ပါရမီမြောက်တဲ့
      အမြတ်စားကုသိုလ်ဖြစ်အောင် -
      ပစ္စုပ္ပန်မှာ ‘အများအကျိုး’ ကို ဦးတည်ရမယ်။
      သံသရာမှာ ‘ဗောဓိဉာဏ်’ အတွက်ဖြစ်ရမယ်။
      ‘ကရုဏာ’ ရော၊ ‘ပညာ’ ရော ပါရမယ်။

      ‘ငါ’ ကောင်းစားရေးအတွက်
      ဦးတည်တာမျိုး မဖြစ်စေရဘူး။
      ‘ဒိဋ္ဌိ၊ တဏှာ’ ကိုပယ်ပြီးတော့
      ‘သတိ၊ ပညာ’ ဦးစီးတဲ့
      ‘သဒ္ဓါ၊ ပညာ’ ဦးစီးတဲ့
      ဒါန၊ သီလ၊ ဘာဝနာ မျိုးဖြစ်ရမယ်။
 
                    

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

                            "အထူးကျေးဇူးတင်ရှိခြင်း"

၂၀၁၄ ခုနှစ် မေလ ၂ရက်မှ ၁၁ရက်နေ့အထိ စင်္ကာပူနိုင်ငံ St. John's Island မှာ ကျင်းပခဲ့တဲ့ မြစိမ်း တောင်ဆရာတော် (၁၀)ရက် တရားစခန်းကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။
သဒ္ဓါ အားကောင်းကြတဲ့၊ ဗုဒ္ဓဘာသာ မြန်မာတွေ စုစည်းမိနေတဲ့ စင်္ကာပူမှာ ခွင့်ရက်ရှည်ယူကာ ဝိပဿနာတရား အားထုတ်မည့် သူတွေ များပြားသလို ယောဂီတွေ အစစ အရာရာ ပြည့်ပြည့်စုံစုံ အဆင်ပြေစွာ တရားအားထုတ်နိုင်ဖို့ လှူဒါန်းကြမည့် အလှူရှင်တွေ၊ အပင်ပန်းခံပြီး ဝေယျာဝစ္စ ဆောင်ရွက် လိုသူတွေလည်း မရှားပါဘူး။

ခွင့်ရက်ရှည် မရလို့ တရားစခန်းမဝင်ဖြစ်ကြတဲ့ ယောဂီဟောင်း တော်တော်များများလည်း တတ်တတ်ကြွကြွနဲ့ တလှည့်ပြန်ပြီး ဝေယျာဝစ္စပြန်လုပ်ပေးကြတာကိုလည်း သတိထားမိပါတယ်။ အဲဒါကြောင့်ပဲ တရားစခန်း (၁၀)ရက်လုံးမှာ အစစ အရာရာအဆင်ပြေစွာနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

တရားစခန်းမှာ ဒုလ္လဘရဟန်းယောဂီ (၁၁) ပါး၊ သီလရှင်ယောဂီ (၁၃)ပါး၊ အမျိုးသားယောဂီပေါင်း ၂၇ ဦး နှင့် အမျိုးသမီး ယောဂီပေါင်း ၁၁၆ ဦး အချိန်ပြည့်ယောဂီ စုစုပေါင်း ယောဂီ (၁၆၇)ဦး နှင့် အချိန်ပိုင်း ယောဂီ (၃၅)ဦး၊ စုစုပေါင်း ယောဂီ ၂၀၂ဦး တရား အားထုတ် နိုင်ခဲ့ပါတယ်။

ထိုတရားစခန်းဖြစ်မြောက်ရေးအတွက်
(၁) မေတ္တာ၊ ဂရုဏာကြီးစွာဖြင့် မအားလပ်သည့်ကြားက အချိန်ပေးကာ စင်္ကာပူသို့ ကြွရောက် တရား ချီးမြှင့်ပြသပေးခဲ့တဲ့ မြစိမ်းတောင်ဘုရား ဆရာတော်အရှင်ဇာနေယျ နှင့် လက်ထောက် ဆရာတော်များ ဖြစ်ကြတဲ့ ဆရာတော် ဦးဥက္ကဌ၊ ဆရာတော် ဦးဉာဏဓဇ နှင့် ဆရာတော် ဦးကဝိန် တို့အား၎င်း

