ပါရမီမြောက်တဲ့
      အမြတ်စားကုသိုလ်ဖြစ်အောင် -
      ပစ္စုပ္ပန်မှာ ‘အများအကျိုး’ ကို ဦးတည်ရမယ်။
      သံသရာမှာ ‘ဗောဓိဉာဏ်’ အတွက်ဖြစ်ရမယ်။
      ‘ကရုဏာ’ ရော၊ ‘ပညာ’ ရော ပါရမယ်။

      ‘ငါ’ ကောင်းစားရေးအတွက်
      ဦးတည်တာမျိုး မဖြစ်စေရဘူး။
      ‘ဒိဋ္ဌိ၊ တဏှာ’ ကိုပယ်ပြီးတော့
      ‘သတိ၊ ပညာ’ ဦးစီးတဲ့
      ‘သဒ္ဓါ၊ ပညာ’ ဦးစီးတဲ့
      ဒါန၊ သီလ၊ ဘာဝနာ မျိုးဖြစ်ရမယ်။
 
                    

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

                            "အထူးကျေးဇူးတင်ရှိခြင်း"

၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ရက်မှ ၁၄ရက်နေ့အထိ စင်္ကာပူနိုင်ငံ St. John's Island တွင် ကျင်းပခဲ့တဲ့ မြစိမ်း တောင်ဆရာတော် (၉)ရက် တရားစခန်းကြီးအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။
သဒ္ဓါ အားကောင်းကြတဲ့ ဗုဒ္ဓဘာသာ မြန်မာတွေ စုစည်းမိနေတဲ့ စင်္ကာပူမှာ ခွင့်ရက်ရှည်ယူကာ ဝိပဿနာတရား အားထုတ်မည့် သူတွေ များပြားသလို ယောဂီတွေ အစစ အရာရာ ပြည့်ပြည့်စုံစုံ အဆင်ပြေစွာ တရားအားထုတ်နိုင်ဖို့ လှူဒါန်းကြမည့် အလှူရှင်တွေ၊ အပင်ပန်းခံပြီး ဝေယျာဝစ္စ ဆောင်ရွက် လိုသူတွေလည်း မရှားပါဘူး။ အဲဒါကြောင့်ပဲ တရားစခန်း (၉)ရက်လုံးမှာ မျှော်လင့် ထားတာထက် အစစ အရာရာအဆင်ပြေခဲ့ပါတယ်။

တရားစခန်းတွင် ဒုလ္လဘရဟန်းယောဂီ (၁၁) ပါး၊ သီလရှင်ယောဂီ (၅)ပါး၊ အမျိုးသားယောဂီပေါင်း ၃၄ဦး နှင့် အမျိုးသမီး ယောဂီပေါင်း ၁၃၄ ဦး စုစုပေါင်း ယောဂီ (၁၈၄)ဦး အေးချမ်းစွာ တရား အားထုတ် နိုင်ခဲ့ပါတယ်။ ထိုယောဂီများထဲတွင် သြစတေးလျမှ တရားစခန်း လာရောက်ဝင်သူ (၂) ဦး၊ ဘရူနိုင်းမှ (၁)ဦး၊ မလေးရှားမှ (၄) ဦး၊ မြန်မာနိုင်ငံမှ (၅)ဦးအပါအဝင် စင်္ကာပူမှ အမျိုးသား၊ အမျိုးသမီး ယောဂီပေါင်း (၁၇၂) ဦး ပါဝင်ပါတယ်။

ထိုတရားစခန်းဖြစ်မြောက်ရေးအတွက်
(၁) မေတ္တာ၊ ဂရုဏာကြီးစွာဖြင့် မအားလပ်သည့်ကြားက အချိန်ပေးကာ စင်္ကာပူသို့ ကြွရောက် တရား ချီးမြှင့်ပြသ ပေးခဲ့တဲ့ မြစိမ်းတောင် ဆရာတော်အရှင်ဇာနေယျ၊ လက်ထောက် ဆရာတော်များ ဖြစ်ကြတဲ့ ဆရာတော် ဦးဥက္ကဌ၊ ဆရာတော် ဦးသိဒ္ဓိပုည၊ ဆရာတော် ဦးဉာဏဓဇ တို့အား၎င်း

