"မိမိတို့ ရဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာကို
တရားရှုမှတ်တဲ့အခါမှာ အစွမ်းကုန်အသုံးချပါ။ 
အဲဒီလို အစွမ်းကုန် အသုံးချမှ ဒီသံသရာခရီးခဲကြီးက လွန်မြောက်နိုင်မှာနော်။
တစ်သံသရာလုံး မောဟအားကြီးခဲ့လို့  ဂင်္ဂါဝါလု သဲစုမက ဘုရားတွေနဲ့ လွဲခဲ့ရတာ။"
_______________
သံဃာဆောင် ဆောက်လုပ်ရေးအလှူတော်

စင်္ကာပူရှိ မြစိမ်းတောင်ဆရာတော်ဘုရားကြီးရဲ့ ယောဂီဟောင်းအများစုနဲ့ အတူ နိုင်ငံတကာရှိဓမ္မမိတ်ဆွေများ၏ ထက် သန် သော သဒ္ဓါတရား နှင့်  ၀ိုင်းဝန်း ကူညီလှူဒါန်းမှုများဖြင့် တိုက်ကြီးမြို့ နယ် လိမ္မော်ခြံကျေးရွာ အရှေ့ ဘက် ရိုးမ တောထဲရှိ မြစိမ်းတောင်ရိပ်သာတွင် အမျိုးသမီး ယောဂီများ လုံခြုံအေးချမ်းစွာ နေထိုင်ရန်အလို့ ငှာ ယောဂီ၁၀၄ ဦး နေထိုင်နိုင်သော RC နှစ်ထပ်ဆောင်ကို တာဝန် ယူဆောက်လုပ်လှူဒါန်း ခဲ့ရာ ၂၀၁၂ ဇန်န၀ါရီလ ကပင် ပြီးစီးသွားပြီဖြစ်ပါသည်။

ယခုတဖန် သံဃာတော်များ အဆင်ပြေစွာ သတင်းသုံးနေထိုင်နိုင်ရန် သံဃာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်စီစဉ်လျှက်ရှိရာ မကြာခင် ဆောက်လုပ်မည်ဖြစ်ပါသည်။ ထိုအစီအစဉ် တွင် ၁၀ပေX ၁၂ပေ အကျယ်ရှိ အခန်းပေါင်း ၄၀ ပါဝင်မည် ဖြစ်ပါသည်။  





(စိုး-ဆောက်လုပ်ရေးမှ ပေးပို့ ထားသော Proposed Design ဖြစ်ပါသည်။) 

ထို ၁၀ပေx ၁၂ပေ အကျယ်ရှိ အခန်းများမှာ သာမန်အချိန်တွင် သံဃာများ တပါးတည်း အေးချမ်းစွာ သီတင်း သုံးနေထိုင် ကာ တရားဘာဝနာပွား များနိုင်ြကမည်ဖြစ်ပါသည်။ သင်္ကြန်တွင်း တရားစခန်း ကဲ့သို့ သော သံဃာများ အလွန်များပြားလာသော အချိန်များတွင် သံဃား ၂ပါး ၃ပါး စသည် ဖြင့် အဆင်ပြေသလို သီတင်းသုံး နေထိုင်နိုင် ကြ မည်ဖြစ်ပါသည်။ ဆရာတော်များ၏မိန့်  ကြားချက် အရ အမျိုးသား ယောဂီများမှာ  အများဆုံး ၁၀ ယောက်အထိ သာ ရှိတတ်ပြီး အများအားဖြင့် ရဟန်းဝတ်ဖြင့် အားထုတ်ကြသူ ပိုများ ကြောင်း သိရပါသည်။ ထိုသံဃာဆောင်များတွင် အမျိုးသားယောဂီများအားလည်း သင့်တော်သလို စီစဉ်နေရာချပေး နိုင်ကြောင်းသိရပါသည်။