(၂) ဒုလ္လဘရဟန်းခံပွဲနှင့် သီလရှင်ဝတ်ပွဲတို့အတွက် မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြသော မြန်မာ ဘုန်းတော် ကြီးကျောင်း (တိုပါးရိုး) မှ ဆရာတော်ဦးတိလောကသီရိ၊ ဦးဥဇ္ဖောတနှင့် ဆရာတော် သံဃာတော်များ၊ လုမ္ဗနီ မြန်မာသီလရှင်ကျောင်းမှ ဒေါ်ကေသရစာရီတို့အား၎င်း

(၃) တရားစခန်းရက်တချို့ အမေရိကန်တွင်ပြုလုပ်မည့် မြစိမ်းတောင်ဆရာတော် တရားပွဲ၊ တရားစခန်းများနှင့် တိုက်ဆိုင်နေသည်ကို အဆင်ပြေအောင် ညှိနှိုင်းပေးသော အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စ္စကိုမြို့မှ ဦးစောထွန်း၊ ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများအား ၎င်း၊

(၄) မည်သည့် အလုပ်ပိတ်ရက်မျှမရှိသော်လည်း ခွင့်ရက်ရှည်ယူကာ သဒ္ဓါတရားထက်သန်စွာဖြင့် ကြိုးစား အားထုတ်သွားကြတဲ့ ဒုလ္လရဟန်းယောဂီများ၊ သီလရှင်ယောဂီများ၊ အမျိုးသား အမျိုးသမီးများ ယောဂီများ အားလုံး။

(၅) တရားစခန်းအတွက် သဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းလှူဒါန်း ထောက်ပံ့ကြတဲ့ အလှူရှင်များအားလုံး၊

(၆) စနေ၊ တနင်္ဂနွေရက်များနဲ ့ အလုပ်ပိတ်ရက် မဟုတ်တဲ့ရက်တွေမှာပါ ခွင့်တွေယူပြီး ယောဂီ စိတ်အေးချမ်းသာစွာ ပြည့်ပြည့်စုံစုံ တရားအားထုတ်နိုင်ရေး အဓိကထားပြီး လာရောက် ကူညီကြတဲ့ ် ဝေယျာဝစ္စ ညီအကိုမောင်နှမ များ အားလုံးအား၎င်း

(၇) တရားစခန်း အစမှ အဆုံး ဆွမ်းကိစ္စနဲ့ အချိုပွဲတွေကို အကောင်းဆုံး အပြည့်စုံဆုံး ဖြစ်အောင် အပင်ပန်းခံပြီး ဦးဆောင် စီစဉ်ချက်ပြုတ်ပေးခဲ့တဲ့ ကိုမင်းဇင်ဦး အား၎င်း

(၈) ဒုလ္လဘရဟန်းခံပွဲနှင့် ယောဂီများ အဆင်ပြေစွာ တရားခန်းသို့ သွားလာနိုင်ရေး အတွက် ကြိုပို့ကားများ စီစဉ်ပေးသော ကိုဝင်းထွန်းဆင့်၊ ကိုအောင်ပြည့်စုံအေး နှင့် ၊ သီလရှင်ဝတ်ပွဲတို ့အတွက် တာဝန်ယူ ဆောင်ရွက်ပေးသော မအိအိအောင် နှင့် မအိစပယ်ဖြူတို့အား၎င်း

(၉) ဆွမ်းစီစဉ်သူများဖြစ်တဲ့ ဒေါ်သိဂီ ၤ၊ မဆွေဆွေမြင့်၊ ကိုကျော်အောင်၊ ကိုဗလကြီး၊ မထိုက်ဝေလင်းနှင့်အဖွဲ ့၊ မမြသဲစု၊ မတင်တင်ခိုင်၊ မ Ruby တို့ နှင့် အလုပ်တတ်ရက်များပါ ခွင့်ယူ၍ ဝိုင်းဝန်းကူညီကြတဲ့ အမည်မဖော်ပြနိုင်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ပေးကြသူ ပုဂ္ဂိုလ်များနှင့်
မြန်မာပြည်မှ တကူးတက ရက်သမျှခွင့်ယူကာ လာရောက် လုပ်အားလာပေးသွားသော မအေးဇာလီတို့အား၎င်း

