၁၁ ကြိမ်မြောက် မြစိမ်းတောင်ဆရာတော် ဝိပဿနာ (၉) ရက် တရားစခန်း (စင်္ကာပူ) ၂၀၂၄ | |
ဤwebpage မှာ
၁၁ ကြိမ်မြောက် မြစိမ်းတောင်ဆရာတော် ဝိပဿနာ (၉) ရက် တရားစခန်း (စင်္ကာပူ) ၂၀၂၄
တရားစခန်းဝင်မည့် ယောဂီများအတွက် သီးသန့် စီစဉ်ထားသော page ဖြစ်ပါသညိ
စာရင်းပေးသွင်းထားကြသော ယောဂီစာရင်းကို
အောက်ဘက်ရှိ အမှတ်စဉ်
5, 6, 7& 8, တွင်ကြည့်ပါ။
ဒုလ္လဘရဟန်းဝတ်အထွေထွေတာဝန်ခံ -
(၁)
စင်္ကာပူအစိုးရမှ ထုတ်ပေးထားသော နေထိုင်ခွင့်ကတ် (
IC, EP , SPass Card, Social Visit Pass များ
အတွက် White Card စသည်) မူရင်းနှင့်
အဖိုးတန် ပစ္စည်းများ
အရေးကြီးစာရွက်စာတမ်းများ မယူဆောင်လာရန်
မေတ္တာရပ်ခံပါသည်။
4. အထွေထွေွ (၁) Site Map (တရားစခန်းအတွက် နေရာချထားမှု အစီအစဉ်ကြည့်ရန် Click ပါ) (၂) Map of St. John's Island (စိန့်ဂျွန်းကျွန်းမြေပုံကြည့်ရန် Click ပါ)
(၃)
ယောဂီများ ပထမဆုံးနေ့ Check-In
လုပ်ရမည့်အချိန်တွင် နားလည်သိရှိကြောင်း
လက်မှတ်ထိုးရမည့် အထူးမေတ္တာရပ်ခံချက် ဖတ်ရန် Click
ပါ။ |
|
တရားစခန်းအတွက် နေရေး၊ စားရေး၊
ခရီးစရိတ် အားလုံးအခမဲ့ဖြစ်ပါသည်။ မည်သည့် အခကြေးငွေမှ ပေးရန်မလိုပါ။ သဒ္ဓါတရားအလျှောက်လှူဒါန်းသော
လှူဒါန်းငွေကိုသာ လက်ခံပါမည်။ သတ်မှတ်ချက် မရှိပါ။
တရားစခန်းတွင် အလှူခံပုံး နှင့် စာအိတ်များ
ထားရှိပေး မည်ဖြစ်ပြီး မိမိ အမည် နှင့်
အလှူငွေ ပမာဏကိုရေးသားကာ လှူဒါန်းနိုင်ပါသည်။
|
|
တရားစခန်းအတွက် လှူဒါန်းလိုသူများ ဤနေရာတွင် ကြည့်ရှုပြီးလှူဒါန်းနိုင်ပါသည်။ |
|
5.ဒုလ္လဘရဟန်း၊ဝတ်မည့်သူများ |
|
6.သီလရှင် ဝတ်မည့်သူများ |
|
7.အမျိုးသားယောဂီ စာရင်း |
|
8.အမျိုးသမီးယောဂီ စာရင်း
|
|
9. အထူးအကြံပြုချက် တရားစခန်းဝင်မည့်ယောဂီအားလုံး အထူးသဖြင့်ယောဂီသစ်များ ပြီး ခဲ့သော ၂၀၁၀၊၂၀၁၁ ၂၀၁၂၊ ၂၀၁၃ နှင့် ၂၀၁၄ စင်္ကာပူ တရားစခန်းတွင် မြစိမ်းတောင် ဆရာတော်ဘုရား ဟော ကြား တော်မူသော အလုပ်ပေး တရား တော် များကို ကြိုတင်နာကြားထားဖို ့ အကြုံပြု လိုပါသည်။ တရားတော်များကို မှတ်မှတ် သားသား နာကြားခဲ့သူများသည် တရားစခန်းကာအတွင်း ထားသင့်သော စိတ်နေ စိတ်ထား၊ ရှိသင့် သော နှလုံးသွင်းမှု၊ ရှုနည်း၊ မှတ်နည်းများ ဆရာတော် များ၏ သြဝါဒများနှင့် ပတ်သတ်ပြီး အတော်အသင့် နားလည် နေပေလိမ့်မည်။ ပြီး ခဲ့သော စင်္ကာပူတရားစခန်းများ တွင် မြစိမ်းတောင် ဆရာတော်ဘုရား ဟောကြားတော်မူသော တရားတော်များနားထောင်ရန် ဒီနေရာကို