"နေရမယ့်အချိန်တွေလည်း နည်းသွားပြီ။
သေဖို့ကလည်းတနေ့ထက် တနေ့နီးနီးလာပြီဆိုတာမမေ့ကြပါနဲ ့။
ရခဲ့တဲ့လူဘဝကို ရပြီးခါမှ စားဝတ်နေရေးအလုပ်တွေနဲ့ပဲ
ဘဝတစ်ခုလုံးကို မကုန်လွန်ပါစေနဲ့။

ပညာရှိသူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ကြပါ။ သတိပဋ္ဌာန်တရားတွေ၊
သစ္စာတရားတွေကိုလည်း နာကြားကြပါ။
သံသရာက လွတ်မယ့် ကျွတ်မယ့် ဝိပဿနာအလုပ်ကို ဆင်ခြေအမျိုးမျိုးပေးပြီး
ရှောင်တိမ်းမနေပဲ လုပ်ဖြစ်အောင်လုပ်ကြပါ။

ဒါမှလူဖြစ်ရကြိုးနပ်မယ်။ သာသနာနဲ့ ကြုံရကျိုးနပ်မယ်။"

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

 

 
ဆရာတော်ဘုရား၏ထေရုပတ္တိ အကျဉ်း

ဆရာတော်၏  ငယ်နာမည် မှာ မောင်စိန်မင်း ဖြစ်သည် ။ ဘောလုံးကွင်းကျောင်းလမ်း၊ တိုက်ကြီးမြို ့၌ ဖခမည်းတော် ဦး ကြွက်နီ ၊ မယ်တော် ဒေါ်သန်းသန်း တို့မှ ၁၃၁၅ ခု တပို့တွဲလဆန်း (၁၃)ရက်၊ အင်္ဂါနေ့ တွင် မီးရှူး သန့်စင် ဖွား မြင် တော် မူ သော ( မွေးချင်း ၅ ဦးအနက်) သားဦးရတနာ ဖြစ် တော် မူသည် ။

တိုက်ကြီးမြို့လယ် ဘုရားကြီးကျောင်းဆရာတော် ဦးကိတ္တိဝရ ကို ဥပဇ္ချယ် ပြု ၍ ရှင်သာမဏေဖြစ်သည်။ ၁၃၄၃ ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ နံနက်(၉)နာရီ (၁၂)မိနစ် ၌ ဘုရားကြီးကျောင်းဆရာတော် ဦးကိတ္တိဝရ ဦးပဇ္ချယ် ပြု တော် မူ၍ မြင့်မြတ် သော ရဟန်း အ ဖြစ် ရောက် ရှိ တော် မူ လေ သည်။ ဥပဇ္ချယ်ဆရာတော်ကျောင်းတွင်(၂) နှစ် အခြေခံသင်ကြား၍ ဥက္ကံမြို့ ဘုရားကြီးကျောင်းတွင် (၁)ဝါ၊ သဒ္ဒါ၊ ဝိနည်း၊ သြင်္ဂိုလ် သင်ကြား ပါသည်။

ရဟန်းဝါ(၄)ဝါမှစ၍ ပထမမင်းကွန်းတောရတွင်(၁)လ၊ မဟာစည် သာသနာ့ရိပ်သာကြီးတွင် (၁)လ အား ထုတ်ပါသည်။ ရွှေရေးဆောင် ဆရာတော်ကြီးထံ တရားစစ်ခံရသည်။ တစ်လပြည့်သောအခါ မိထ္တီလာ တောင်ပုလုဆရာတော်ဘုရားကြီးထံတွင် ဓုတင်ဆောင်ပြီး(၆)လ အားထုတ်၍ တောင်ပုလု မိထ္တီလာမှပြန်လာပြီး လိမ္မော်ခြံ ကျေးရွာအရှေ့ဘက်ပြန် ့ကြီးတောထဲတွင်တောရ (၆)နှစ်ခန့် ဆောက်တည်၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ တောရဆောက်တည်ရာမှ(၁၀)ကြိမ် မက ဝင်ရောက် အားထုတ်လိုက်၊ တောရဆောက်တည်လိုက်နှင့် ဝိပဿနာ တရားများကို ကြိုးစားကျင့် ကြံအား ထုတ်ခဲ့ပါသည်။ မဟာစည် သာသနာ့ရိပ်သာကြီးတွင် တစ်ကြိမ်လျှင် (၄၅)ရက်နှင့် (၁၀)ကြိမ်မက အားထုတ်ခဲ့ပါ သည်။

