ရေဥပမာတရားတော်
(ပဉ္စမပိုင်း)
(ဓမ္မမှတ်စုများ-၁၀)
အဲဒီ ကုသိုလ်ကို ခုနက တရားမနာတဲ့ ပုဂ္ဂိုလ်၊
တရားမလုပ်တဲ့ပုဂ္ဂိုလ်က သက်သက် အချိန်ဖြုန်း နေတာ၊
ထိုင်နေ ဘာဖြစ်မှာလဲ၊ ဒီလိုပြောတာမဟုတ်လား။ အဲ
ထိုင်ပြီး ဆေးလိပ်သောက်ပြီးတော့ ဘိန်းစားနေ တာ
မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား။ တရားရှုမှတ်နေတယ်ဆိုတာ
ကုသိုလ်ရနေတာ၊ အလကား ထိုင်နေတာ မဟုတ်ဘူး၊
ရေဒီယိုနားထောင်ပြီး ထိုင်နေတာမဟုတ်ဘူး၊
သီချင်းနားထောင်ပြီး ထိုင်နေတာ မဟုတ်ဘူး၊
ဗီဒီယိုကြည့်ပြီး ထိုင်နေတာမဟုတ်ဘူး၊
တရားရှုမှတ်ထိုင်နေတဲ့ပုဂ္ဂိုလ်က ကုသိုလ်ကို အသင်္ချေ
အနန္တ မရဘူးလား။ (ရပါတယ် ဘုရား။) အဲဒီ ကုသိုလ်ကို
အကုသိုလ်လို့ထင်တယ်။ အချိန်ဖြုန်း နေတာကွာ ကြည့်ပါလား၊
အလုပ်မလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ အချိန်ဖြုန်းနေတာ။
တရားထိုင်တဲ့ ပုဂ္ဂိုလ် ကိုလေ။ အဲ တချို့က အဲဒီလို
အထင်လွဲတာတွေ မရှိဘူးလား။ (ရှိပါတယ်ဘုရား။)
တရားထိုင်တာတွေ ပုတီးစိပ်တာနေတာတွေကို အလုပ်မှ
မလုပ်ချင်ပဲကွာ လူပျင်းတွေဘဲ၊ လူပျင်းဆိုတာ ဒီလိုဘဲ
အချိန်ဖြုန်း တာဘဲ။ အဲဒီ ပြောတဲ့ ပုဂ္ဂိုလ် အဝီစိ
ကျနိုင်တယ်နော် အဲဒါ။ ဓမ္မန္တရာယ်၊ ပုညန္တရာယ် လို့ခေါ်တယ်
အဲဒါ။
အဲဒီတော့ အကုသိုလ်ကို ကုသိုလ်လို့ ထင်တယ်။ ခုနက
လောဘဖြစ်နေတယ် သားတွေ၊ သမီးတွေ၊ ဇနီး တွေ၊ ခင်ပွန်းတွေ
ခင်မင်တွယ်တာ မမြင်ရ မနေနိုင်၊ မထိုင်နိုင် ဖြစ်နေတယ်။
အဲဒါ အကုသိုလ်တွေ။ အဲဒီ အကုသိုလ်ကို
ကုသိုလ်လို့ထင်တယ်။ ဟုတ်တယ်မဟုတ်လား။
(မှန်ပါတယ်ဘုရား။) ခုနက ရှုမှတ်နေတဲ့ ကုသိုလ်ကျတော့
အကုသိုလ်လို့ထင်တယ်။ ကပြောင်းကပြန် ဖြစ်မနေဘူးလား။
(ဖြစ်နေပါတယ်ဘုရား။) အဲဒါ ဘယ်သူ့လက်ချက်ပါလိမ့်။
(အဝိဇ္ဇာရဲ့ လက်ချက်ပါဘုရား။) သြော် အဝိဇ္ဇာရဲ့
လက်ချက်။ အဲဒီ အဝိဇ္ဇာကို အခု တွန်းလှန်နေတာနော်
သူတော်ကောင်းတို့။
အဲဒီ အဝိဇ္ဇာ အားကြီးတဲ့ အခါကျတော့ကာ ယောဂီတို့ အဲဒီ
