ရန်အတွက် ယခုမေလ ၂၉ ရက်နေ့ တွင် မြန်မာပြည်ပြန် ၍ ဆောက်လုပ်မည့် ကန်ထရိုက်တာနှင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ အလုပ်အပ်နှံခြင်း၊ ပုံစံ အပြီးသတ်ရန် ဆွေးနွေးခြင်း၊ ဆောက်လုပ်မည့် နေရာနှင့် ရက် သတ်မှတ်ခြင်း၊ ငွေပေးချေမှုစနစ် သတ်မှတ်ခြင်း တို့ ကိုပြုလုပ်မည်ဖြစ်ပါသည်။ ( သို့ ပါ ၍ ၂၉-၀၅-၂၀၁၀ မှ ၁၂-၀၆-၂၀၁၀ အထိ ကျနော် ဇော်မိုးစံ (+၆၅-၉၁၇၁၄၃၅၀) အား ဆက်သွယ် ၍ မရနိုင်ပါ။ ထိုအတောအတွင်း ယောဂီဆောင်အတွက် လှူဒါန်းခြင်းနှင့် ပတ်သတ်ပြီး ဆက်သွယ်လိုပါက ဖော်ပြထားသော ကိုသိန်းစိုး (သို့ ) မကျော့ကျောခိုင် သို့  ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါသည်။)့ ထိုအဆောက်အဦးသစ် ဆောက်လုပ်ရေးအတွက် မြစိမ်းတောင်ဆရာတော်၏ ပစ္စည်းလေးပါး ဒါယကာလည်းဖြစ်၊ အရှင်ဆန္ဒာဓိက၏ရွှေပါရမီဓမ္မစာပေ ပြန့်ပွားရေး တာဝန်ခံလည်းဖြစ်၊ ဒါယကာအရင်းလည်း ဖြစ်သော တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်း ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းပြီး အဆောက်အဦးအတွက်လည်း အမြတ်အစွန်း တစုံတရာမယူပဲ ဆောက်လုပ်ပေးပါမည်။ အဆောက်အဦးသစ်ကို ယခုနှစ်မိုးအကုန် အောက်တိုဘာလလောက်တွင် စတင်ပြီးဆောက်လုပ်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် တစ်နှစ်ခန့် ကြာပါမည်။ ကောက်ခံရ ရှိသော အလှူငွေများ ကို ဆောက်လုပ်ရန်အတွက် စတင်ပြင်ဆင်သော အချိန်တွင် လိုအပ်သလို ပေးပို့ သွားမည်ဖြစ်ပြီး ပေးပို့  သော ငွေပမာဏများနှင့် လက်ကျန်ငွေ စသည်များကို အများမြင်သာရန်နှင့် သာဓုခေါ်ဆိုနိုင်ရန် ဤ website တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အလှူရှင်စာရင်း Update ပြုလုပ်ခြင်းနှင့် ပတ်သတ်ပြီး မကျော့ကျော့ခိုင် (+၆၅-၉၈၄၄၆၁၂၀) သို့ တိုက်ရိုက်ဆက် သွယ်နိုင်ပါသည်။ အဆောက်အဦးပြီးစီးပါက မြန်မာပြည်ရှိ အလှူရှင်မိသားစုဝင်များကိုယ်တိုင် ရေစက်ချအမျှဝေနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး စင်္ကာပူသို့ ဆရာတော်ဘုရား ကြွရောက်လာပါက စင်္ကာပူတွင်လည်း ရေစက်ချအမျှဝေနိုင်ရန် စီစဉ်ပေးပါမည်။ (အကြံပြုချက်များနှင့် စုံစမ်းမေးမြန်းမှုအားလုံးအား လှိုက်လှဲစွာ ကြိုဆိုပါသည်။) Posted on 13 May 2010 |
