စကားပြောရင်သမာဓိပျက်လို့ ‘ယောဂီတွေ စကားမပြောကြနဲ့’လို့ ခဏခဏ သတိပေးနေတာ။ ထိုင်မှတ်တဲ့အချိန်မှာ ပင်ပင်ပန်းပန်းနဲ့ကြိုးစားမှတ်မှရတဲ့ သမာဓိလေးဟာ တရားနဲ့မဆိုင်တဲ့စကားကို ငါးမိနစ်လောက်ပြောလိုက်တာနဲ့ အကုန်ပျက်ရော။ နောက်တစ်ချိန် ပြန်ထိုင်တဲ့အခါ စိတ်တွေပျံ့ပြီး အာရုံနဲ့မှတ် စိတ်က တော်တော်နဲ့ကိုမမိတော့ဘူး။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
 

 

 မြန်မြန်တရားစေဖို ့အထောက်အကူပေးတဲ့ အချက် (၆)ချက်
 
(ဓမ္မမှတ်စုများ-၁၈)

ကိစ္စမများ၊ စကားနည်းစေ၊ အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ၊ ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊ တရားရေး၊ အားပေးဂုဏ်ခြောက်ထွေ။

ကိစ္စမများ” ~~~~~~~~~~~
တရားအားထုတ်နေဆဲကာလမှာ ကိစ္စနည်းရမယ်။ ဖျော်ရည်ကို ခဏခဏ ဖျော်သောက်လိုက်၊ အဝတ်တွေလျှော်လိုက်၊ ဖုန်းလေးဆက်လိုက်၊ ဧည့်သည် တွေ့လိုက်နဲ့လုပ်နေရင် အမှတ်လွတ်တဲ့ အချိန်တွေများကုန်မယ်။ စီးပွားရေး ကိစ္စတွေ မိသားစုကိစ္စတွေ လာရှုပ်နေရင်လည်း သမာဓိ မရတော့ဘူး။ အကုန် လုံးကို ဥပေက္ခာပြုထားရမယ်။
တချို့ဆရာတော်ကြီးတွေ အဖေအမေသေသွားတာတောင် မသွားဘူး။ ကျမ်းတွေအများကြီး ပြုစုသွားတဲ့ ဆရာတော်ကြီး ဦးဗုဓ်ကိုကြည့်ပါလား။ ခမည်း တော်ကြီး သေတုန်းကလည်းမသွားဘူး။ မယ်တော်ကြီး သေတော့လည်း နီးနီး လေးတောင်မသွားဘူး။ စိမ်းကားလို့ မသွားတာ မဟုတ်ဘူး။
သေသွားပြီးတဲ့အ လောင်းကြီး အခေါင်းထဲရောက်ခါမှ သွားတော့ရော ပြန်ရှင်လာမှာမှမဟုတ် ဘဲ။ မသွားဘူး။ အလုပ်ပျက်တယ်။ ဒီလိုနှလုံးသွင်းတာနော်။ အဲဒီလိုနှလုံးသွင်း မျိုးကိုအတုခိုးရမှာ။  အဲဒီလိုမဟုတ်ဘဲ ဟိုကိစ္စလည်း ငါပါမှ။ ဒီကိစ္စလည်း ငါရှိမှဆိုရင်တော့ တ ရားတွေပျက်ကုန်မှာပဲ။ ကိစ္စများရင် တရားမရဘူးသာမှတ်။

