ရေဥပမာတရားတော် (တတိယပိုင်း)
(ဓမ္မမှတ်စုများ-၈)
ကဲ ဒုတိယပုဂ္ဂိုလ် သွားရအောင်။ ဒုတိယပုဂ္ဂိုလ်က
လူ့ပြည်တော့ ရောက်လာပါတယ်။ လူ့ပြည်ရောက် လာ ပြီးတော့
တရားလည်းမနာ၊ တရားလည်း အားမထုတ်တော့ သူရဲ
့သဒ္ဓါတရားတွေဟာ ရပ်တန့်လည်း မနေဘူး။ အမြဲတမ်း
လဆုတ်ပက္ခလို အမြဲတမ်း ဆုတ်ယုတ်နေတယ်။
တချို့ တချို့မိသားစုတွေ တချို့လူတွေ ကြည့်ပါလား။
ဟိုတုန်းက အတိတ်က ကုသိုလ်ကံကြောင့်
ကောင်းကောင်းမွန်မွန် ချမ်းချမ်းသာသာလေးတော့
နေကြပါတယ်ဗျာ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ ဆဆ နဲ့
အာရုံငါးပါး ကာမဂုဏ်တရားတွေပဲ လိုက်စားနေတော့
အသက်ကြီးလာလေ သဒ္ဓါ လျော့လာလေ၊ အသက်ကြီးလာလေ ကိလေသာတွေ
သောင်းကျန်းပြီးတော့ သဒ္ဓါလျော့ လာလေ။ အဲလို
လူမျိုးတွေလည်း မရှိဘူးလား။ (ရှိပါတယ်ဘုရား။) အဲဒါ
ခဏနေတာ၊ လူ့ပြည် မှာ ခဏနေတာ။ တော်ကြာ အပယ်ရောက် အုံးမယ်
သူလည်း။ သူလည်း ကျိန်းသေအပါယ် ရောက် မယ့် ပုဂ္ဂိုလ်ပဲ။
သူ့ရဲ့ အတိတ်က ကုသိုလ်ကံလေး မကုန်ရင်တော့ နောက်တခါ
ထပ်ပြီး လူဖြစ်ချင် ဖြစ်မယ်ပေါ့ဗျာ။ အတိတ်က
လုပ်ထားတဲ့ ကုသိုလ်လေးက ပါသေးတာကိုး။ အဲဒီတော့
သူပစ္စပ္ပုန်မှာ သ့ူသဒ္ဓါတရားက အမြဲ တမ်း လျော့နေတယ်။
သဒ္ဓါတွေ လျော့တယ်ဆိုတော့ ဝီရိယလျော့တယ်၊ သတိလျော့တယ်၊
သမာဓိ လျော့တယ်၊ ပညာလျော့တယ်။ သူတိုးနေတာ
ဘာတိုးနေလဲဆိုတော့ ကိလေသာပဲ တိုးလာတယ်။ လော ဘတိုး လိုက်၊
ဒေါသတိုးလိုက်၊ မောဟတိုးလိုက်။ အတိတ်တုန်းက
အကျိုးပေးတာကို သူက တရားဘက် ကို အသုံးမချပဲနဲ့
ကိလေသာဘက် အသုံးချတယ်။ ကိလေသာဘက် အသုံးချတော့
နေ့တိုင်းနေ့တိုင်း ကိလေသာတိုးပြီးတော့ သဒ္ဓါ၊ ပညာတွေဟာ
ဆုတ်ယုတ်သွားတယ်။
သဒ္ဓါ၊ ပညာတွေ ဆုတ်ယုတ်တယ်ဆိုတော့ သူတော်ကောင်းတို့
ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာ များမတုန်း။
(အကုသိုလ်များပါတယ်ဘုရား။) အေး… အကုသိုလ်များတဲ့