||
| ယောဂီဆောင်ဆောက်လုပ်မှု သတင်းအချက်အလက်များ ၂ | ||
|
အဆောက်အဦနဲ့ ပတ်သတ်ပြီး အားလုံး သာဓုခေါ်ဆိုနိုင်ရန် အနည်းငယ် update လုပ်လို ပါတယ်။ ယခင်က ၂ယောက်ခန်း( ၉’x၁၀’) အခန်း ၄၀ စီစဉ်ထားရာမှ အလှူရှင်အချို့ ရဲ့  တောင်းဆိုချက်ကြောင့် WC attached ပါ(အိမ်သာရေချိုးခန်းတွဲလျှက် ( ၉’ x ၁၆’) ၃ ယောက်ခန်း ၄ခန်း နှင့် ရိုးရိုး ၃ ယောက်ခန်း( ၉’ x၁၆’ ) ၄ ခန်းကို စုစုပေါင်း (ဂ)ခန်းကို ထပ်မံ ဖြည့်စွက်ထားပါတယ်။ ၃ ယောက်ခန်း (WC မပါ) ကို ၂၅၉၀ ဖြင့်၎င်း (WC attached) ပါ ၃ယောက် ခန်းကို ၃၂၅၀ ဖြင့် ၄င်း မိမိနှစ်သက်ရာ မိမိတို့  အဆင်ပြေသလို အရစ်ကျစနစ်ဖြင့် ဖြစ်စေ၊ တလုံးတည်း ဖြစ်စေ 2011 Dec 31 မတိုင်ခင်ပေး ချေခြင်းဖြင့် လှူဒါန်းနိုင်ကြပါပြီ။ ယခုအချိန်အထိ ၂ ယောက်ခန်း အခန်း ၄၀ အနက် အခန်းပေါင်း ၃၃ ခန်းကို၎င်း၊ ၃ ယောက်ခန်း (WC attached) အခန်း ၄ခန်းအနက် ၂ ခန်းကို ၄င်းလှူဒါန်းကြပြီးဖြစ်ပါတယ်။ ထို့ ကြောင့် ၂ ယောက်ခန်း ၇ ခန်း၊ ၃ ယောက်ခန်း ( WC attached ပါ) ၂ ခန်း နှင့် ၃ ယောက်ခန်း (WC attached မပါ ) ၄ ခန်း ကျန်ရှိပါတယ်။ အဆောက်အဦအတွက် ကုန်ကျစရိတ်အနေဖြင့် နောက်ဆုံး proposed plan အရ မြန်မာငွေ သိန်း ၁၁၀၀ ( S$ 148K ) ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ အခန်းများအားလုံးအလှူရှင်ပြည့်သောအခါ သိန်း ၆၅၀ (S$ 88 K ) ခန့်  ရရှိမှာဖြစ်ပါတယ်။ မ တည်ငွေနှင့် အထွေထွေအလှူရှင်များဘက်မှ အလှူငွေ သိန်း ၁၁၀ ခန့် လည်းကောက်ခံရရှိပြီးဖြစ်ပါတယ်။ (အထက်ဖော်ပြပါ ငွေပမာဏ များမှာ ငွေလှဲလှယ်နှုန်း ထားပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်) ၄င်းအပြင် ယောဂီအခန်းများအပ အခြားမရှိမဖြစ်အရေးကြီးသော ကျန်နေရာများကိုလည်း မိတ်ဆွေများ အားလုံးအလှူပါဝင်နိုင်ရန်အတွက် အောက်ပါနှူန်းထားများဖြင့်လည်း လှူဒါန်းနိုင်ကြပါတယ်။
၁ စတုရန်းပေ စင်္ကာပူဒေါ်လာ ၂၀
၁စတုရန်းပေကို S$ 20 နှုန်းဖြင့် လှူဒါန်းနိုင်ကြပါတယ်။ (ထိုအလှူအတွက် စုစုပေါင်း စတုရန်းပေ ၂၀၀၀ ကျော် လှူဒါန်းရန် ကျန်ရှိပါသည်)