Click ပါ။ http://www.myaseintaung.net/video/audio.html တွင်လည်း တခြားတရားတော်များကို Download လုပ်၍ နာကြားနိုင်ကြပါသည်။ တရားစခန်းရောက်မှ တရားစတင် အားထုတ်ခြင်းထက် တရားစခန်းမတိုင်ခင် မိမိအိမ်မှာကတည်းက အချိန်ရ လျှင် ရသလို နေ့စဉ် နာရီဝက်၊ တနာရီ အစရှိသည်ဖြင့် ကြိုတင် အားထုတ်လာခဲ့ပါက တရား စခန်းတွင် ပိုမိုထိရောက်မှုရှိပြီး တရားတိုးတတ်မှုရှိပါလိမ့်မည်။ ထို့အပြင် မည်သည့်အချိန်၊ မည်သည့် ဣရိယာပုဒ် တွင်မဆို အရေးတကြီး တာဝန်ထမ်းဆောင်ချိန် မဟုတ် ပါက ဖြစ်နိုင်သည့် အချိန်တိုင်းတွင် ကြိုးစားပြီး မိမိ၏ ကိုယ်အမူအရာ၊ စိတ်အမူအရာ အစရှိသည်များကို သွားရင်းလာရင်း လုပ်ရင်း ကိုင်ရင်း ရှုမှတ်နိုင်ကြပါသည်။ လပြည့်၊ လကွယ်နှင့် (၈)ရက် ဥပုဒ်နေ့များတွင် (၈)ပါးသီလ စောင့်ထိမ်းရန် ကြိုတင်ပြီး အလေ့ အကျင့် ပြုလုပ်လာပါက ပိုကောင်းပါသည်။ အကယ်၍ ဥပုဒ်နေ့များတွင် အလုပ်လုပ်နေရ၍ စောင့်ထိမ်းရန် အဆင်မပြေပါက စနေ၊ တနင်္ဂနွေနေ့များ၊ (သို့မဟုတ်) အခြားအားလပ်ရက်များတွင်လည်း (၈)ပါးသီလ စောင့်ထိမ်းနိုင်ကြပါသည်။
တရားစခန်း၏ အဓိကရည်ရွယ်ချက်မှာ
တရားလိုလားသူ သူတော်ကောင်းများ တရား တိုးတတ်ရေး ဖြစ်သည့် အတွက် ရှုမှတ်၊ အားထုတ်ဆဲ
ပုဂ္ဂိုလ်များ ပိုမိုအားထုတ်ဖြစ်ရန်၊ အားမထုတ်ဖြစ်သေးသူများ အားထုတ်ဖြစ်စေရန် အကြုံပြုခြင်းဖြစ်ပါသည်။
10. တရားတိုးတက်မှုရှေးရှု၍ ယောဂီများလိုက်နာရန်စည်းကမ်းများ (၁) ယောဂီများ (၈) ပါးသီလစောင့်ထိန်းရပါမည်။ (၂) အမှန်တကယ်လိုအပ်သော အကြောင်းကိစ္စမှအပ တရားစခန်းပြီးချိန်အထိ စကားလုံးဝမပြောရပါ။ (၃) ထိုင်တရားမှတ်ခြင်း၊ စင်္ကြန်လျှောက်မှတ်ခြင်း တို ့အပြင် မည်သည့်လှုပ်ရှားမှု (အထိုင်၊ အထ၊ တံခါး အဖွင့်အပိတ်၊ အဝတ်လဲ၊ ဆွမ်းစား စသည်) မဆို ရှုမှတ်မှု ဖြင့်သာဆောင်ရွက် ရပါမည်။ (၄) သွားလာရာ၌ နှစ်ယောက်ယှဉ်၍ မသွားလာရပါ။ ရှေ ့နောက်စဉ်လျှက် တစ်ဦးနှင့်တစ်ဦး မထိစေဘဲ သွားလာရပါမည်။ (၅) ယောဂီများတရားထိုင်ချိန်တွင် သတ်မှတ်ထားသော တရားထိုင်ခန်းမတွင်သာ တရားထိုင်ရပါမည်။ (၆) တရားစခန်းအတွင်း ဟန်းဖုန်း၊ ကင်မရာ စသည်များ လုံးဝ သုံးစွဲခွင့်မရှိပါ။ (ဆက်သွယ်ရန်ရှိသော ကိစ္စများကို တရားစခန်းမတိုင်ခင် တခါတည်းရှင်းခဲ့စေလိုပါသည်။ ဟန်းဖုန်းများ ကို သက်ဆိုင်ရာ အမည်၊ ယောဂီ Badge No နံပါတ်များနှင့်အတူ သိမ်းစည်းထားမည်ဖြစ်ပြီး တရားစခန်း ပြီးမှသာ ပြန်လည် ထုတ်ပေး မည်ဖြစ်ပါသည်။ တရားစခန်းကာလအတွင်း