ဆောက်လုပ်မည့် သံဃာဆောင်အတွက် လှူဒါန်းနိုင်သည့်အရာများ

လှူဒါန်းနိုင်သည့်အရာများ

စင်္ကာပူဒေါ်လာဖြင့်

မြန်မာငွေဖြင့်

အရေအတွက်

သံဃာများ သီတင်သုံးနေထိုင်ရန် အခန်းတခန်း

၃၄၀၀

၂၂ သိန်း

      ၄၄

သံဃာများ သီတင်သုံးနေထိုင်ရန် အခန်း
(အခန်း၏တန်ဘိုးတ၀က်ကိုပူးတွဲအလှူရှင်အဖြစ်လှူဒါန်းလိုသူများ အတွက်) *

၁၇၀၀

၁၁ သိန်း

 

ကုဋိ(ရေအိမ်) တခန်း

၉၃၀

   ၆သိန်း

       ၈

ရေချိုးခန်းတခန်း

၉၃၀

   ၆သိန်း

       ၈

စတီးရေတိုင်ကီတလုံး(1500L)

၉၃၀

   ၆သိန်း

       ၆

စင်္ကြလမ်း (တခန်းစာ)

၇၈၀

၅သိန်း

      ၄၀
လှေခါးဆောင်

၃၈၅၀

၂၅သိန်း

      ၂

၁စတုရန်းပေ

၂၅

၁၆၀၀၀

   ၆၀၀ခန့် 

(၁၀ စတုရန်းပေနှင့်အထက်လှူဒါန်းသူများနှင့် အထက်ဖော်ပြပါလှူဒါန်းမှုများကို ကဗျည်းထိုးပေးပါမည်။)

(* အခန်း၏ တန်ဖိုးတစ်ဝက်ဖြင့် လှူးဒါန်းလိုသူများကို ပူးတွဲအလှူရှင်အဖြစ် မိမိတို့  မိတ်ဆွေ၊ ဆွေမျိုးသင်္ဂများနှင့် သော်လည်းကောင်း ပူးပေါင်းပြီးလှူဒါန်းနိုင်ပါသည်။ သို့ မဟုတ်ပါက အဆောက်အဦဖြစ်မြောက်ရေးအဖွဲ့ မှ သင့်တော်သလို တခြားအလှူရှင်များနှင့်တွဲ၍ လှူဒါန်းနိုင်ရန်စီစဉ်ပေးသွားပါမည်။ အလှူရှင်မိသားစုနှစ်ခုစလုံး (သို့ ) အလှူရှင်နှစ်ဖွဲ့ လုံးကို သီးခြားစီ ကဗျည်းထိုးပေးပါမည်။)

အပြည့်အစုံသို့ ....


 
တရား CDs နှင့် တရားစာအုပ်အလှူ

၂၀၁၂ ခုနှစ် စင်္ကာပူနိုင်ငံ စိန့် ဂျွန်း အိုင်းလန်း တွင် ကျင်းပပြုလုပ်သော ၉ရက် တရားစခန်းတွင် ဟော ကြား ထားသော တရားတော်များပါဝင်သော CDs အချပ်များကို  ၃၁ - ၀၃ -၂၀၁၂ (စနေ နေ့  ) မှစပြီး Peninsula Plaza ရှိ စိန်ပန်းပြာ ရောင်းဝယ်ရေး (#04-25 လွယ်ဟိန်းဆိုင် အနောက်ဖက်အခြမ်း) တွင် အခမဲ့ သွားရောက် ထုတ်ယူနိုင်ပါပြီ။ အမှန်တကယ် တရားနာကြားလိုသည့် မိမိတို့ ၏ ဓမ္မ မိတ်ဆွေများ မိဘဆွေမျိုး အတွက်လည်း အပိုထုတ်ယူနိုင်ပါသည်။

ထို့ အပြင် ထိုတရား CD အချပ်များနှင့်အတူ  မြစိမ်းတောင်ဆရာတော်ဘုရား ဟောကြားထားသော တရားတော် များကို စုစည်းထားသည့်  ၀ိပသနာ အလုပ်ပေးတရားတော်များ ၂၉၂ ပုဒ်ပါ DVD အချပ်  ( ၆၀) ကိုလည်း ထား ရှိပေး မည်ဖြစ်ပြီး လက်ကျန်ရှိသရွေ့  တဦးလျှင် တချပ်နှုန်းဖြင့် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