ရေချိုး(၁) ခန်း စင်္ကာပူဒေါ်လာ ၄၅၀
ရေအိမ်(၁) ခန်း (ဘိုထိုင်) စင်္ကာပူဒေါ်လာ ၄၅၀
ရေအိမ် (၁) ခန်း (ရိုးရိုး) စင်္ကာပူဒေါ်လာ ၃၅၀
လှေခါးတခုလုံးအတွက် စင်္ကာပူဒေါ်လာ ၂၈၈၀ အစရှိသည်ဖြင့် စတင် လှူဒါန်းနိုင်ကြပြီဖြစ်ပါတယ်။ အဆောက်အဦ လှူဒါန်းသူများအနေဖြင့် ထိုအဆောက်အဦတည်ရှိနေသမျှ၊ ယောဂီများ အားထုတ်နေသမျှ ကုသိုလ် အချိန်ပြည့် ရရှိနေမှာဖြစ်ပါတယ်။ သူတပါး အဆင်ပြေစွာ ချမ်းချမ်းသာသာ အားထုတ်စေလိုသည့ှ် စေတနာသည် မိမိတို့ တရားအားထုတ်သည့် အခါတွင် လည်း “စေတနာသည်သာကံ” ဟု မြတ်စွာဘုရား ဟောကြားသည့်အတိုင်း တူညီသောအကျိုးပေးမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပါတယ်။ ကျောင်းလှူခြင်းကြောင့် ရသော အခြားအကျိုးများလည်း ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ရကြမှာဖြစ်ပါတယ်။ လက်ရှိ အလှူရှင်စာရင်းများကို ယောဂီဆောင် အလှူရှင်စာရင်း မှာ ကြည့် ၍ သာဓုခေါ် ဆိုနိုင်ပါတယ်။ အလှူရှင်သစ်များကိုလည်း နည်းများမဆို တတ်အားသရွှေ့  ကုသိုလ်ပါဝင်ဖို့  လေးစားဖိတ်ခေါ် လိုက်ပါတယ်။ ( လက်ရှိနှစ်ယောက်ခန်းအလှူရှင်များ မည်သည် သုံးယောက်ခန်းမဆို ပြောင်းလဲလှူဒါန်း လိုပါက လှူဒါန်းနိုင်ပါသည်။) လှူဒါန်းမှုများအားလုံးကို အဆင်ပြေသလို SMS ဖြင့်ဖြစ်စေ တိုက်ရိုက်ဖုန်းဖြင့်ဆက်သွယ်ပြီးဖြစ်စေ မေး မြန်းစုံစမ်း လှူဒါန်း နိုင်ကြပါတယ်။
မကျော့ကျော့ခိုင် +၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com Posted on 16 August 2010 |
||
| ယောဂီဆောင် အဆောက်အဦ ပုံစံငယ် | ||
| မြစိမ်းတောင်တောရရိပ်သာတွင် မကြာမ်ီဆောက်လုပ်တော့မယ့် အဆောက်အဦ ပုံစံငယ်ဖြစ်ပါတယ်။ အလှူရှင်များ လှူဒါန်းထားတဲ့ ဒီယောဂီဆောင်ဟာ များမကြာမီမှာ တကယ့်အဆောက်အဦအသွင် အဖြစ် မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ အမှန်တကယ် ဆောက်လုပ်ရာတွင် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပြီး အနီးစပ်ဆုံး ရရှိသလောက် တင်ပြထားခြင်းသာဖြစ်ပါတယ်။ | ||
|
|
||
|
အရှေ့ ဘက်မှ မြင်ရပုံ
|
||
|
ပိုပြီးရှင်းလင်းပြတ်သားတဲ့ပုံကို ထပ်မံတင်ပေးပါဦးမယ်။
|
||
|
|
||
|
အနောက်ဘက်မှ မြင်ရပုံ