(၁၀) တရားစခန်းမတိုင်ခင်နှင့် တရားစခန်းတလျှောက်လုံး အပင်ပန်းခံကာ အတတ်ကြွဆုံး ကူညီခဲ့သော ကိုကြိုင်ဝှက်၊ ကိုမင်းသူရပို၊ ကိုဝင်းထွန်းဆင့် နှင့် ကိုသိန်းထွန်း၊ ကိုဇာနည်မွန် တို့အား၎င်း

(၁၁) တရားစခန်းပတ်သတ်သော အထွေထွေကိစ္စများကို တရားစခန်းမတိုင်မီနှင့် တရားစခန်း ကာလအတွင်း ပါလိုအပ်သမျှ အထွေထွေ ကိစ္စများကို မညီးမညူ ကူညီခဲ့တဲ့ မထက်ထက်နိုင်၊ မခင်ဆန်းသစ်၊ မဖြူစင်ကျော်၊ မနှင်းနှင်းယု တို ့အား၎င်း

(၁၂) အထူးသဖြင့် ၀၁-၀၅-၂၀၁၄ (တရားစခန်းအတွက် စတင်ပြင်ဆင်တဲ့နေ့) မှာ တရားစခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဆွမ်းအတွက် ချက်ပြုတ်မည့် စားသောက်ကုန် တွေကို တရားစခန်းကျင်းပရာ ကုန်းပေါ်သို့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဝိုင်းဝန်းကူညီ သယ်ပေးယူပြီး လိုအပ်တဲ့ ပစ္စည်းရွှေ့ ပြောင်းမှုများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးကြတဲ့

(i) ကိုသုဝေနှင့် မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ)
(ii) ကိုဟိန်းလတ်နှင့် မြေလတ်မိသားစု
(ii) ကိုကျော်သူရနှင့် PSA မြန်မာမိသားစု
(iv) ဓမ္မမောင်နှအဖွဲ့(စင်္ကာပူ)
(v) မြတ်လယ်တီ (စင်္ကာပူ)
(vi) Buggy Car အကူအညီပေးတဲ့ ကိုသက်ဇော်
(vii) သူငယ်ချင်း အဖွဲ့လိုက် လာရောက် ကူညီကြသော ကုသိုလ်ရှင် ညီအကိုမောင်နှမများ အားလုံး အား၎င်း

(၁၃) အခမ်းအနားပြင်ဆင်မှုနှင့် Audio Video Recording များအတွက် ပစ္စည်းရော၊ လူပါ ကူညီခဲ့တဲ့ ဦးကျော်လွင် (Dhammadownload) နှင့် Audio Video Recording & Editing နှင့် Media အတွက် လိုအပ်သမျှဆောင်ရွက်ပေးသာ ကိုအောင်ကိုမြင့် တို ့အား၎င်း

(၁၄) ဆရာတော်များ၏ ကပ္ပိယအဖြစ် မြန်မာပြည်မှ စင်္ကာပူအထိ အလုပ်မအားသည့်ကြားမှ လာရောက်ကူညီပေးသော ကိုထင်ကျော် (နာယက၊ Lotus foundation) နှင့် ဦးသန်းလွင် (မြန်မာ့အသံ) အား၎င်း

(၁၅) Camp အတွက် Booking လုပ်ပေးခြင်း၊ Saint John's Island Management နှင့် လိုအပ်သော အဆက်အသွယ် အစီအမံများကို ဆောင်ရွက်ပေးသော ပြုံးတရာဆင့်ရောင်းဝယ်ရေး ( Peninsula Plaza) မှ မရီတာနှင့် မပြုံးတို ့အား၎င်း

(၁၆) ကားအကူအညီ ပေးကြသော ကိုရဲထွဋ်၊ ကိုမြတ်စိုး၊ ကိုချမ်းမင်း (Lotus)၊ ကိုလင်း၊ ကိုနန်းဝင်း (မြေလတ်မိသားစု)၊ ကိုမင်းထော်၊ ကိုမျိုးမင်းသိမ်း၊ ကိုမျိုးအောင်စန်း၊ ကိုကျော်စွာ တို့နှင့် ကားစီစဉ်ပေးသော ကိုထွန်းထွန်းနိုင် (မြတ်လယ်တီ) နှင့် မိတ်ဆွေများ အား၎င်း