လာမည့်  (၂၁-၀၄-၂၀၁၂) နေ့ မှစ၍ လည်း မြစိမ်းတောင် ဆရာတော်ဘုရားဟောကြားတော်မူသည့် တရား တော် များ ကို စာအုပ်အဖြင့် ထုတ်ဝေထားသည့် အောက်ပါစာအုပ်များကို လည်း First come, first served စနစ်ဖြင့် လက်ကျန်ရှိသေရွေ့ ဓမ္မဒါနပြုသွားမှာဖြစ်ပါတယ်။ နှစ်သက်ရာ ၁ အုပ်သာ ယူပါရန် မေတ္တာရပ်ခံပါသည်။

(၁) အနေတတ်၍ အသေတတ်ရန် နည်းလမ်း (၅၀ အုပ်)
(၂) ဝေဒနာရှုနည်း တရားတော် (၁၆ အုပ်)

ပါဝင်လှူဒါန်းကြသောအလှူရှင်များ
(၁) Lotus Foundation                                                          CDအချပ် ၁၀၀၀ S$ 350
(၂) ဦးသန်းလွင်+ဒေါ်ခင်ဌေးရီ၊ သမီး မဇင်ဇင်ခိုင် မိသားစု                CDအချပ်  ၅၀၀  S$ 200
(၃) ကိုချမ်းမင်း+ မမိမိအောင်၊ သားမောင်ရှင်းသန့်ညီ မိသားစု           CDအချပ်  ၅၀၀  S$ 200
(၄) ဦးပိုင်စိုး+ ဒေါ်ခင်မြသန်း သမီး ဆွေဆွေသက်ပိုင်၊  သက်ဆုပိုင်၊ သားဝေဖြိုးပိုင် မိသားစု                                                                              CDအချပ်  ၅၀၀  S$ 200
(၅) ဒေါ်ခင်မြမြ အသက်(၆၀) ပြည့်မွေးနေ့ အလှူ                           CDအချပ်  ၅၀၀  S$ 200
(၆) မညိုညိုသိန်း                                                                  S$၃၀
(၇) ကျေးဇူးရှင် နှစ်ဖက်သောမိဘများနှင့် အဖိုးအဖွားများကို
အမှူးထား၍ ကိုတိုးကြွယ်အောင်+ မအေးငြိမ်းသူ မိသားစုဓမ္မဒါန         CDအချပ်  ၅၀၀  S$ 200
(ဂ) ဦးမြင့်လွင်+ ဒေါ်သန်းကြည် သမီး မချောစုလွင် မိသားစု            CDအချပ် ၁၀၀၀ S$ 350

စင်္ကာပူရှိ တရားပွဲများ တရားစခန်းများနှင့် မြန်မာပြည်တွင် လှူဒါန်ပေးသွားပါမည်။ CD အချပ် ၅၀၀ နှင့်အထက် အလှူရှင်များကို CD ပေါ်တွင် ကဗျည်း ထိုးပေးပါမည်။

လှူဒါန်းလိုသူများအောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါသည်။

ဇော်မိုးစံ
+65-91714350 (zawmoesan@yahoo.com.sg)
မကျော့ကျော့ခိုင်
+65-98446120 (kyawtkk@gmail.com)
 

"အထူးကျေးဇူးတင်လွှာ"

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၁ရက်မှ ၂၉ နေ့ အထိ စင်္ကာပူနိုင်ငံ St. John's Island တွင် ကျင်းပခဲ့သော မြစိမ်း တောင်ဆရာတော် (၉)ရက် တရားစခန်းကို  ဒုလ္လဘရဟန်းယောဂီပေါင်း ၁၉ပါး၊ သီလရှင်ယောဂီ ပေါင်း ၁၃ပါး၊ အမျိုးသားယောဂီပေါင်း ၄၀ နှင့် အမျိုးသမီး ယောဂီပေါင်း ၁၅၂ ယောက် စုစုပေါင်း အချိန်ပြည့်ယောဂီ ၂၂၄ ယောက်၊ အချိန်ပိုင်း လာရောက် အားထုတ်သူ ယောဂီ၃၀ ခန့် ဖြင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ပါသည်။

