ရေဥပမာတရားတော် (စတုတ္ထအပိုင်း) (ဓမ္မမှတ်စုများ-၉)
သားသမီး၊ ဇနီး၊ ခင်ပွန်းခင်တယ်ဆိုတာ ဂေဟသိတပေမတဏှာ
လို့ ခေါ်တယ်။ ဟိုက ရာဂတဏှာ။ လောဘဆိုတာ အဲဒါ
အကုသိုလ်ပဲဗျ။ သူ့ကြောင့် ဒုက္ခရောက်ရတာ မဟုတ်လား။
(မှန်လှပါဘုရား။) သမု ဒယ သစ္စာ အရကောက်တော့
ဘယ်သူပါလိမ့်၊ အရကောက်လိုက်တဲ့ အခါကျတော့ တဏှာလို့
ခေါ်တယ် နော်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဆို ဟုတ်တယ်။
ဟုတ်တယ်မဟုတ်လား။ သမုဒယသစ္စာ ဘာလဲ၊ အဓိက သမုဒယသစ္စာက
ဘယ်သူလဲပြောလိုက်တဲ့ အခါကျတော့ လောဘတဏှာ။ အခု တဏှာကို
ပြောနေတာနော် သူတော်ကောင်းတို့။ လောဘတဏှာကြောင့်
ဒုက္ခရောက်ရတာ မဟုတ်လား။ (မှန်လှပါဘုရား။)
ဒါဖြင့် လောဘတဏှာက ကုသိုလ်လား၊ အကုသိုလ်လား။
(အကုသိုလ်ပါဘုရား။) သူတော်ကောင်းတို့ ဒီ
လိုမြင်ရမှာနော်။ ဘယ်နယ်ကို ပြောနေပါလိမ့်။
(ဝိပဿနာနယ်ကို ပြောနေတာပါဘုရား။) ဝိပဿ နာနယ်။
ဝိပဿနာနယ်။ ဟိုပညတ်နယ်သမားက သီလနယ်ကို ပြောနေတာ
မဟုတ်ဘူး။ သီလနယ် ကတော့ သမ္မာအာဇီ၀ ရှိတာကိုးဗျ။
ကောင်းရောင်းကောင်းဝယ် အလုပ်ဆိုတာ ရှိတယ် မဟုတ်လား။ ဒါ
သီလနယ်က တော့ သူ့နယ်နဲ့သူ ဟုတ်တာဘဲလေ။ ဥပမာ
ပညတ်နယ်ဆိုရင် ယောကျ်ားရှိတယ်၊ မိန်းမရှိ တယ်၊
ရဟန်းရှိတယ်၊ လူရှိတယ်၊ ဒကာရှိတယ်၊ ရိုသေရမယ်၊
လေးစားရမယ် ဒီလိုမဟုတ်လား။ (မှန်လှပါ ဘုရား။)
သူ့နယ်နဲ့သူတော့ မမှန်ဘူးလား။ (မှန်ပါတယ်ဘုရား။)
အခုဟာက ပရမတ္ထနယ်ကိုပြောတာ ယောဂီတို့။
ဝိပဿနာနယ် ရောက်တဲ့အခါကျတော့ လောဘ၊ ဒေါသ၊ မောဟက
အကုသိုလ်မဟုတ်လား။ (မှန်လှ ပါဘုရား။) ပညတ်နယ်မှာလည်း
အတူတူပါဘဲ အကုသိုလ်ပါဘဲ။ သို့သော်လည်း ပညတ်နယ်မှာ သူ့အ
ဆင့်က ဖြည်းဖြည်း တက်ရတယ်၊ တန်းတက်လို့ မရဘူး၊
ဟုတ်တယ်မဟုတ်လား။ (မှန်လှပါဘုရား။) ဝိပဿနာတရား
မနာနိုင်သေးတဲ့ ပုဂ္ဂိုလ်တွေကို ဒီလို
တန်းပြီးပြောလို့ရပါ့မလား။ (မရပါဘူးဘုရား။) အခုမှ
သဒ္ဓါက စလုံးရေစရှိသေးတယ်။ ဒါတွေ ဘယ်လိုလုပ်သိမလဲ။
ယောဂီတို့ကျတော့ ကမ္မဿကတ သမာဒိဋ္ဌိဉာဏ်က
အင်မတန်ခိုင်မာနေပြီ။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို
တက်ရတာမဟုတ်လား။ (မှန်လှပါဘုရား။)
အကုသိုလ်ကို ကုသိုလ်လို့ထင်တယ် သူတော်ကောင်းတို့။ အခု
အကုသိုလ်သည် လောဘကို ပြောနေ တာ။ အကုသိုလ်လောဘကို
ကုသိုလ်။ ဒါ သမ္မာအာဇီဝဘဲ။ လုပ်ကိုင်စားသောက်နေတာဘဲ၊
ဘာဖြစ် မှာလဲ၊ လူဆိုတာ ဒီလိုပေါ့ကွာ၊ သူများလည်း
ဒီလိုဘဲ လုပ်နေတာဘဲ။ အများလည်း ဒီလိုဘဲ သံသရာ လည်နေတာ
မတွေ့ဘူးလား။ (တွေ့ပါတယ်ဘုရား။) သံသရာလည်နေတယ်ဆိုတာ
ဘာတွေဖြစ်နေ တာတုန်း။ ဒုက္ခတွေ ဖြစ်နေတာ။ အေး..