နောက်တစ်ချက် က
စကားနည်းစေ” ~~~~~~~~~~~~~~
စကားပြောရင်သမာဓိပျက်လို့ ‘ယောဂီတွေ စကားမပြောကြနဲ့’လို့ ခဏခဏ သတိပေးနေတာ။ ထိုင်မှတ်တဲ့အချိန်မှာ ပင်ပင်ပန်းပန်းနဲ့ကြိုးစားမှတ်မှရတဲ့ သမာဓိလေးဟာ တရားနဲ့မဆိုင်တဲ့စကားကို ငါးမိနစ်လောက်ပြောလိုက်တာနဲ့ အကုန်ပျက်ရော။ နောက်တစ်ချိန် ပြန်ထိုင်တဲ့အခါ စိတ်တွေပျံ့ပြီး အာရုံနဲ့မှတ် စိတ်က တော်တော်နဲ့ကိုမမိတော့ဘူး။
ဒါကြောင့် ယောဂီတွေပြောနိုင်တဲ့စကား(၁၀)မျိုးကိုတောင် လိုရင်းတိုရှင်းပဲ ပြောရမယ်။ အချိန် အကြာ ကြီးမပြောရဘူး။
(၁) အလိုနည်းမှုနဲ့ဆိုင်တဲ့စကား
(၂) တင်းတိမ်ရောင့်ရဲမှုနဲ့ဆိုင်တဲ့စကား
(၃) အပေါင်းအသင်းကင်းကွာမှုနဲ့ဆိုင်တဲ့စကား
(၄) ဝီရိယနဲ့ဆိုင်တဲ့စကား
(၅) ဆိတ်ဆိတ်ငြိမ်ငြိမ်နေရခြင်းတန်ဖိုးနဲ့ဆိုင်တဲ့စကား
(၆) သီလနဲ့ဆိုင်တဲ့စကား
(၇) သမာဓိနဲ့ဆိုင်တဲ့စကား
(၈) ပညာနဲ့ဆိုင်တဲ့စကား
(၉) လွတ်မြောက်မှုချမ်းသာနဲ့ဆိုင်တဲ့စကား
(၁၀) မဂ်ဖိုလ်နိဗ္ဗာန်နဲ့ဆိုင်တဲ့စကား
ဒါကိုတော့အကျယ်မချဲ့တော့ဘူး။ သိစေချင်တာက ဝစီပိတ်ကျင့်ရမှာမဟုတ် ပေမဲ့ စကားနည်းမှ တရားစွဲမယ်ဆိုတာကိုပဲ။ ပထမမိုးညှင်းဆရာတော်ဘုရား ကြီးဆိုရင် တရားကျင့်တဲ့အခါတုန်းက ‘စကားမပြောတရားမဟော’ ဘဲနဲ့(၁၀) နှစ်ကြာတယ်တဲ့။ ကြည်ညိုစရာ အတူယူစရာ မကောင်းဘူးလားဗျာ။
‘ကောင်းပါတယ်ဘုရား’

အိပ်နေမှုနည်း” ~~~~~~~~~~~~~
အိပ်ရေးပျက်မှာ မကြောက်ပါနဲ့။ မြန်မြန်တရားရချင်တဲ့ယောဂီက မနက်အ စောကြီးထရတာကို စာဖွဲ့မနေဘူး။ ညဘက်တွေမှာတောင် တစ်ရေးနိုးတာနဲ့ ထမှတ်တာ။ နာရီဝက်ပဲရရတစ်နာရီပဲရရ။ ညဆိုတာအတတ်နိုင်ဆုံး တစ်ချိန် နှစ်ချိန်တော့ ထထိုင်ရတယ်။
နိုးလာတာနဲ့ ပြန်အိပ်တယ်ဆိုရင် ရပ်ထဲရွာထဲကလူတွေနဲ့ ဘာထူးတော့မှာ လဲ။ တစ်သံသရာလုံး အိပ်လာတာ။ ခဲခဲယဉ်းယဉ်းရလာတဲ့လူ့ဘဝကို အိပ်ပြီး တော့အချိန်တွေဖြုန်းမပစ်နဲ့။ ရှုမှတ်ကြ။

ကိုယ်တည်းပျော်လေ” ~~~~~~~~~~~~~~~~~~
ကိုယ့်အမှတ်လေးနဲ့ကိုယ် တရားနဲ့ပျော်ပါ။ အဖော်ရှိရင် မကင်းရာမကင်း ကြောင်း၊ စကားတွေ  ပြောနေရဦးမယ်။ စိတ်တိုင်းမကျတာတွေလည်း ကြုံတွေ့ နိုင်တယ်။ တစ်ယောက်တည်း နေတာ အကောင်း ဆုံးပဲ။
ကြံ့ချိုလိုကျင့်၊ သမင်ချိုလိုမကျင့်နဲ့။ သမင်တွေဆိုရင်တောထဲမှာ ရန်သူနဲ့ တွေ့လို့ ပြေးရလွှားရတဲ့အခါ သူရဲ့ချိုတွေက ဟိုငြိဒီငြိနဲ့ရှေ့ကို မရောက်နိုင် တော့ဘူး။ ဒုက္ခဖြစ်ရော။ ကြံ့တွေကျတော့ ဦးချိုက တစ်ချောင်းတည်း ဘာမှငြိစ ရာမရှိဘူး။
အဲဒီလိုပဲ ယောဂီဆိုတာ အပေါင်းအဖော်တွေများရင် တရားက ရှေ့ကိုမ တက်နိုင်တော့ဘူး။ ကြံ့ချိုလို တစ်ခုတည်း တစ်ယောက်တည်းက တရားကိုပို လုပ်ဖြစ်တယ်။ တတ်နိုင်ရင်တောရဆောက်တည်ကြ။