ပုဂ္ဂိုလ်ကတော့ သေရင် အဲဒါ အပါယ်ဘဲ သူလည်းဘဲ။ သူကတော့
အဝီစိတော့ မဟုတ်ဘူးပေါ့၊ ခုနက ကံကြီးနှစ်ခု မထိုက်လို့
နိယတ မိစ္ဆာဒိဋ္ဌိကံတို့၊ နောက်တခါ ပဉ္စာနန္တရိယကံတို့
အဲဒီကံတွေ လွတ်လို့ရှိရင် သိဉ္ဖိုဝ်းငရဲတို့၊ ကာလသုတ်၊
ယောရုဝတို့ ဒါမျိုးတွေ ကျနိုင်တယ်ပေါ့။
အဲ… သူက သဒ္ဓါတရားတွေ ဆုတ်ယုတ်တယ်တဲ့ ယောဂီတို့။
ယောဂီတို့ကျတော့ သဒ္ဓါတရားတွေ တိုးမနေဘူးလား။
(တိုးနေပါတယ်ဘုရား။) အဲဒါ ကိုယ်နဲ့ချိန်ကြည့်ရတယ်။
သဒ္ဓါတရားဆုတ်ယုတ်တဲ့ ပုဂ္ဂိုလ်တွေ ယောဂီတို့
လှမ်းကြည့်ရင် မတွေ့နိုင်ဘူးလား။
(တွေ့နိုင်ပါတယ်ဘုရား။) ကိုယ့်ပတ်ဝန်းကျင်မှာ
အများကြီးရှိပါတယ်။ သဒ္ဓါတရားဆုတ်ယုတ်နေတဲ့
ပုဂ္ဂိုလ်တွေ။ ပျော်ပွဲရွှင်ပွဲဘဲ သွားတယ် တချို့။
ဆံပင်တွေ ဘာတွေ ဖြူဖြတ်ပြီး ခါးတွေဘာတွေတောင်
ကုန်းနေပြီ။ အဲဒါ ပျော်ပွဲရွှင်ပွဲဘဲ ပျော်ပွဲရွှင်ပွဲဘဲ
အဲဒါ နားထောင်လိုက် ကြည့်လိုက် အဲဒါဘဲ လုပ်နေတာဘဲ။
တရားနာဖို့ တရားအားထုတ်ဖို့ စိတ်ကိုမပါဘူး။ တရားနာဖို့
တရားအားထုတ်ဖို့ဆို ထွက်ပြေးရော။ အဲဒါ
သူနဲ့မတည့်ဘူးလေ။ အဲဒါမျိုးတွေ မရှိဘူးလား။
သဒ္ဓါတရားဟာ လဆုတ်ပက္ခလို အမြဲတမ်း ဆုတ်ယုတ်နေတယ်။
လောကီပညာတတ်တာနဲ့ မဆိုင်ဘူး။ သူဟာသူ ဘာဘွဲ့ဘဲရရ။
သဒ္ဓါနဲ့ပညာ တဖြည်းဖြည်း ဆုတ်ယုတ်နေတယ်။ သူတတ်ထားတဲ့ပညာ
သူရထားတဲ့ စည်းစိမ် ဥစ္စာတွေဟာ ကိလေသာအတွက်ချည်းဘဲ၊
တရားအတွက် ဘာမှမပါဘူး။ ဒါနလည်း မပြုဘူး၊ သီလလည်း
မဆောက်တည်ဘူး၊ ဘာဝနာလည်း မပွားများဘူး။ ပျော်မယ်ပါးမယ်
ခံစားမယ်၊ ပျော်မယ်ပါးမယ် ခံစားမယ်။ စားဖို့သောက်ဖို့
အလုပ်လုပ်မယ်၊ ခံစားမယ်၊ သူ့အလုပ်က အဲဒါဘဲ။ အဲဒီလို
သဒ္ဓါတရားဆုတ်ယုတ်တဲ့ ပုဂ္ဂိုလ်မျိုးဟာ
အတိတ်ကံလေးရှိရင်တော့ ထပ်ပြီး လူ၊ နတ်
ဖြစ်ချင်ဖြစ်မယ်။ အတိတ်ကကံ မကုန်သေးရင်ပေါ့ဗျာ။ အဲ
အတိတ်ကကံ ကုန်ပြီဟေ့ ဆိုရင်တော့ ဘယ်ရောက်မယ်။