ဒုက္ခဖြစ်တာ သမုဒယကြောင့် မဟုတ်လား။ (မှန်လှပါဘုရား။)
သမုဒယက ကောင်းတဲ့တရားလား၊ မကောင်းတဲ့တရားလား။
(မကောင်းတဲ့တရားပါဘုရား။) အခုဒါ သမု ဒယ က
လောဘကိုပြောနေတာ ဟုတ်လား။ (မှန်လှပါဘုရား။)
အကုသိုလ်ကို ကုသိုလ်လို့ ထင်တယ်။ ကုသိုလ်ကျတော့
အကုသိုလ်လို့ထင်တယ်။
တချို့ဒီမှာထိုင်နေတယ်ကွာ၊ အလကားသက်သက်ကြီး မင်း
ကိုယ့်ကိုယ်ကို ဒုက္ခရှာနေတယ်၊ နာရတဲ့ကြား ထဲ
ထပ်ပြီးထိုင်နေတော့ နာမှာပေါ့ကွတဲ့။ မင်း အဲဒါ
အကုသိုလ်ကြီး ဖြစ်နေမှာပေါ့။ နာနေတယ်ဆိုတော့ မင်း
စိတ်ထဲမှာ ဒေါသဖြစ်နေမှာပေါ့။ ကုသိုလ်ကို
အကုသိုလ်လို့ထင်တယ်။ နာတာကို ထိုင်ပြီး မှိန်းပြီး
ခံစားနေတာ မဟုတ်ဘူး။ နာတာကို မှတ်နေတာ။ ယောဂီတို့
နာတာကို ဒီတိုင်းမှိန်းထိုင်နေတာလား။
(မထိုင်ပါဘူးဘုရား။) ဘယ်လိုလုပ်နေတာတုန်း။
(ရှုမှတ်နေတာပါဘုရား။) ရှုမှတ်နေတာမဂ္ဂင်ငါးပါး ပါ
တယ်။
လုံ့လဝီရိယနဲ့ ကြောင့်ကြစိုက်ပြီးတော့ ယောဂီတို့
မမှတ်ရဘူးလား။ ထိုင်တယ်၊ ထိတယ်၊ နာတယ်၊ ထိုင် တယ်၊
ထိတယ်၊ နာတယ်၊ အပျင်းတက်တဲ့သူ မှတ်လို့ရပါ့မလား။
(မရပါဘူးဘုရား။) အဲဒါ “သမ္မာဝါယမ” လို့ခေါ်တယ်။
ယောဂီတို့ နာတဲ့အပေါ်မှာ စူးကနဲ စိုက်ကနဲ
စူးစူးစိုက်စိုက် မမှတ်ရဘူးလား။ (မှတ်ရပါတယ်ဘုရား။)
အဲဒါ “သမ္မာသတိ” လို့ခေါ်တယ်။ သားသတိရ၊ သမီးသတိရ၊
ဇနီးသတိရဆိုတာ သမ္မာသတိ မဟုတ်ဘူး၊ အဲဒါ “မိစ္ဆာသတိ”
လို့ခေါ်တယ်။ သံသရာလည်မယ့် သတိ ဟုတ်တယ်မလား။ အခုသတိရတာက
ခန္ဓာရဲ့ သဘောတရားတွေကို သတိရနေတာ။ နာတယ်၊ ကိုက်တယ်၊
ကျင်တယ်၊ ရွတယ်၊ မွတယ် ဒီလို မဟုတ်လား။
(မှန်လှပါဘုရား။) အဲ သမ္မာသတိ။ အဲဒီ အပေါ်မှာ စိတ်ကလေးက
တဒင်္ဂ၊ တဒင်္ဂ တည်တည် မသွားဘူးလား။ (တည်သွားပါတယ်ဘုရား။)
အဲဒါ “သမ္မာသမာဓိ” လို့ခေါ်တယ်။ အဲဒါ
သမာဓိမဂ္ဂင်သုံးပါး။
နောက်တခါ ယောဂီတို့ အဲဒီ မှတ်တဲ့အပေါ်ကို
ဒီမှတ်တဲ့စိတ်ကလေးကို နာတဲ့ ကျင်တဲ့ ကိုက်တဲ့အပေါ်ကို
သေသေချာချာ ရောက်အောင် ဒီကို သေသေချာချာကြည့်၊ ဒီကို
သေသေချာချာကြည့်လို့ မပြောသော် လည်း ပြောသကဲ့သို့
မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား။) ဖောင်းတာ၊ ပိန်တာ
မှတ်တာ ယောဂီတို့ ဘယ် စိတ်ရောက်ပြီး မှတ်ရမတုန်း။