ဆုံးမလွယ်ကြောင်း”~~~~~~~~~~~~~~~~~~
‘ဆရာကပြောချင်တာပြော ငါလုပ်ချင်တာလုပ်မှာပဲ’ ဆိုရင်တော့တရားရမှာ မဟုတ်ဘူး။ အများအားဖြင့် စာပေဗဟုသုတများတဲ့ယောဂီက မာနရှိတတ် တယ်။ အကုန်လုံးကို သိမ်းကြုံး ပြောတာတော့ မဟုတ်ဘူး။ ဖြစ်တတ်တဲ့သ ဘောကို ပြောတာ။
ကိုယ့်ကိုယ်ကို အထင်ကြီးတော့ ဆရာကိုအထင်သေးတာပေါ့ဗျ။ အထင် သေးတော့ ဆရာသမား ပြောတာကို နားမထောင်ဘူး။ အဲဒီအဖြစ်မျိုးကိုရှောင် ပြီး ဆိုဆုံးမလွယ်မှလည်း တရားရမြန်တာ။

မိတ်ကောင်းရှိစေ”~~~~~~~~~~~~~~~~
ဒါကအရေးကြီးတယ် ကိုယ့်ထက်တရား အတွေ့အကြုံများပြီး ကြိုးကြိုးစားစား အားထုတ်တဲ့ ယောဂီနဲ့ ပေါင်းပါ။ တရားအားထုတ်ရင်း တစ်ခါတလေ ကိုယ်ဉာဏ် မမီတာလေးတွေ့ကြုံတတ်တယ်။ ယောဂီဆိုတာဆရာသမားကို အမြဲတမ်းမမေးဝံ့ဘူး။ ကြောက်တာလည်းပါမယ်။ ဒါလေးတောင်မသိရ ကောင်းလား ဆိုပြီး အထင်သေးခံရမှာစိုးလို့လည်းဖြစ်တတ်တယ်။
ကိုယ်မေးချင်တဲ့အချိန်မှာ ဆရာသမားကလည်း အလုပ်များရင်များနေမှာ ကိုး။ အဲဒီတော့အမြဲတမ်း ဆရာသမားကိုပဲမေးဖို့ဆိုတာအဆင်မပြေဘူး။ ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းရှိတဲ့သူကျတော့ တော်ရုံတန်ရုံကိစ္စကို သူ့ မေးလိုက်တာနဲ့ အဆင်ချော သွားရော။ တချို့ကအသက်ငယ်ပေမဲ့ ဓမ္မဗဟုသု တလည်းများတယ်။ ဆရာသမားကောင်းနဲ့ တရားအားထုတ်ထားတဲ့ အတွေ့ အကြုံလည်းများတော့ လမ်းကြောင်းမှန်အောင်ညွှန်ပြနိုင်တယ်နော်။
တရားမြန်မြန်ရချင်တဲ့သူက အဲဒီလို အပြင်မိတ်ကောင်းကိုလည်းရွေးပေါင်း ရတယ်။ ပါပမိတ္တနဲ့ မပေါင်းရဘူး။ မူးရူးဆိုးသွမ်းနေမှပါပမိတ္တခေါ်တာမဟုတ် ဘူးနော်။ အချိန်ဖြုန်းနေတဲ့ပုဂ္ဂိုလ်နဲ့ မရှုမမှတ်တဲ့ ပုဂ္ဂိုလ်ဟာ ပါပမိတ္တပဲ။ ဒါ ကြောင့်မို့ မြန်မြန်တရားရချင်တဲ့ ယောဂီဟာ ဟိုလျှာက်သွား ဒီလျှောက်သွား ယောဂီတွေနဲ့ မပေါင်းရဘူး။ ကိစ္စများစကားများတဲ့ ယောဂီတွေကိုလည်း ရှောင်ရမယ်။
အတွင်းမိတ်ကောင်းကျတော့ သဒ္ဓါ ပညာနဲ့ပေါင်းပါ။ သတိ ပညာနဲ့ပေါင်းပါ။ လောဘ ဒေါသနဲ့ မပေါင်းပါနဲ့။ ဒီ(၆)ပါးနဲ့ပြည့်စုံရင်တရားမြန်မြန်ရတယ်။