(အပယ်လေးပါးကို ရောက်မှာပါဘုရား။) အဲဒါ ပေါ်ပြီးတော့
မြုပ်မယ့် ပုဂ္ဂိုလ်တဲ့။ ဒုတိယ ပုဂ္ဂိုလ်က
ဘယ်လိုပါလိမ့်။ (ပေါ်ပြီးတော့ မြုပ်မယ့်
ပုဂ္ဂိုလ်ပါဘုရား။)
အဲ.. ကိုယ့်ကိုယ်ကို ဆန်းစစ်ရမယ်။ ဒို့ဘယ်ထဲများ ပါသလဲ
ဆိုတာ။ ပထမ ပုဂ္ဂိုလ်ထဲတော့ မပါဘူး။ မပါ လို့
တရားနာတာပေါ့။ အယူအဆတွေမှားနေရင် ကဲ နာချင်ပါ့မလား။
မနာချင်ပါဘူး ဘုရား။ ဒုတိယ ပုဂ္ဂိုလ်ထဲလည်း မပါဘူးဗျ။
ဒုတိယ ပုဂ္ဂိုလ်လည်း သဒ္ဓါတရားခေါင်းပါးတဲ့ ပုဂ္ဂိုလ်က
လာပါဆို လာပါ့မလား။ (မလာပါဘူး ဘုရား။)
တရားတွေဟောကြားမယ်၊ တရားတွေထိုင်မယ်၊ ဟာ ဒီအချိန်ည
အိပ်ကောင်းတဲ့ အချိန် ဘယ်လာနိုင်မလဲ။ မနက်အစောကြီးလည်း
အိပ်တာဘဲ၊ နေ့ခင်းလည်း အိပ်တာဘဲ၊ မိုးမချုပ်သေးခင်လည်း
အိပ်ပျော်နေပြီ၊ သန်းခေါင်ဆို တုပ်တုပ်တောင်
မလှုပ်တော့ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးက တရားနာဖို့၊
တရားအားထုတ်ဖို့ ရပါတော့မလား။ (မရပါဘူး ဘုရား။)
အဲ.. အခု ယောဂီတို့က သူများအိပ်တဲ့အချိန်မှာ တရား
အားထုတ်နေတယ်။ ၁၂ နာရီခွဲ တစ်ချက် ခွဲဆိုတာ
အိပ်ကောင်းတဲ့ အချိန် ဟုတ်တယ် မဟုတ်လား။ အိပ်ကောင်းတဲ့
အချိန်မှာ အားထုတ် တယ် ဆိုတော့ ယောဂီတွေက ဒါ အင်မတန်
သဒ္ဓါတရားကောင်းလို့။ ဒါ ကိုယ့်ကိုကိုယ်
ချိန်ကြည့်ရမယ် နော်။ သဒ္ဓါတရား တစ်ပြားသားမှ မရှိပဲနဲ့
လုပ်နိုင်ပါ့မလား။ (မလုပ်နိုင်ပါဘူး ဘုရား။)
ဒါမလုပ်လည်း ရတာပဲ၊ ဘယ်သူမှ တရားစွဲတာမှ မဟုတ်ပဲ
ဟုတ်တယ်မလား။ ကိုယ့်အိမ်ကိုယ် အိပ်နေတာ ဘယ်သူက
တရားစွဲရမှာလဲ၊ အိပ်နေလို့ရတာပဲ။ တကယ့်ကို သံဝေဂတွေ
ရှိပြီး တကယ့်ကို သဒ္ဓါတရားနဲ့ ဟာ ဒီအလုပ်က
လုပ်ကိုလုပ်သင့်တယ်ဟေ့၊ အရေးကြီးတဲ့အလုပ်ပဲ
လုပ်ကိုလုပ်ရမယ်။ အိပ်တာ တစ်သံသရာ လုံး အိပ်နေတာဘဲ
ကြိုးစားမယ်ဟေ့ ဆိုတော့ ကြိုးစားတော့ ဟော
ဝိပဿနာတရားတွေ မရဘူးလား ဗျာ။ (ရပါတယ် ဘုရား။)
အဲဒါသဒ္ဓါတရား တိုးတက်တဲ့ ပုဂ္ဂိုလ်ပေါ့။