(၂) ဒုလ္လဘရဟန်းခံပွဲနှင့် သီလရှင်ဝတ်ပွဲတို့အတွက် မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြသော မြန်မာ ဘုန်းတော် ကြီးကျောင်း (တိုပါးရိုး) မှ ဆရာတော်ဦးတိလောကသီရိ၊ ဦးဥဇ္ဖောတနှင့် ဆရာတော် သံဃာတော်များ၊ ချမ်းမြေ့ရိပ်သာမှ ဆရာတော် ဦးပညာသာရနှင့် အမှုကော်မတီဝင်များ၊ သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း မှ ဒေါ်ကေတုမာလာအား၎င်း

(၃) မည်သည့် အလုပ်ပိတ်ရက်မျှမရှိသော်လည်း ခွင့်ရက်ရှည်ယူကာ သဒ္ဓါတရားထက်သန်စွာဖြင့် ကြိုးစား အားထုတ်သွားကြတဲ့ ဒုလ္လရဟန်းယောဂီများ၊ သီလရှင်ယောဂီများ၊ အမျိုးသား အမျိုးသမီးများ ယောဂီများ အားလုံး။

(၄) တရားစခန်းအတွက် ရက်ရောစွာ ဝိုင်းဝန်းလှူဒါန်း ထောက်ပံ့ကြတဲ့ အလှူရှင်များအားလုံး၊

(၅) စနေ၊ တနင်္ဂနွေရက်များနဲ့ အလုပ်ပိတ်ရက် မဟုတ်တဲ့ရက်တွေမှာပါ ခွင့်တွေယူပြီး ယောဂီ စိတ်အေးချမ်းသာစွာ ပြည့်ပြည့်စုံစုံ တရားအားထုတ်နိုင်ရေး အဓိကထားပြီး ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးလိုတဲ့ စင်္ကာပူရောက် ဝေယျာဝစ္စပုဂ္ဂိုလ်များ အားလုံးအား၎င်း

အထူး သဖြင့် ၀၅-၀၇-၂၀၁၃ (တရားစခန်းအတွက် စတင်ပြင်ဆင်တဲ့နေ့) မှာ ခွင့်တွေယူပြီး တရားစခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဆွမ်းတဲ့အတွက် ချက်ပြုတ်မည့် စားသောက်ကုန် တွေကို တရားစခန်းကျင်းပရာ ကုန်းပေါ်သို့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဝိုင်းဝန်းကူညီ သယ်ပေးကြတဲ့ ၈၄ ဦး သော ဝေယျာဝစ္စ ကုသိုလ်ရှင်များအားလုံး၊
(၂၀၁၂ တရားစခန်းတုံးက ပစ္စည်းတွေပိုများပြီး လူ ၂၀၊ ၂၅ လောက်ထဲနဲ့ မနက် ၀၉း၀၀ ကနေ ည ၁၀း၀၀ နာရီလောက် အထိ တရားစခန်းအတွက် ပစ္စည်းတွေကို ခြေကုန် လက်ပန်းကျသည်အထိ ကုန်းပေါ်သယ်ယူခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဝေယျာဝစ္စဦးရေ ၈၄ယောက်အထိ လာရောက် ဝိုင်းဝန်း ကူညီကြတဲ ့ကျေးဇူးကြောင့် နေ့လည် ၂း၀၀ မထိုးခင်မှာတင် ပစ္စည်းတွေကို Camp ရှိရာ ကုန်းပေါ်သို့ တင်တဲ့ ကိစ္စပြီးသွားခဲ့ပါတယ်။)