ရွှေတောင်ကုန်း ဆရာတော်ကြီး လက်ထက် ဦးသာသနထံတွင် တရား စစ်ခံရပါသည်။ နောက်နှစ် တရားစခန်း ဝင်စဉ် မြစ်သားဆရာတော်၊ လေးမျက်နှာ ဆရာတော်၊ ဆရာတော် ဦးဇဋိလ တို့ထံတွင် ဆိတ်ငြိမ်(၆)လဝင်စဉ်က တရားအစစ်ခံရပါသည်။ ပထမအကြိမ် ဆိတ်ငြိမ်ဝင်စဉ် အားထုတ်စဉ်က ကြို့ပင် ကောက်ဆရာတော်ကြီး စစ်ဆေးပါသည်။ ရဟန်းဝါ (၁၀)ဝါကျော်ပြီးချိန်မှစ၍ မြစိမ်းတောင်ကျောင်း တာဝန် များကို ထမ်းဆောင်နေဆဲဖြစ်၍၊ မဟာစည် ရိပ်သာကြီးသို့ နှစ်စဉ် သွားရောက်နိုင်ခြင်း မပြုနိုင် သော်လည်း ကျောင်းရှိ သံဃာ၊ သီလရှင်၊ ယောဂီများအား မိမိ တတ်စွမ်းသ၍ ပဋိပတ် ကျင့်စဉ် များအား ဟောပြော ပြသ၍ မဟာစည် ဆရာတော်ဘုရားကြီး၏ နည်းနားနိဿယ အတိုင်း တရားရူမှတ်များအား သင်ကြားပေး၍ ယောဂီများအား တရား ရူမှတ် စေခဲ့ ပါသည်။ တစ်ဖက်ကလည်း ကျောင်းနှင့် ပတ်သတ်သော ဒါယကာ၊ ဒါယ ကာများ၏ သာရေး၊ နာရေးကိစ္ခများ ဆောင်ရွက်နေရသလို၊ တစ်ဖက်ကလည်း ဗုဒ္ဓမြတ်စွာ အဖဘုရား၏ အလိုတော်အတိုင်း သာသနာတော်ကြီး အရှည် တည်တံ့စေခြင်းငှာ ပဋိပတ္တိ သာသနာတော် ထွန်းကားပြန့် ပွားစေခြင်းငှာ သံဃာ၊ သီလရှင်၊ ယောဂီတို့တရားအားထုတ်မှု လမ်းမှန် တည့်စေရန် မိမိသိသ၍ အားသွန်ခွန်စိုက် တရားရှုမှတ်မှုများ ဟောပြောပြသ တိုက်တွန်း ဆောင်ရွက်လျှက် ရှိပါသည်။ မြစိမ်းတောင် ဆရာတော်ဘုရားသည် အများသူငါတို့ အပါယ်တံခါး ပိတ်ရေး၊ အများအကျိုးကို အချိန်ပြည့် မနားမနေ ဆောင်ရွက်နေသလို မိမိကိုယ်တိုင် လည်း မြတ်ဘုရား အဆုံးအမအတိုင်း ဤသံသရာဝဋ်မှ ကျွတ်ရေးအတွက် အများအကျိုးကို ဆထက်ထမ်း ပိုးသယ်ပိုးနိုင်ရေး အတွက် ပဋိပတ်အလုပ်တရားတွင် မွေ့လျော်စွာ ကျက်စားရင်း သာသနာ့တာဝန်များကို မနားမနေ ထမ်းဆောင်လျှက် ရှိပါသည်။

 

             
   (Share this page on Facebook
)

 

ဆက်စပ်ဓမ္မလင့်ခ်
မြစိမ်းတောင်မှ သာသနာ့အောင်လံ Click here