အဝိဇ္ဇာက အားကြီးတော့ ဘာတွေ ဖြစ်ကုန် လဲဆိုတော့
သဒ္ဓါတွေလျော့၊ ဝီရိယတွေလျော့၊ သတိတွေလျော့၊
ပညာတွေလျော့ အကုန် လျော့ကုန် တာဟုတ်လား၊
ကောင်းမြတ်တဲ့တရားတွေ အကုန်လျော့ကုန်တာ။
ကောင်းမြတ်တဲ့တရားတွေ အကုန် လျော့ကုန်တာဆိုတော့
အဟောင်းစားပေါ့ဗျာ။ အတိတ်တုန်းက ပါလာတဲ့ ကုသိုလ်တွေကို
သူထိုင်စား နေတာ။ ပစ္စုပ္ပန်မှာ ကုသိုလ်ဘာမှ
မလုပ်တော့ဘူး။ အဲဒီ ပုဂ္ဂိုလ်ဟာ လူဖြစ်နတ်ဖြစ်လည်း
ခဏဘဲ၊ သေ ရင် အပါယ်ရောက်ဖို့ မကျိန်းသေးဘူးလား။
(ကျိန်းသေပါတယ်ဘုရား။)
အဲဒီတော့ သူဟာ အခု တကယ်လို့ ကုသိုလ်ကောင်းမှုတွေ
အများကြီးလုပ်ထားလို့ သူခံစား၊ စံစားချင်လို့
ကုသိုလ်ကောင်းမှုတွေလုပ်တယ်။
ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ ခုနတုန်းက
ဒိုက်ဖတ်တွေပေါ်မှာ မျောပါသွားတဲ့ ပုဂ္ဂိုလ်လိုပေါ့ဗျာ။
ကမ်းမရှာဘူး သူက။ ကမ်းမရှာရင် သူ မျောတော့မယ်မဟုတ်လား။
(မှန်လှပါဘုရား။) သူ အလွန်အကျွံ မျောနိုင်ရင်
ရတနာသုံးပါး ဆိတ်သုဉ်းတဲ့ ဟိုး သာသနာပ အခါထိ တော့
လူတွေနတ်တွေ ဖြစ်နိုင်တယ်၊ ကုသိုလ်လုပ်နေတာကိုး သူက။
ဘာ ကုသိုလ်လုပ်တာတုန်းဆို သူက ခံစားချင်၊
စံစားချင်လို့ ကုသိုလ်လုပ်တာလေ။
နံပါတ်(၃) က သဒ္ဓါတရားတန့်နေတဲ့ ပုဂ္ဂိုလ် ပြောနေတာနော်။
သဒ္ဓါတရားတန့်နေတဲ့ ပုဂ္ဂိလ်က ဆုတ်ဖို့ များ တာပါဘဲ၊
အဲဒီတော့ ကုသိုလ် ကောင်းမှုတော့ လုပ်တယ်။
ကမ်းမရှာဘူးဆိုတော့ သူမျောတော့ မှာဘဲ။ (၁)နဲ့(၂)က
မြုပ်မယ့်ပုဂ္ဂိုလ်ပေါ့ဗျာ။ (၃)ကဘယ်လိုပါလိမ့်။ အဲ
မျောနေတဲ့ ပုဂ္ဂိုလ်။ မျောရင် သာ သနာပ
ရောက်သွားတဲ့အခါကျတော့ ပညာရှိ သူတော်ကောင်းတွေ
ရှိပါတော့မလား။ (မရှိတော့ပါဘူး ဘုရား။) အဲ…
မရှိတော့ဘူး။ သူတော်ကောင်းတို့ မျောရင်း မျောရင်းနဲ့
ပင်လယ်ထဲ ရောက်သွားရင် မှီစရာ၊ တွယ်စရာ၊ ကိုင်စရာ၊
ယူစရာ ရှိပါတော့မလား။ (မရှိပါဘူးဘုရား။) အဲ
ငါးကြီးတွေ၊ မိကျောင်းကြီး တွေနဲ့ ကူးလို့ခတ်လို့လည်း
မရတော့ဘူး။ အဲဒီတော့ မြုပ်ဖို့ကတော့ မကျိန်းသေးဘူးလား။