(၆) တရားစခန်း အစမှ အဆုံး ဆွမ်းကိစ္စနဲ့ အချိုပွဲတွေကို အကောင်းဆုံး အပြည့်စုံဆုံး ဖြစ်အောင် ဦးဆောင် စီစဉ်ချက်ပြုတ်ပေးခဲ့တဲ့ ကိုမင်းဇင်ဦး အား၎င်း

(၇) ဆွမ်းစီစဉ်သူများဖြစ်တဲ့ ကိုကျော်အောင်၊ ဒေါ်သိဂီ ၤ၊ ဒေါ်ဥမ္မာစံ၊ မသန်းသန်းဌေး တို့ နှင့် ဝိုင်းဝန်းကူညီကြတဲ့ ဝေယျာဝစ္စ ဆောင်ရွက်ပေးကြသူ ပုဂ္ဂိုလ်များ အားလုံး အား၎င်း

(၈) တရားစခန်းပတ်သတ်သော အထွေထွေကိစ္စများကို တရားစခန်းမတိုင်မီနှင့် တရားစခန်း ကာလအတွင်း ပါ တောက်လျှောက်ကူညီသွားကြတဲ့ ဦးကျော်လွင် (Dhamma Download မိသားစု)၊ ကိုအောင်ကိုမြင့်၊ မထက်ထက်နိုင်၊ မအေးဇာလီ (Lotus)၊ ကိုအောင်ဝင်း (ကိုကျင်ဝှက်)၊ ကိုဝင်းထွန်းဆင့် (Lotus)၊ ကိုတိုးကြွယ်အောင်၊ ကိုမျိုးဝင်းရီ (Lotus)၊ ကိုလှမျိုးနိုင် (Lotus)၊ ကိုအောင်ပြည့်စုံအေး (Lotus)၊ မခင်ဆန်းသစ်၊ မခင်ခင်ဝင်း၊ မဇင်ဇင်ခိုင် (Lotus)၊ မရည်မွန်( Lotus) ၊ မအိအိအောင် (Lotus)၊ မယဉ်ထွေး (Lotus) တို့ အား၎င်း

(၉) မလေးရှားနိုင်ငံ ဂျဟိုးဘရူးမှ တကူးတက လာရောက်ကာ ဘာသာ သာသနာအတွက် တာဝန်ယူစိတ် အပြည့်ဖြင့် အားကြိုးမာန်တတ် ဝေယျာဝစ္စ ဆောင်ရွက်သွားကြတဲ့ သာသနာ့ ရောင်ခြည် အသင်း မှ ကိုနိုင်စိုးလင်း၊ ကိုဟန်မင်းဦး၊ ကိုဇော်လင်းထွန်း နဲ့ ကိုဗိုလ်သူ တို ့အား၎င်း

(၁၀) တရားစခန်းအစအဆုံး အသံဖမ်း၊ ဗီဒီယိုရိုက်ကူး စတာတွေကို တာဝန်ယူဆောင်ရွက်ပေးသွားတဲ့ ကိုတင်ထွန်းအောင်အား၎င်း

(၁၁) ဆရာတော်ဘုရားကြီး၏ ကပ္ပိယအဖြစ် မြန်မာပြည်မှ စင်္ကာပူအထိ လာရောက်ကူညီပေးသော ဦးသန်းလွင် (မြန်မာ့အသံ)နှင့် ကိုထင်ကျော် (နာယက၊ Lotus foundation) အား၎င်း

(၁၂) Camp အတွက် Booking လုပ်ပေးခြင်း၊ Saint John's Island Management နှင့် လိုအပ်သော အဆက်အသွယ် အစီအမံများကို ဆောင်ရွက်ပေးသော ကိုတင်ထွန်းဆိုင် အား၎င်း

(၁၃) ကားအကူအညီနှင့် ကားကူမောင်း ပေးကြသော ကိုမြတ်စိုး၊ ကိုချမ်းမင်း (Lotus)၊ ကိုလင်း၊ ကိုရဲထွဋ်၊ ကိုဇင်အောင်၊ ကိုဇေယျာ၊ ကိုဟိန်းလတ်နှင့် မနှင်းအိလွင် တို့အား၎င်း