|
||
|
အနောက်ဘက် အိမ်သာ၊ ရေချိုးအဆောင်ပေါ်တွင် Concrete Slab မိုး ၍ ယောဂီတဆောင်လုံး သုံးရန်အတွက်
ရေစင်တင်ရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ထိုရေစင်အတွက် ကုန်ကျစရိတ်ကို လှူဒါန်းလိုသူများ
သိသာနိုင်ရန် တင်ပြထားမှာ ဖြစ်ပါတယ်။
|
||
|
|
||
|
လက်ဝဲဘက်မှ မြင်ရပုံ
|
||
|
|
||
|
လက်ယာဘက်မှ မြင်ရပုံ
|
||
|
|
||
|
မြေညီထပ်အခန်းဖွဲ့ ပုံ
|
||
|
လက်ရှိပုံစံအရ ယောဂီတဆောင်လုံးအတွက် အများသုံး အိမ်သာ ၁၀ခန်း၊ အများသုံး ရေချိုးခန်း ၈ခန်း နှင့် ၃ ယောက်ခန်း ၄ ခန်းအတွက် ရေချိုးခန်း အိမ်သာ တွဲလျှက် ၄ခန်း ပါရှိပါသည်။ အထက်ပါပုံတွင် မြင်တွေ့  ရသည့်အတိုင်း ရေချိုးခန်း မသုံးလိုသူများ အ၀တ်လျှော်၊ ရေချိုးပြုလုပ်နိုင်စေရန် အောက်ထပ်အပြင်ဘက်တွင် အုတ်ရေချိုးကန် (ground water tank) တည်ဆောက် ထားပေးမှာ ဖြစ်ပါတယ်။ အခြေအနေအပေါ်မူတည်ပြီး အိမ်သာများ မလုံလောက်ပါက အပြင်ဘက်တွင် တိုးချဲ့ ၍ ထပ်မံ ဆောက်လုပ်ရန်လည်း အစီအစဉ်ရှိပါတယ်။ ယခုအချိန်တွင် အဆောက်အဦ ပြီးစီးရေးအတွက်ကို အရင်ဦးစားပေး ဆောင်ရွက်မှာဖြစ်ပါတယ်။
|
||
|
|
||
|
အပေါ်ထပ်အခန်းဖွဲ့ ပုံ
|
||
|
အလျှင်းသင့်သလို ထပ်မံ update လုပ်သွားပါဦးမယ်။ အကြံပြုချက်များအားလုံးကို ကြိုဆိုပါတယ်။
ယခင်စီစဉ် ထားသည့်အတိုင်း အောက်တိုဘာလအတွင်းတွင် စတင်ရန် တောင်းဆိုထားပြီး ဖြစ်ပါတယ်။ Posted on 25 Sep 2010 |
||
|
မြစိမ်းတောင် ယောဂီဆောင်အား တာဝန်ယူဆောက်လုပ်ပေးမည့် တက်လမ်းဆောက်လုပ်ရေး မှ ပေးပို
့လိုက်သော ယောဂီဆောင်ပုံစံဖြစ်ပါတယ်။
( အရှေ့ ဘက်မှမြင်ရပုံ)
(အနောက်ဘက်မှ မြင်ရပုံ) ရေစည်နှင့်ပတ်သတ်ပြီး အမှန်တကယ်အသုံးပြုရာတွင် လီတာ၁၅၀၀ဆန့် Stainless Steel ရေစည် (၆)လုံး အသုံးပြုမှာဖြစ်ပါတယ်။ ထိုရေတိုင်ကီလှူဒါန်းပြီး ယောဂီဆောင်အတွက် ရေအလှူ ကုသိုလ် ပြုလိုသူများ ဒီနေရာမှာ ဖတ်ရှုပြီး လှူဒါန်းနိုင်ပါတယ်။
(အပေါ်စီးမှ မြင်ရပုံ) ယခုအချိန်တွင် ယောဂီဆောင် အမြန်ဆုံးစတင် ဆောက်လုပ်နိုင်ရန်အတွက် Structural design နှင့် costing ပိုင်း အပြီးသတ် ဆောင်ရွက်နေကြပါတယ်။ Published on 19-10-2010
|
||
|
|
တရားတော်များ 