ဒုတိယပုဂ္ဂိုလ်က သဒ္ဓါတရား ဆုတ်ယုတ်တဲ့ ပုဂ္ဂိုလ်ပြောတာ
ဟုတ်လား။ ကဲ.. တတိယ ပုဂ္ဂိုလ်သွားရ အောင်။ တတိယပုဂ္ဂိုလ်က
သဒ္ဓါတရား ဆုတ်လည်းမဆုတ်ဘူးတဲ့၊ တိုးလည်း မတိုးဘူးတဲ့
ယောဂီတို့။ အဲ တော့ ဘယ်လိုနေမလဲ။ (တန့်နေပါတယ်ဘုရား။)
သဒ္ဓါတရားက တန့်နေတယ်တဲ့။ သဒ္ဓါတရားက ရပ်တန့် နေတယ်။
ယောဂီတို့ ရေလယ်ခေါင်မှာ ရပ်တန့်နေရင် ကြာရင်
ဘယ်လိုနေမလဲ။ (မြုပ်မှာပါ ဘုရား။)
အေး အဲဒါကလည်း သိအုံးမှ ယောဂီတို့ ။ ရေပေါ်မှာ အခု
မျောနေတယ် သူက။ သူက ကုသိုလ် ကောင်း မှုတော့
လုပ်ပါတယ်တဲ့ ယောဂီတို့။ ကုသိုလ်ကောင်းမှု
ဒါနတွေလည်းလုပ်တယ်၊ သီလတွေလည်း ဆောက်တည်တယ်
လုပ်ပါတယ်တဲ့။ သူက ဒါပေမယ့် ကမ်းကိုမရှာဘူး။
ဒီကုသိုလ်ကောင်းမှုကို သူလုပ် တာက ခံစားဖို့
လုပ်တာကိုးဗျ။ ခံစားဖို့ လုပ်တာ ခံစားဖို့။
လူစည်းစိမ်၊ နတ်စည်းစိမ် အဲခံစားဖို့အတွက် သူကလုပ်တာ။
ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင် ခံစားရမယ်ဟေ့
နောက်ဘဝချမ်းသာမယ်။ နောက်ဘ၀ ကောင်းကောင်း ခံစားရမယ်၊
စံစားရမယ်။ ကုသိုလ်တော့ လုပ်တယ်နော်။
ကုသိုလ်လုပ်ပေမယ့် သူဟာ ကမ်းကို ရှာရဲ့လား။
(မရှာပါဘူးဘုရား။)
အဲ… ကမ်းကိုမရှာပဲနဲ့ ဒိုက်ဖတ်တွေ၊ တုံးတွေ၊
တိုင်တွေပေါ်မှာ တက်အိပ်ပြီးတော့ လေလေးချွန်ပြီးတော့
သီချင်းဆိုပြီးတော့ မျောပါသွားတော့ သူကတော့
သက်သာတာပေါ့ဗျာ။ ကမ်းမှမရှာတာ ကမ်းမရှာ တဲ့သူက
ကုသိုလ်လောက်ပဲ လုပ်တဲ့သူဟာ သက်သာတယ်နော်
သူတော်ကောင်းတို့။ ဘာဖြစ်လို့ သူဟာ ကမ်းကို
မရှာတာလဲဆိုတာ ယောဂီတို့ စဉ်းစားကြည့်ရအောင်။ သူ့မှာ
အမြော်အမြင်မရှိဘူး။ အမြော် အမြင်မရှိတဲ့
အတွက်ကြောင့်မို့ အေးအေးဆေးဆေး နေနိုင်တာပေါ့။
ဒါပေမယ့် မျောပါသွားလို့ရှိရင် ယောဂီတို့ ဒီမြစ်ဟာ
တဖြည်းဖြည်း တဖြည်းဖြည်း မျောရင်းနဲ့ ဘယ်ရောက်မလဲ။
(ပင်လယ်ထဲ ရောက်မှာ ပါဘုရား။) ဟာ... ပင်လယ်ရောက်ကာမှ