လှုပ်ရှားတဲ့ သဘောလေးအပေါ်ပေါ့။ လှုပ်ရှားတဲ့
သဘော လေးက ဖောင်းပိန်နေတာမဟုတ်လား။
(မှန်လှပါဘုရား။) ဖောင်းတယ်၊ ပိန်တယ် မှတ်ပြီးတော့
စိတ်က စကြာဝဠာလျှောက်ပြေးနေလို့ သိပါ့မလား။
(မသိပါဘူးဘုရား။) အဲဒီ မှတ်စိတ်ကလေးကို အရှုခံ
အာရုံအပေါ်ကို တင်ပို့တင်ပို့ပေးတာကို “သမ္မာသင်္ကပ္ပ”
လို့ခေါ်တယ်။ ယောဂီတို့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း
အဲဒီ မဂ္ဂင်ငါးပါးပါတယ်နော်။ (မှန်လှပါဘုရား။)
ဖောင်းစကိုသိအောင်၊ ဖောင်းလယ်ကို သိအောင်၊
ဖောင်းဆုံးကိုသိအောင် ဒီလို တင်ပေးရတာ မဟုတ် လား။
(မှန်လှပါဘုရား။) ထိုင်တယ်၊ ထိတယ်၊ ထိုင်တယ်၊ ထိတယ်
ဆိုတာ ကျုံ့ကျုံ့လေးထိုင် နေတာ၊ တင်ပလ္လင်ခွေ
ကားကားကြီးထိုင်နေတာကို ကြည့်ခိုင်းတာမဟုတ်ဘူး။
တောင့်တဲ့ သ ဘောတွေ၊ ထိတဲ့သဘောတွေ မရှိဘူးလား။
(ရှိပါတယ်ဘုရား။) အဲဒီ တောင့်တဲ့သဘောကို တချို့က
သိတယ်၊ တချို့ကလည်း ထိတဲ့နေရာလေးကို သိတယ်။ အဲဒါ
ခန္ဓာ့သဘောကို သိနေ တာမဟုတ်လား။ (မှန်လှပါဘုရား။)
အဲဒီ ထိတဲ့နေရာလေးကို ဉာဏ်ရောက်အောင်
တင်ပို့တင်ပို့ပေးတဲ့ အလုပ်လုပ်နေတာ ရှိတယ်။ အဲဒါ
“သမ္မာသင်္ကပ္ပ” ဝိတက်လို့ ခေါ်တယ်။ ဒီနေရာမှာ “သမ္မာသင်္ကပ္ပ”
လို့သုံးတယ်။
ယောဂီတို့ ရှုတဲ့အခါမှာ သေချာစူးစူးစိုက်စိုက်ရှု။
ဒီလို ယောဂီတို့ကို ပို့ပေးတယ်မဟုတ်လား။ (မှန်လှ
ပါဘုရား။) အဲ… စူးစူးစိုက်စိုက်ရှုဆိုတာ အရှုခံအာရုံနဲ့
အရှုဉာဏ်နဲ့ တစ်ထပ်တည်းကျသွားအောင် အဲဒီလို
သေသေချာချာကြည့် ယောဂီတို့။ ငုတ်တုတ်ကလေးထိုင်ပြီးတော့
စိတ်ကူးမနေနဲ့။ ဒါကိုပြောတာ ဟုတ်လား။ (မှန်လှပါဘုရား။)
ယောဂီတို့က ဒီမှာ ဓမ္မာရုံပေါ်မှာတော့ ထိုင်နေတာဘဲ။
ထိုင်ပြီး စိတ်က ဟိုရောက်နေတယ် ဟိုသွား ဒီသွား
လျှောက်သွား နေတယ်ဆိုရင် ဒီဖောင်းတာလေးတွေ၊ ပိန်တာ
လေးတွေ၊ နာတာလေးတွေ၊ ကိုက်တာလေးတွေအပေါ်မှာ စိတ်က
ရောက်ပါ့မလား။ (မရောက်ပါဘူး ဘုရား။) ကဲ
မရောက်လို့ရှိ၇င် အမှန်တိုင်းသိပါ့မလား။
(မသိပါဘူးဘုရား။) အမှန်တိုင်း မသိတော့ အမှား သိတာပေါ့။
အမှားသိတာဆိုတော့ ငါထိုင်နေတယ်၊ ငါဘယ်သွားရအုံးမယ်၊
ငါတရားနာပြီးရင် ဘယ်သွား ရအုံးမယ်၊ ဘယ်မှာ အလုပ်တွေက
