ဆရာတော်ဦးဥက္ကဌ၏ ထေရုပတ္တိအကျဉ်း

 


ဆရာတော်၏ ငယ်နာမည် မှာ မောင်မျိုးမြတ် ဖြစ်သည် ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ၌ ခမည်းတော် ဦးကျော်အေး (အငြိမ်းစား လ/ထ ကထိက၊ မြန်မာစာဌာန၊ ရန်ကင်း ဆရာအတတ်သင်တက္ကသိုလ်)နှင့် မယ်တော် ဒေါ်တင် တင်ဦး တို့မှ ၁၃၂၇ ခု နတ်တော်လဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့  (၅-၁၂-၁၉၆၅) တွင် မီးရှုးသန့် စင် ဖွား မြင် တော် မူ သော ( မွေးချင်း ၄ ဦးအနက်) သားဦးရတနာ ဖြစ် တော် မူပါသည် ။ လယ်တီဆရာ တော်ဘုရားကြီး၏ တီတော် ပါသည်။ ၁၉၉၀ မှ ၁၉၉၅ ခုနှစ်အထိ မလေးရှားနိုင်ငံ တွင်လည်း ကောင်း ၁၉၉၇မှ ၁၉၉၉ အထိ ဘရူးနိုင်းနိုင်ငံတွင် လည်းကောင်း အလုပ်လုပ်ခဲ့ဖူးပါသည်။ ၂၀၀၀ ခုနှစ် တွင် မြန်မာပြည်သို့ ပြန်လာ၍ နောက်ဆုံးနှစ်ကို ပြန်တက်ကာ B.A(Eco) ဘွဲ့ ကို ရယူခဲ့ပါသည်။ ၁၃၆၃ခု ၊ ကဆုန်လပြည့်ကျော် (၁၃)ရက် (၁၉-၀၅-၂၀၀၁) ၌ မြန်အောင်မြင်ဝကျောင်း၊ ဦးပညာသီဟာလင်္ကာရ ထံတွင် ဦးပဇ္ချယ် ပြု တော် မူ၍ မြင့်မြတ် သော ရဟန်း အ ဖြစ် ရောက် ရှိ တော် မူ သည်။

ဖားအောက်တောရ မော်လမြိုင်တွင် လေးလခန့် တရားအားထုတ်ခဲ့သည်။ ရဟန်း(၂)၀ါအရ (၁၃၆၅)တွင် မှော်ဘီချမ်းမြေ့တွင် ၀ါဆို၍ ၅လခန့်  အားထုတ်ပါသည်။ ထို့ နောက် ၁၃၆၅မှ ၁၃၇၃ထိ တိုက်ကြီး မြို့ ၊ လိမ္မော်ခြံ ကျေးရွာရှိ မြစိမ်းတောင်ဆရာတော်ဘုရားကြီး၏ ရိပ်သာတွင် သီတင်းသုံး နေ ထိုင်ရင်း မကြာခဏတောရ ဆောက်တည်ကာ တရားအားထုတ် ပါသည်။ ထို့ ပြင် မြစိမ်းတောင် ဆရာတော် ဘုရားကြီးအား တဖက်တလမ်းမှကူညီကာ တရားဟော၊ တရားစစ် တာဝန်ယူလျှက် ယောဂီများကို တရားပြပေးပါသည်။ ၁၃၇၄ ခုနှစ်မှစတင်၍ တိုက်ကြီးမြို့နယ်၊ သရက်ချောင်း ကျေးရွာ အုပ်စု ဇီးဖြူကုန်း ကျေးရွာတွင် ကျောင်းထိုင်၍ ယခုချိန်ထိ တရားပြလျှက်ရှိပြီး မြစိမ်းတောင် ဆရာတော်ဘုရားကြီးနှင့် ပြည်တွင်း၊ ပြည်ပတရားစခန်းများသို့ လည်း လိုက်ပါတရားပြရင်း သာသနာပြုလုပ်ငန်းများကို ထမ်း ဆောင်လျှက် ရှိပါသည်။

ဆရာတော်ဦးဥက္ကဌအား ဖူးတွေ့လို၍ ဖြစ်စေ၊ တရားအားထုတ်မှုနှင့် ပတ်သတ်ပြီး မေးမြန်း လျှောက် ထား လို၍ ဖြစ်စေ၊ အလှူဒါနတခုခု သင့်တော်ရာ ပြုလုပ်လို၍ဖြစ်စေ ဆရာတော်၏ကျောင်းသို့  သွား ရောက်လို၊ ဆက်သွယ်လိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည်။


ဆက်သွယ်ရန်။ ။
ကျောင်းဖုံး - ၀၉-၇၃၂၃၂၇၅၀
ဆရာတော်ဖုံး - ၀၉-၄၂၁၀၅၉၉၄၁