ကူးလို့ရပါတော့မလား။ (မရပါဘူးဘုရား။) အဲဒါကို
သူသိလို့ လားမသိလို့လား။ (မသိလို့ပါဘုရား။)အေး.အဲဒါကြောင့်မိုလို့ မရှိတာထက် (မသိတာ
ခက်ပါတယ်ဘုရား)။
မသိတာက အဝိဇ္ဇာဘဲ သူတော်ကောင်းတို့။ အမှန်တရား
မှန်သမျှကို မသိအောင် ဖုံးထားတယ်။အဝိဇ္ဇာ ရဲ့လက်ချက်။
အပဋိပတ္တိအဝိဇ္ဇာတဲ့ အမှန်တရားကို မသိအောင် အကုသိုလ်ကို
အကုသိုလ်မှန်း မသိအောင်၊ ကုသိုလ်ကို
ကုသိုလ်မှန်းမသိအောင် ဖုံးထားတာ။ ဘယ်သူပါလိမ့်။
(အဝိဇ္ဇာပါဘုရား။) မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာတဲ့ သူက
အကုသိုလ်ကို ကုသိုလ်လို့ထင်တယ်၊ ကုသိုလ်ကို
အကုသိုလ်လို့ထင်တယ် ပြောင်းပြန် ထင်အောင် လုပ်တယ်။
အဲဒါလဲ ဘယ်သ့ူ လက်ချက်ပါလိမ့်။ (အဝိဇ္ဇာရဲ
့လက်ချက်ပါဘုရား။) အဝိဇ္ဇာဟာ အင်မတန်မှပဲ သတ္တဝါတွေကို
ဒုက္ခရောက်အောင် လုပ်တဲ့နေရာမှာ အင်မတန် ကျွမ်းကျင်တယ်။
ဒါ အကု သိုလ်ပဲလို့ မသိအောင်လည်းပဲ ဖုံးထားတယ်။
အကုသိုလ်ကို အကုသိုလ်မှန်း မသိဘူး။ သူတော်ကောင်း တို့
လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်နေတာ ကုသိုလ်လား၊
အကုသိုလ်လား။ (အကုသိုလ်ပါ ဘုရား။) တရားမနာ၊
တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒါအကုသိုလ်လို့ သိပါ့မလား။
(မသိပါဘူးဘုရား။) သူများအိမ်တက်ခိုးမှ
အကုသိုလ်လို့အောက်မေ့တာ။ ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ
ဖြစ်နေတာ ဒါအကုသိုလ်ပဲလို့ ဝိပဿနာ တရားမနာတဲ့ ပုဂ္ဂိုလ်
သိပါ့မလား။ (မသိပါဘူးဘုရား။) မသိတာက အဝိဇ္ဇာပေါ့။
အကုသိုလ်ကို အကုသိုလ်မှန်း မသိအောင် လုပ်ထားတယ်။
ယောဂီတို့ အခုရှုမှတ်နေတဲ့ ဖောင်းတယ်၊ ပိန်တယ်၊
ထိုင်တယ်၊ ထိတယ်၊ မြင်တယ်၊ ကြားတယ်၊ နာရင်လည်း နာတယ်၊
ကိုက်ရင်လည်း ကိုက်တယ် ယောဂီတို့။ ဒီမှာ ဦးရေဝတ
သင်ပေးတော့ မမှတ်ရဘူးလား။ မှတ်ရပါတယ် ဘုရား။ အဲဒါဘာမှ