(ကျိန်းသေး ပါတယ်ဘုရား။)
သူက ကုသိုလ်ကောင်းမှုလေးတော့ လုပ်ပါတယ်။ ခံစားဖို့
စံစားဖို့ နောက်ဘ၀ သူဌေးဖြစ်ဖို့ နောက်ဘ၀ ကျလို့ရှိရင်
ဥစ္စာပေါဖို့၊ ရုပ်ချောဖို့
ဒီလောက်ကလေးလုပ်နေလို့ရှိရင် အဲဒီလို သာသနာပ
အချိန်အခါများ ရောက်သွားလို့ရှိရင် အကုန်လုံး
လူဆိုးလူမိုက်တွေနဲ့ချည်း တွေ့ရမယ်။ လူဆိုးလူမိုက်တွေ
ကြားထဲမှာ ကိုယ်ကလည်းသွားပြီးတော့ လူဖြစ်တယ်ဆိုရင်
ကိုယ်ကလည်း အဲဒီ ဓါတ်တွေကူးပြီး လူဆိုး လူမိုက်
ဖြစ်ဖို့ကတော့ မကျိန်းသေးဘူးလား။ ကျိန်းသေပါတယ်ဘုရား။
အဲဒီလိုဆို သေရင် ဘယ်ရောက်မလဲ။ (အပါယ်လေးပါး
ရောက်မှာပါဘုရား။) အပါယ်လေးပါးရောက်မှာပေါ့။ လူဆိုး
လူမိုက်တို့ သွားရာလမ်းက အပါယ်လေးပါးဘဲ မဟုတ်လား။
(မှန်လှပါဘုရား။) အေး အဲဒါကြောင့်မို့ ယောဂီတို့
အခုချိန်မှာ အေးအေး ဆေးဆေး နေတဲ့ ပုဂ္ဂိုလ်ဟာ နောင်
အပါယ်လေးပါး ရောက်မှာဘဲ။ အခုချက်ချင်း မရောက်လည်းပဲလေ။
ကုသိုလ် ကောင်းမှုတွေ လုပ်နေလို့ အခုချက်ချင်းတော့
မရောက် သေးဘူး။ လူတွေနတ်တွေ ဖြစ်အုံးမယ်။
မျောအုံးမယ်ပေါ့ဗျာ။
နောက် သာသနာပ အခါကျတော့ ဝိပဿနာ ဟောမယ့်လူတွေ
ရှိပါတော့မလား။ (မရှိတော့ပါဘူး ဘုရား။)
အဲ..ဝိပဿနာတင်မဟုတ်ပါဘူး၊ ဒါနသီလတွေလည်း
ဘာမှမရှိတော့ဘူး၊ အကုန်လုံး ဆိတ်သုဉ်း ကုန်ပြီ။
လူတွေဟာ လူပုံစံနဲ့ တိရစ္ဆာန်စိတ်တွေ ပေါက်ကုန်ပြီ။
ဘာမှ သားတွေ၊ မယားတွေ၊ မိဘတွေ၊ ညီအကို မောင်နှမတွေ
ဒီလိုစိတ်တွေ မရှိတော့ဘူး။ တိရစ္ဆာန်တွေလို
ဖြစ်ကုန်လိမ့်မယ်။ အဲဒီကျတော့ နိုင်ရာစားတွေ
ဖြစ်ကုန်တယ်။ တိရစ္ဆာန်တွေက နိုင်ရာစားမဟုတ်လား။
(မှန်လှပါဘုရား။) အဲဒီကျတော့ နိုင်ရာစားဖြစ်နေတော့
အကုသိုလ်တွေ မများဘူးလား။ (များပါတယ်ဘုရား။)
အဲဒီအခါကျမှ လူသွားဖြစ် လို့ရှိရင် ကိုယ်က မဂ်ဉာဏ်
ဖိုလ်ဉာဏ်မှ ရမှမရတာကိုး။ မဂ်ဉာဏ်ဖိုလ်ဉာဏ်မှ မရတော့
အဲခါကျတော့မှ လူဖြစ်ကော။ လူဖြစ်တဲ့အခါကျတော့
အကုသိုလ်တွေ များပြီးတော့ သေတော့ အပယ်မရောက် နိုင်ဘူး