ရှိသေးတယ်၊ ဘယ်သူနဲ့ ဘာပြောရအုံးမယ် ဆိုတော့ ဒီ
နာတာလေး တွေ ကျင်တာလေးတွေ အပေါ်မှာ ရောက်ပါတော့မလား။
(မရောက်ပါဘူးဘုရား။)
အဲ… ရောက်အောင်လို့ စိတ်ကို တင်ပို့တင်ပို့ပေးတာ
မှတ်သိစိတ်ကို ရှုဉာဏ်ကို အရှုှုခံပေါ်ကို ရောက် အောင်
တင်ပို့တင်ပို့ ပေးတာကို ဘာလို့ခေါ်မလဲ။ (“သမ္မာသင်္ကပ္ပ”
ပါဘုရား။) အေး “သမ္မာသင်္ကပ္ပ”။ မဂ္ဂင်ငါးပါး ပါပုံကို
ပြောနေတာ ယောဂီတို့။ အဲဒီတော့ ယောဂီတို့က
တင်ပို့တင်ပို့ပေးနေတော့ အရှုခံနဲ့ အရှုဉာဏ် အံကိုက်
အံကိုက် ကျမသွားဘူးလား။ အံကိုက် အံကိုက်ကျတဲ့
အခါကျတော့ အစ တုန်းက ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ
ထင်တယ်။ မှတ်အားတွေ ကောင်းလာတဲ့ အခါ ကျတော့ သြော် ...
အရှုခံလည်း သဘောပဲ၊ အရှုဉာဏ်လည်းဘဲ သဘောပါဘဲ။ သဘောတွေက
သဘောတွေကို ရှုနေ တာမဟုတ်လား။ အဲဒီတော့ ယောကျ်ား၊
မိန်းမပါသေးလား။ (မပါတော့ ပါဘူးဘုရား။) ယောကျ်ား၊
မိန်းမပြုတ်တော့ ဘာပြုတ်ပါလိမ့်။
(သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား။) အဲဒါ ယောဂီတို့ ကုသိုလ်တွေ ကော၊ ဉာဏ်တွေကော ရမနေဘူးလား။ (ရနေပါတယ်ဘုရား။)
သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာ အပါယ် တံခါး ပိတ်တာဘဲ။ အဲဒါ။
တဒင်္ဂ၊ တဒင်္ဂပိတ်သွားတယ် မဟုတ် လား အဲဒါ။
အဲဒီတော့ “သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ” ပညာမဂ္ဂင်နှစ်ပါး၊
“သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ” သမာဓိမဂ္ဂင်သုံးပါး အဲ
သုံးနဲ့နှစ်နဲ့ပေါင်းလိုက်တော့ ဘယ်လောက်ပါလိမ့်။
(ငါးပါးပါဘုရား။) အဲဒါ “ကာရကမဂ္ဂင်ငါးပါး”
လို့ခေါ်တယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊
နာတယ်၊ ကိုက်တယ် စသည်အားဖြင့် ယောဂီတို့ မှတ်တိုင်း၊
မှတ်တိုင်း အဲဒီ ငါးပါးမပါဘူးလား။ (ပါပါတယ်ဘုရား။)
အဲဒီ ငါးပါး ပါတော့ ကုသိုလ်တွေ မရဘူးလား။
(ရပါတယ်ဘုရား။) သမ္မာသတိတို့၊ သမ္မာသမာဓိတို့ အဲဒါ
ကုသိုလ် တွေ။ အဲဒါ ကုသိုလ်ကော ပညာကော ရတယ်။
(Share this page on Facebook)
(ဆက်ရန်)
ရေဥပမာတရားတော် (ပဉ္စမပိုင်း)
Click here
Typed By: Monica Pyone
Vimuttisukha Bliss Facebook
မှကူးယူးဖော်ပြပါသည်။
|