ထိုတရားစခန်းဖြစ်မြောက်ရေးအတွက်
 
    (၁) မေတ္တာ၊ ဂရုဏာကြီးစွာဖြင့် မအားမလပ်သည့်ကြားမှ အချိန်ပေးကာ  တရားပြပေးသော မြစိမ်းတောင် ဆရာတော်ဘုရားကြီးနှင့် လက်ထောက်ဆရာတော်များဖြစ်ကြသော ဦးနိက္ခမ၊ ဦးဥက္ကဌ နှင့် ဦးသုန္ဒရ တို့ အား၎င်း
    (၂) အစမှ အဆုံး ကြိုးစားအားထုတ်ခဲ့ကြသော ယောဂီသူတော်ကောင်းအပေါင်း နှင့် အားလပ်ရက်များ အတွင်း လာရောက်အားထုတ်ကြသော ယောဂီများအား၎င်း
    (၃) တရားစခန်းအတွက် လိုအပ်သော ပစ္စည်းများကို ငှားရမ်းသုံးစွဲခွင့်ပေးသော ဗုဒ္ဓဂယာ သုခါရာမ ကျောင်းမှ  ဆရာတော်ဒေါက်တာဦးသုပိယနှင့် အမှုဆောင်ကော်မတီဝင်များအား၎င်း
    (၄) ဒုလ္လဘရဟန်းခံပွဲနှင့် သီလရှင်ဝတ်ပွဲတို့ အတွက် ကူညီဆောင်ရွက်ပေးကြသော မြန်မာ ဘုန်းတော်ကြီးကျောင်း (တိုပါးရိုး) မှ ဆရာတော်ဦးတိလောကသီရိနှင့် ဆရာတော်သံဃာတော်များ၊ Clementi ကျောင်းမှဆရာတော် ဒေါက်တာဦးဝိစိတ္တ္ကနှင့် ဆရာတော်သံဃာတော်များ၊ သစ္စာပါရမီကျောင်းမှ ဆရာတော် ဒေါက်တာအရှင်ဇယတိဿနှင့် ဦးမြတ်လင်း၊  သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ ဒေါ်ကေတုမာလာအား၎င်း
    (၅) မြစိမ်းတောင်ဆရာတော်ဘုရားကြီးနှင့် ဆရာတော်များအား သီတင်းသုံးနေထိုင်ခွင့်ပေးသော ချမ်းမြေ့ရိပ်သာ (စင်္ကာပူ)မှ ဆရာတော် ဦးပညာသာရ၊ ဦးဇော်ထွန်း နှင့် ကော်မတီဝင်များအား၎င်း
    (၆) ဟင်းချက်ပစ္စည်းများနှင့် တရားစခန်းအတွက် အခြားလိုအပ်သော ပစ္စည်းများအတွက် စာရင်းပြုစု၊ မှာယူပေးပြီး၊ တရားစခန်းတလျှောက်လုံးလည်း အချိန်ပြည့်ဝေယျာဝစ္စ ဆောက်ရွက်ပေးကြသော မမြင့်မြင့်သန်း၊ မနှင်းနှင်းအေး နှင့် ကိုသက်နိုင်ကျော်တို့ အား ၄င်း
    (၇) တရားစခန်းအစ အဆုံး ဆွမ်းဟင်းများ အချိုပွဲများကို တာဝန်ယူ စီမံချက်ပြုတ်ပေးသော ကိုမင်းဇင်ဦး၊ မသီသီ၊ မမေမီနှင့် အဖွဲ့ အား၎င်း
    (၈) ဒုလ္လဘပွဲ၊ တရားပွဲနှင့် တခြားလိုအပ်သည်များကို ကူညီပံ့ပိုးပေးသော ဦးကျော်လွင်၊ (Dhammadownload မိသားစု) အား၎င်း
    (၉) ကိုထင်ကျော်၊ ကိုချမ်းမင်း၊ ကိုမျိုးဝင်းရီ၊ ကိုဝင်းထွန်းဆင့်၊ ကိုဇော်ဇော်ထွဋ် နှင့် စေတနာထက်သန်စွာ လုပ်အားပေးခဲ့ကြသော Lotus foundation အဖွဲ့ သူ၊ အဖွဲ့ သား အားလုံး အား၎င်း