လား။ ရောက်နိုင်ပါတယ်ဘုရား။
ယောဂီတို့ ဒီအချိန်ဟာ အင်မတန် အရေးကြီးနေတယ်နော်။
(မှန်လှပါဘုရား။) အခုဒါ နံပါတ ်ဘယ်လောက်
ရောက်သွားပြီတုန်း။ နံပါတ်(၃)
ပုဂ္ဂိုလ်ရောက်သွားပြီနော် သူတော်ကောင်းတို့။ ကမ်းမရှာ
ဘ နဲ့ လေချွန်ပြီးတော့ မျောတဲ့ ပုဂ္ဂိုလ်ကို
ပြောနေတာနော်။
တချို့ဝိပဿနာ မလုပ်ဘူးလေ၊ ကုသိုလ်တော့လုပ်ပါတယ်။
အထိုက်အလျောက် ဘုရား၊ တရား သံဃာ လည်း ရိုသေတယ်။ ဟာ..
ဒါနလည်းပြုတာဘဲ။ သူများပြု ဝိုင်းပြုတာဘဲ၊ ဝေယျာဝစ္စ
လုပ်စရာရှိလည်း လုပ်တာဘဲ၊ ကုသိုလ်တော့လုပ်တယ်နော်
သူတော်ကောင်းတို့။ သစ္စာတရား နာလည်းမနာဘူး၊ အား လည်း
မထုတ်ဘူး၊ အဲဒီလိုလူတွေလည်း မရှိဘူးလား။ (ရှိပါတယ်
ဘုရား။) အဲဒီလို ပုဂ္ဂိုလ်တွေဟာ မျော မယ့် ပုဂ္ဂိုလ်တွေ။
ဒိုက်ဖက်ပေါ်မှာ မျောသွားတယ်။ သူမျောသွားတာ
ပင်လယ်ထဲမျောသွားတာကို သူ အမြော်အမြင်မှ ရှိမှမရှိဘဲ။
ပင်လယ်ထဲရောက်သွားရင် ငါတော့သေတော့မှာပဲဆိုတာ သူသိရဲ
့လား။ (မသိပါဘူးဘုရား။)
အခုဝိပဿနာ မလုပ်တဲ့သူတွေဟာလည်း အမြော်အမြင်မရှိတဲ့
ပုဂ္ဂိုလ်တွေ။ အဲ.. သားရေး၊ သမီးရေး၊ စီး ပွားရေးလေး
လုပ်လိုက်၊ ပျော်ပွဲ ရွှင်ပွဲလေးကြည့်လိုက်၊ သြကာသ
သြကာသလုပ်လိုက်၊ လှူစရာရှိ တာလေး လှူလိုက်။ ဒီလို
လုပ်နေတာ မဟုတ်လား။ မိစ္ဆာဒိဋ္ဌိတော့ မဟုတ်ဘူးနော်။
(မှန်ပါတယ်ဘုရား။) မိစ္ဆာဒိဋ္ဌိတော့ မဟုတ်ဘူးတဲ့။
ဘုရားစင်ကြီးကို ဟီးနေအောင် လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေ။
ဝိပဿနာ မလုပ် တဲ့ ပုဂ္ဂိုလ်တွေပြောနေတာ။
ဝိပဿနာမလုပ်ဘဲနဲ့ ဘုရား၊ တရား၊ သံဃာလောက်ပဲ ကိုးကွယ်
နေတာ ဆိုတော့ ရိုးရိုး ကုသိုလ်လောက်ကလေးနဲ့
တင်းတိမ်းနေတဲ့ ပုဂ္ဂိုလ်မဟုတ်လား။ ဝါးတွေ
တိုင်တွေပေါ်မှာ တက်အိပ်ပြီးတော့ လေချွန်ပြီးတော့
ပါသွားတဲ့ ပုဂ္ဂိုလ်နဲ့ မတူဘူးလား။ (တူပါတယ်ဘုရား။)
သဘောပါရဲ့လား။ (ပါပါတယ်ဘုရား။) အဲဒီ ပုဂ္ဂိုလ်တွေကို
အတုခိုးရမှာလား၊ ရှောင်ရမှာလား။ (ရှောင်ရမှာပါဘုရား။)