တရားမနာတဲ့ ပုဂ္ဂိုလ်က ဒါကုသိုလ်ပဲလို့ သိပါ့မလား။
(မသိပါဘူးဘုရား။) မဏ္ဍပ်ကြီး ဆောက်ပြီးတော့
လော်စပီကာကြီးနဲ့ အော်မှ ကုသိုလ် အောက်မေ့နေတာကိုးဗျ။
ကြွားမှဝါမှ ကုသိုလ် အောက်မေ့နေတာ။ ဒါ ရှုမှတ်နေတာ
ကုသိုလ်ဗျ။ ဒါနထက်မြတ်တယ်၊ သီလထက် မြတ် တယ်၊
သမထထက်မြတ်တယ်၊ ဝိပဿနာအမြတ်ဆုံး။ အဲဒါကို ကုသိုလ်ကို
ကုသိုလ်မှန်းလည်း မသိဘူး။ ဘယ်သူ ဖုံးထားပါလိမ့်။
(အဝိဇ္ဇာက ဖုံးထားတာပါဘုရား။)
ဟော နောက်တခါ သူကလာပြန်ပြီ မိစ္ဆာပဋိပတ္တိ ဆိုတာ။
အကုသိုလ်ကို ကုသိုလ်လို့ထင်တယ်တဲ့။ ယောဂီတို့
လုပ်ကိုင်၊ စားသောက်နေတယ်ဆိုတာ တဏှာနဲ့
လုပ်တာမဟုတ်လား၊ ဝိပဿနာနယ်ကို ပြောမလို့နော်။
သို့သော်လည်းဘဲ သစ္စာတရား မနာတဲ့ ပုဂ္ဂိုလ်က ဟာ လူဆိုတာ
ဒီလိုလုပ်ရမှာပဲ လူဆိုတာ ဒီလို သမ္မာအာဇီ၀
လုပ်ရမှာပေါ့ကွ။ ဘယ် ဒီလိုမှ မလုပ်ရင် ဘယ်သူက
ကျွေးမှာလဲ။ လောက နယ်ကတော့ အဲဒီလိုပြောမှာပေါ့ ဟုတ်တယ်
မဟုတ်လား။
ကဲ တရားနယ်က ကြည့်ရအောင်။ လောဘတွေ နေ့တိုင်းနေ့တိုင်း
တိုးနေတယ် ဆိုတော့ ကုသိုလ် တိုးနေတာလား၊ အကုသိုလ်
တိုးနေတာလား။ အကုသိုလ် တိုးနေတာပါဘုရား။ အဲဒါကို သူကနေ
ရိုးရိုး သားသား လုပ်ကိုင်စားတာဘဲ။ ဒါ
ကုသိုလ်တောင်ရသေးတယ်လို့ ဒီလိုထင်တာ။ သိမ်မွေ့တယ်နော်
သူတော်ကောင်းတို့။ (မှန်လှပါဘုရား။) ဗုဒ္ဓဘာသာဟာ
ဘာသာတွေအားလုံးထဲမှာ အဖိုးတန်တယ် မွန် မြတ်တယ်ဆိုတာ
သိမ်မွေ့လို့၊ နက်ရှိုင်းလို့ အဖိုးတန်တာ။
သူလိုငါလိုဆို ဘာ သူတို့ထက် ပိုပြီး အဖိုး တန် မလဲ၊
တူနေမှာပေါ့။ ဒီ သဘောတရားတွေကို သစ္စာတရားကို နာဖူးတဲ့
ပုဂ္ဂိုလ်မှ သိမှာ ဟုတ်တယ် မဟုတ်လား။
အခု ဒီမှာ သားနဲ့ သမီးနဲ့ ဇနီးနဲ့ ခင်ပွန်းနဲ့
ခင်ကြတယ်၊ မင်ကြတယ်။ လောကအနေနဲ့တော့ ကိုယ့်သား၊
ကိုယ့်သမီး၊ ကိုယ့်ဇနီး ကိုယ့်ဖာသာကိုယ်ခင်တာ
ဘာအပြစ်ရှိမှာလဲ။ ဒါ ကိုယ့်သား၊ ကိုယ်သမီး
ကိုယ်ခင် တာဘဲ။ သူများ သားမယား ပြစ်မှားနေတာမှ မဟုတ်ပဲ။