    (၁၀) Camp Management နှင့် တရားစခန်းအတွက် လိုအပ်သည်များကို ဆက်သွယ် ဆောင်ရွက် ပေးပြီး တရားစခန်းကာလအတွင်းတွင်လည်း အခြားအရေးပါသော ဝေယျာဝစ္စ များကိုလည်း ကူညီဆောင်ရွက် ပေးသော ကိုတင်ထွန်းဆိုင်အား၎င်း    
    (၁၁) Live broadcasting၊ Audio recording၊ Video recording၊ Graphic Design နှင့် တရားစခန်း မတိုင်မီကတည်းက တခြားဝေယျာဝစ္စများကို ဆောင်ရွက်ပေးသော ကိုအောင်ကိုမြင့် အား၎င်း
   (၁၂) ရန်ကုန်မှ တကူးတကကိုယ်စရိတ်ဖြင့် ကိုယ်လာကာ ဝေယျာဝစ္စဆောင်ရွက်ပေးကြသော မမိုးမိုး နှင့် မဘေးဘေး (မချိုချိုထွန်း) အား၎င်း
    (၁၃) တရားစခန်း အစမှ အဆုံး တတ်ကြွစွာ လုပ်အားပေးခဲ့ကြသော ဦးစိုးသိန်း၊ ကိုမင်းခင်မောင်၊ မောင်မျိုး(ဗလကြီး) ၊ ကိုလှမျိုး၊ မစိုးစိုးအေး၊ မခင်ခင်ဝင်း၊ ခွန်းခွန်း၊ မနှင်းနှင်းယု၊ မခိုင်စုလွင်၊ မအေးသက်သက်စိုး တို့ အား၎င်း
    (၁၄) ကားနှင့် တခြားဝေယျာဝစ္စများဖြင့် အကူအညီပေးသော ကိုမြတ်စိုး၊ ကိုတင်ထွန်းဆိုင်၊ ဦးဇော်ထွန်း (ချမ်းမြေ့ရိပ်သာ)၊ ကိုဟိန်းလတ်၊ ကိုရဲထွဋ်၊ ကိုတင့်လွင်၊ ကိုကျော်ဇေယျ၊ ကိုကျော်ကျော်ဘိုနှင့် တခြားမေတ္တာ ဖြင့်ကူညီကြသူ စေတနာရှင်များအား၎င်း၊
    (၁၅) ဆရာတော်များ၏ သံဃာ့ဝေယျာဝစ္စများကို ဆောင်ရွက်ပေးကြသော ဦးဝင်း၊ ကိုအောင်ဝင်း နှင့် ကိုထွန်းအောင် တို့ အား၎င်း
    (၁၆) တရားစခန်းဖြစ်မြောက်ရေးအတွက် သဒ္ဓါတရားထက်သန်စွာ ၀ိုင်းဝန်းကူညီလှူဒါန်းကြသူ အလှူရှင်များ၊ အားလပ်ရက်များအတွင်း လာရောက် ဝေယျာဝစ္စဆောင်ရွက်ပေးကြသူ လုပ်အား ကုသိုလ်ရှင်အားလုံး အား၎င်း
 
အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါသည်။
 
ဤကဲ့သို့  တဦးချင်း တယောက်ချင်းစီမှ အဓိကအရေးပါသော အခန်းကဏ္ဍများမှ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုတဦးချင်းစီ၏ ကူညီပံ့ပိုးမှုများမပါပဲ ဤတရားစခန်းအား အောင်မြင်စွာ ကျင်းပပြီးစီး နိုင်လိမ့်မည်မဟုတ်ကြောင်း အသိအမှတ်ပြု ပြောကြားလိုပါသည်။

မြစိမ်းတောင်တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ (စင်္ကာပူ)
 
(တရားစခန်းမှ ဓါတ်ပုံများကို ဒီနေရာတွင်  ကြည့်ရှု့ နိုင်ပါသည်။ မကြာမီ website တွင် တင်ပေးထားပါမည်။)