မြုပ်မယ့် ပုဂ္ဂိုလ်တွေ။ မြုပ်မယ့် ပုဂ္ဂိုလ်တွေ။
အခုပြုံးသလောက် နောင် မဲ့ရလိမ့်မယ် အဲဒါ။
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောထားတဲ့ အခွေတွေမှာ
သိပ်ကောင်းတာပါဘဲ။ ခင်ဗျားတို့ ပျော်ချိန် မတန်ပဲနဲ့
ပျော်နေတဲ့ ပုဂ္ဂိုလ်တွေ နောက်ကျတော့ ငိုရလိမ့်မယ်တဲ့။
ပျော်ချိန်မတန်သေးဘဲနဲ့ ပျော်နေ တယ်ဆိုတာ မဂ်ဉာဏ်၊
ဖိုလ်ဉာဏ် မရသေးပဲနဲ့ ပျော်နေတဲ့ ပုဂ္ဂိုလ်တွေ။ လောကမှာ
အဲဒီပုဂ္ဂိုလ်တွေ မများဘူးလား။ (များပါတယ်ဘုရား။)
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရသေးတော့ အပယ်တံခါးတွေက ဟင်း
လင်းပွင့်နေတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်က
ဟင်းလင်းပွင့်နေတယ်။ အဲဒါ ကိုများ အမလေး
ပျော်နေလိုက်ကြတာဗျာ။ ယောဂီတို့ ပျော်နေတာတွေ
မတွေ့ဘူးလား။ (တွေ့ပါ တယ်ဘုရား။) အမလေး ပျော်လိုက်တဲ့
ဖြစ်ခြင်းကိုမှ မချိမဆန့်ကို ပျော်နေတာဘဲ။
ပျော်လိုက်တာ ပျော်လိုက်တာများ သူတို့မှာ
ပြုံးပျော်နေလိုက်ကြတာ တခါတည်း။ ဘေးကလူတွေကလည်း အားကျ
တယ်လေ။ သြော် ငါတို့လည်း ဘယ်တော့များမှ
အပယ်ရောက်ပါ့မလဲ။ သူတို့နဲ့ အတူတူ ရောက်ချင် တယ်။ အဲဒီ
သဘောမျိုးတွေ ဖြစ်မနေဘူးလား။ (ဖြစ်နေပါတယ်ဘုရား။) ရှေ
့ကလူကလည်း မမြင်။ နောက်ကလူကလည်း တုတ်ဆွဲပေါ့ဗျာ။
အဲဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ခင်ဗျားတို့
ပျော်ချိန်မတန်ပဲနဲ့ မပျော်နဲ့။
ပျော်ချိန်မတန်သေးပဲနဲ့ ပျော်နေတဲ့ ပုဂ္ဂိုလ်ဟာ အဲဒါ
ကိုယ့်ရဲ့ဘေးကို ကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်တွေတဲ့။
"ဘေးကိုမမြင်
ခေတ်လျှင်ချထား
စောင့်စားပါရမီ ဒွိဟိတ်မည်နှင့်
တစ်လီဓိပတိတ် ဤငါးစိတ်သည်
တိရစ်ဘုံစဉ်စံဖို့တည်း။"
ဘေးကို မမြင်ဆိုတာ....
(Share this page on Facebook)
(ဆက်ရန်)
ရေဥပမာတရားတော် (ဆဌမပိုင်း)
Click here
Typed By: Monica Pyone
Vimuttisukha Bliss Facebook
မှကူးယူးဖော်ပြပါသည်။
|