နောက်ထပ်ဘာ အကြောင်းတရားတွေရှိသေးလဲကြည့်ကြရအောင် •••
အားထုတ်နေတာချင်းအတူတူ သူကဘာဖြစ်လို့မြန်မြန်တရားတက်သွားတာ လဲ။
ဆန်းစစ်ကြည့်တဲ့အခါ •••
(၁) အမှတ်ဆက်လို့
(၂) အပေါ်ယံလေးလျှံ ပြီးမမှတ်ဘဲ စူးစူးစိုက်စိုက်မှတ်လို့။
(၃) ဣန္ဒြေတွေ ညှိတတ်လို့။
ဒီလိုလဲသိထားရမယ်နော်။
အမှတ်ဆက်တာက သုံးမျိုးရှိသေးတယ်။
>> ပထမတစ်မျိုးက ထိုင်လျက်နဲ့လည်း အမှတ်ဆက်တယ်။ သုခဝေဒနာပေါ်လာရင် မှိန်းနေတဲ့ အကျင့်မရှိဘူး။ စိတ် ကူးရင်လည်း မှတ်တယ်။ ပျင်းရင်လည်းမှတ်တယ်။ အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေးမှတ်တယ်။
အရေးကြီးတယ်နော်ယောဂီတို့ ဉာဏ်စိုက်ထားပါ။ ထိုင်မှတ်နေပေမဲ့ တချို့ က အမှတ် ဆက်တာမဟုတ်ဘူး။ တချို့ယောဂီကအာရုံကို တစ်ခုတည်း လှေနံ ဓားထစ်ပဲ။ ရွရွမွမွ တောင့်တောင့် တင်းတင်းနဲ့ ပူတာ အေးတာ လှုပ်တာ ဒါပဲ မှတ်တယ်။ စိတ်ကိုကျတော့ လုံးလုံးမမှတ်ဘူး။ အဲဒိတော့ အမှတ်ကဆက်ပါ တော့မလား။
‘မဆက်ပါဘူးဘုရား’
ဘာအာရုံလာလာရှုမှတ်တတ်မှ မြန်မြန်တရားတက်တာနော်။ ဒါကြောင့်မို့ မဟာစည် ဆရာတော်ဘုရားကြီးက ပေါ်ရာပေါ်ရာကိုရှုမှတ်ခိုင်းတာ။ ရုပ်ပေါ် ရင်ရုပ်ကိုမှု။ ဝေဒနာပေါ်ရင် ဝေဒနာကိုရှု။ စိတ်ပေါ်ရင်စိတ်ကိုရှု။ သဘောပေါ် ရင်သဘောကိုရှု။
သတိပဋ္ဌာန်လေးပါးလုံး အကုန်ပါသွားရော။ အဲဒီတော့ ထိုင်မှတ်နေတဲ့အခါ အမှတ်က ဆက်နေတဲ့ အတွက် တရားမြန်မြန်တက်တယ်။
>> ဒုတိယတစ်မျိုးက ဣရိယာပုတ်နဲ့လည်းအမှတ်ဆက်တယ်၊ ထိုင်တဲ့အချိန်ပဲ မှတ်တာမဟုတ်ဘူး။ သွားတဲ့ အခါ လည်းမှတ်တယ်။ ရင်နေတဲ့အခါလည်းမှတ် တယ်။ မအိပ်မီ တုံးလုံး လှဲတဲ့အခါမှာ လည်းမှတ်တယ်။ ဣရိယာပုတ်မရွေးမှတ် တယ်။
>> တတိယတစ်မျိုးက မဂ်ဉာဏ်ဖိုလ်ဉာဏ်ရတဲ့အထိလည်း အမှတ်ဆက်တယ်။ တစ်နှစ်ကို တစ်လနှစ်လ အားထုတ်လိုက်အိမ်ပြန်လိုက်။ ဒါမျိုးမဟုတ်ဘူး။
‘လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်သွားရမည်’ဆိုတဲ့အ တိုင်း အနည်းဆုံး တစ်မဂ် တစ်ဖိုလ်ရတဲ့အထိ တောက်လျှောက်အားထုတ် မယ်၊ ဒီလိုဆုံးဖြတ်ပြီးအားထုတ်တာ။ ဒါကြောင့် မြန်မြန်တရားရဖို့ဆိုတာ အ မှတ်ဆက်ဖို့လိုတယ်။ အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေး၊ ဣရိယာပုတ်မ ရွေးမှတ်ရမယ်။ စူးစူးစိုက်စိုက်မှတ်ဖို့ လိုတယ်။

 
မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ
((Copied from Buddhavasa Tiloka's facebook))
 

            
   (Share this page on Facebook
)


 
KyawkyawSan Facebook မှကူးယူးဖော်ပြပါသည်။