ဒီလိုပြောတယ် မဟုတ်လား။ (မှန်ပါ့ဘုရား။) ကဲတရားနယ်က
ကြည့်ပါအုံး။ ကိုယ့်သား ကိုယ့်သမီး ခင်တာ
လောဘမဟုတ်လား။ (မှန်ပါဘုရား။) လော ဘက ကုသိုလ်လား၊
အကုသိုလ်လား၊(အကုသိုလ်ပါဘုရား။) ယောဂီတို့
နက်ရှိုင်းတယ်နော်။ အဲဒီတော့ အကုသိုလ်ကို
ကုသိုလ်လို့ထင်တယ်။ ကိုယ့်သားကိုယ့်သမီးကိုလုပ်ကျွေးတာ ကုသိုလ်တောင် ရသေး တယ် ဒီလိုလုပ်တာ။
သီလနယ်ကတော့ သူ့ဟာနဲ့သူ ဟုတ်တာပေါ့။
အခုပြောနေတာ ဝိပဿနာနယ်ကို ပြောနေတာနော်။ ယောဂီတို့က
ဘာတွေ အားထုတ်နေတာလဲ။ (ဝိ ပဿနာ တရားတွေ
အားထုတ်နေတာပါဘုရား။) ဝိပဿနာနယ်က ပညာပြဋ္ဌာန်းတယ်ဗျ။
သမားရိုး ကျ သူလို ကိုယ်လို အသိလောက်နဲ့ ဆိုရင်တော့
သူလိုကိုယ်လိုဘဲ နေပေါ့။ စားဝတ်နေရေးလေးလုပ်ပြီး
ဒီလိုနေလိုက်ရင် ပြီးတာဘဲ။ တစ်နေ့ကျရင်
နိဗ္ဗာန်ရောက်မှာပေါ့ဟေ့ ကုသိုလ်လေး လုပ်ဆိုတာ။ အဲဒါ
သမားရိုးကျ အသိမဟုတ်လား။ ကုသိုလ်လုပ်ရုံနဲ့
နိဗ္ဗာန်မရဘူးဗျ။ ကုသိုလ်လုပ်ရင် လူချမ်းသာ၊
နတ်ချမ်း သာတော့ ရမယ်။ လောဘ၊ ဒေါသ၊ မောဟကြီးနဲ့ လုပ်တဲ့
ကုသိုလ်က မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရပါ့မလား။ (မရပါဘူးဘုရား။)
အဲ.. သံသရာလည်မယ်။ လည်ပြီးရင် ဘာဖြစ်မလဲ။ (လည်ပြီးရင်
မြုပ်မှာပါဘုရား။) ယောဂီတို့ မြတ်စွာ ဘုရားရဲ့
ကျေးဇူးဟာ အင်မတန် မကြီးမားဘူးလား။
(ကြီးမားပါတယ်ဘုရား။) မြတ်စွာ ဘုရား ဟောလို့ သိရတာ သူတော်ကောင်းတို့။ မြတ်စွာဘုရားသာ မပွင့်ရင် ကဲ
သိပါ့မလား။ (မသိပါဘုရား။) သံဃာ ဆိုတာ သူ့အလိုလို
သိတာမဟုတ်ဘူး။ ဘုရားတရားနာပြီးမှ သိရတာ မဟုတ်လား။
အဲဒီတော့ အဓိကက ဘယ်သူ့ကျေးဇူးပါလိမ့်၊
(မြတ်စွာဘုရားရဲ့ ကျေးဇူးပါဘုရား။)
(Share this page on Facebook)
(ဆက်ရန်...)
ရေဥပမာတရားတော် (စတုတ္ထပိုင်း)
Click here
Typed By: Monica Pyone
Vimuttisukha Bliss Facebook
မှကူးယူးဖော်ပြပါသည်။
|