(၁၇) လိုအပ်သော ပစ္စည်းများကို ငှားရမ်း သုံးစွဲခွင့်ပြုကြတဲ့ တိုပါးရိုး ကျောင်းကြီး၊ သတိပဋ္ဌာန်ရိပ်သာ(SMC)၊ ဗုဒ္ဓဂယာသုခါရာမကျောင်း(MBS)၊ သစ္စာပါရမီ ကျောင်း တို့အား၎င်း

(၁၈) ကြားရက်များတွင်လည်း အဖွဲ့အစည်းလိုက် လာရောက် လုပ်အားပေးကြတဲ့
(i) Lotus foundation အသင်းသားများ (စင်္ကာပူ)၊
(ii) ဓမ္မမောင်နှအဖွဲ့(စင်္ကာပူ)
(iii) မြတ်လယ်တီ (စင်္ကာပူ)
(iv) Mettashin Foundation (စင်္ကာပူ)
(v) PSA မြန်မာမိသားစု တို့အား၎င်း

(၁၈) ဆရာတော်များအား နေရေးထိုင်ရေး အတွက် လှူဒါန်း စီစဉ်ပေးကြသော ကိုတင်ထွဋ်+ မမွှေး၊ ကိုမြတ်စိုး+ မတင့်တင့်ရီနှင့် ကိုညိုအောင်ခင်+ မဆွေဆွေမြင့် တို့အပြင်

(၁၉) တရားစခန်းအတွက် လူအား၊ ငွေအား၊ အကြံဉာဏ်တို့ဖြင့် ကူညီခဲ့ကြသည့် နာမည် မဖော်ပြဖြစ်သောဓမ္မမိတ်ဆွေများနှင့်၊ ဖော်ပြခဲ့သော ကုသိုလ် ပါရီမီပြည့်ဖက် ဓမ္မမိတ်ဆွေ အပေါင်းအား အထူးကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဤကဲ့သို့ ဓမ္မမိတ်ဆွေ အားလုံး၏ ကူညီ ပံ့ပိုးမှုများကြောင့် တရားစခန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
စင်္ကာပူရှိ ဗုဒ္ဓဘာသာမြန်မာ များရဲ့ အများအကျိုုးဆောင်လိုမှု၊ ညီညွတ်မှု၊ စုစည်းမှု၊ အနစ်နာခံဆောင်ရွက်နိုင်မှုတို့ကို ထင်ဟပ်တဲ့ ပြယုဂ်တခု လည်းဖြစ်ပါတယ်။
ထိုပုဂ္ဂိုလ်များအားလုံးရဲ့ အကူအညီများ မပါပဲ ယခုတရားစခန်းအား အောင်မြင်အောင် ကျင်းပနိုင်လိမ့်မယ် မဟုတ်ကြောင်း တရားစခန်းနှင့် ပတ်သတ်သမျှ ပုဂ္ဂိုလ်များအား လုံးအား အသိအမှတ်ပြု ပြောကြား လိုပါတယ်။

ထိုအပြင် တရားစခန်းအတွက် ပြုခွင့်ရခဲ့သော ကုသိုလ်အစုစုတို့ကိုလည်း (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းအား အမျှပေးဝေပါတယ်။
ကျွနု်ပ်တို့နှင့် အမျှ ထပ်တူရကြပါစေ။

အမျှ...... အမျှ...... အမျှ...... ယူတော်မူကြကုန်လော့...
သာဓု.... သာဓု.... သာဓု.....


               
   (Share this page on Facebook
)

 

ဆက်စပ် လင့်ခ် .
၂၀၁၂ခုနှစ် မြစိမ်းတောင်ဆရာတော် တရားစခန်း (စင်္ကာပူ)  ဓါတ်ပုံများ Click here
၂၀၁၂ တရားစခန်း နှင့်ပတ်သတ်သော သဇင်မဂ္ဂဇင်းနှင့် အင်တာဗျူး (Click here to read)