(၁၄) အဖွဲ့အစည်းလိုက် လာရောက် လုပ်အားပေးကြတဲ့
(က) Dhamma Download မိသားစု (စင်္ကာပူ)၊
(ခ) Lotus foundation အသင်းသားများ (စင်္ကာပူ)၊
(ဂ) သာသနာ့ရောင်ခြည်အသင်း (မလေးရှား၊ ဂျဟိုးဘရူး)
(ဂ) ဓမ္မမောင်နှအဖွဲ့(စင်္ကာပူ)
(ဃ) မြတ်လယ်တီ (စင်္ကာပူ)
(င) Mettashin Foundation (စင်္ကာပူ) တို့အား၎င်း

(၁၅) လိုအပ်သော ပစ္စည်းများကို ငှားရမ်း သုံးစွဲခွင့်ပြုကြတဲ့ ချမ်းမြေ့ရိပ်သာ(စင်္ကာပူ)၊ တိုပါးရိုး ကျောင်းကြီး၊ ဗုဒ္ဓဂယာသုခါရာမကျောင်း၊ သတိပဋ္ဌာန်ရိပ်သာ (စင်္ကာပူ) တို ့အား၎င်း

(၁၆) ဆရာတော်များအား နေရေးထိုင်ရေး စိတ်အေးရအောင် သီတင်း သုံးခွင့်ပေးသော ချမ်းမြေ့ရိပ်သာ(စင်္ကာပူ)မှ ဆရာတော် ဦးပညာသာရနှင့် အမှုဆောင် ကော်မတီအဖွဲ့အား၎င်း

အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဤကဲ့သို့ တဦးချင်း တယောက်ချင်းအနေဖြင့်၎င်း သူငယ်ချင်းအဖွဲ့လိုက် ဖြင့်၎င်း၊ အဖွဲ ့အစည်း လိုက်အဖြစ်၎င်း စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ပရိပတ္တိ သာသနာတော်ကြီး စည်ပင်ပြန့်ပွားစေရေး၊ ယောဂီများ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်ရေး အတွက် အဓိကထားကာ ဝိုင်းဝန်း ကူူညီ ဆောင်ရွက်ခဲ့ကြပါတယ်။ ထို ဝေယျာဝစ္စဆောင်ရွက်ကြသူ ညီအကို၊ မောင်နှမများရဲ့ ကူညီ ပံ့ပိုးမှုများမပါပဲ ယခုတရားစခန်းအား အောင်မြင်အောင် ကျင်းပနိုင်လိမ့်မယ် မဟုတ်ကြောင်း ဝေယျာဝစ္စအဖွဲ့သားများ အားလုံးအား အသိအမှတ်ပြု ပြောကြား လိုပါတယ်။

တရားစခန်းအတွက် ပြုခွင့်ရခဲ့သော ကုသိုလ်အစုစုတို ့ကိုလည်း (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းအား အမျှပေးဝေပါတယ်။
ကျွနု်ပ်တို့နှင့် အမျှ ထပ်တူရကြပါစေ။

အမျှ...... အမျှ...... အမျှ...... ယူတော်မူကြကုန်လော့...
သာဓု.... သာဓု.... သာဓု.....

တရားစခန်းဖြစ်မြောက်ရေးအဖွဲ့


               
   (Share this page on Facebook
)

 

ဆက်စပ် လင့်ခ် .
၂၀၁၂ခုနှစ် မြစိမ်းတောင်ဆရာတော် တရားစခန်း (စင်္ကာပူ)  ဓါတ်ပုံများ Click here
၂၀၁၂ တရားစခန်း နှင့်ပတ်သတ်သော သဇင်မဂ္ဂဇင်းနှင့် အင်တာဗျူး (Click here to read)