ကင်မရာများ၊ ဗီဒီယို ကင်မရာ များ Table PC Laptop အစရှိသည့် တရားအားထုတ်မှုနှင့် မသတ်ဆိုင်သော ပစ္စည်းများ သုံးစွဲ ခွင့်မရှိ ပါ။ ဝေယျာဝစ္စ ဆောင်ရွက်သူများမှ မှတ်တမ်းတင် ရိုက်ကူးပေးမည်ဖြစ်ပြီး အားလုံးကို ပြန်လည် ဖြန့်ဝေပေးမည်ဖြစ်သည်။ နောက်ဆုံးနေ့ တရားစခန်းပြီးမှသာ အသုံးပြုနိုင်ပါသည်။ (၇) ယောဂီများသည် သတ်မှတ်ထားသောနေရာတွင်သာ အိပ်ရပါမည်။ သတ်မှတ်နေရာမှအပ အခြားနေရာသို့ သွားရောက် အိပ်စက်ခြင်းခွင့်မပြုပါ။ (၈) ယောဂီများသည် မသက်ဆိုင်သောနေရာများသို့ သွားလာခွင့်၊ စင်္ကြန်လျှောက်ခွင့် မရှိပါ။ အမျိုးသား ယောဂီများသည် အမျိုးသမီးယောဂီဆောင် ဘက်သို့လည်းကောင်း၊ အမျိုးသမီးယောဂီများသည် အမျိုး သား ယောဂီဆောင် ဘက်သို ့လည်းကောင်း သွားလာခွင့်၊ စင်္ကြန်လျှောက်ခွင့် အခြင်းခြင်း ဆက်သွယ် ခွင့် မရှိပါ။ (၉) အိပ်ရာခင်း၊ အဝတ်စသည် များကို သပ်ရပ်စွာ ထားရပါမည်။ (၁၀) အမျိုးသမီးယောဂီများ လက်ပါ(လက်တို၊ လက်ရှည်) အင်္ကျီ ၊ ယောဂီလုံချည် (သို့မဟုတ်)အရောင်ဖျော့ပြောင် အင်္ကျီနှင့် အခြား သင့်တော် သည့်လုံချည်ဝတ်ဆင်နိုင်သည်။ တရားစခန်းနှင့် မသင့်တော်သော ကျပ်လွန်း တိုလွန်းသော အဝတ်အစားများ မဝတ်ဆင်သင့်ပါ။ သင့်တော်မည့် တီရှပ်အဖြူု (သို့မဟုတ်) ပိုလိုတီရှပ်အဖြူကို ယောဂီသဘတ် ပတ်ပြီး ဝတ်ဆင်နိုင်ပါသည်။ (၁၁) အားလုံး တညီတည်း ဖြစ်စေရန် ယောဂီသဘတ်ကို ဘယ်ဘက်ပုခုံးပေါ် တွင် တင်ထားရပါမည်။ (၁၁) အမျိုးသားယောဂီများ အဖြူ(သို့)အရောင်ဖျော့အင်္ကျီ ပြောင်တီရှပ် နှင့်ပုဆိုး (သို့)အခြား comfortable ဖြစ်မည့်ဘောင်းဘီရှည် ဝတ်ဆင်နိုင်ပါသည်။ (လက်ပြတ်စွပ်ကျယ်ဝတ်ဆင်ခွင့်မပြုပါ။) (၁၂) တရားစခန်း ပြင်ပသို့အရေးပေါ်ကိစ္စနှင့် မလွဲမရှောင်သာသောကိစ္စမှအပ တရားစခန်းနှင့် မသက်ဆိုင်သောနေရာများသို့ထွက်ခွာခွင့်မရှိပါ။ လိုအပ်ပါက တာဝန်ရှိသူထံ အကြောင်းကြားရမည်။ (၁၃) ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း စသည်တို ့ကိုခွင့်မပြုပါ။ (၁၄) အချိန်ပြည့်တရားရူမှတ်မှုဖြင့်သာနေရမည်ဖြစ်သဖြင့် စာဖတ်ခြင်း၊ တရားခွေနားထောင်ခြင်း တရားဆွေးနွေးခြင်းများ ခွင့်မပြုပါ။ (၁၅) တရားစခန်းကာလအတွင်း ဖျားနာခြင်း သို့မဟုတ် အခြားပြဿနာ တစုံတရာရှိပါက အဆောင်မှူး ထံ ချက်ချင်း အကြောင်းကြားးရမည်။ မှတ်ချက်။ ။ဖြစ်နိုင်ပါက တရားစခန်းကာလအတွင်း အဖြူရောင်အင်္ကျီ တမျိုးတည်းသာ ဝတ်စေ လိုပါသည်။ 11. အထူးပန်ကြားချက် ယောဂီများ အချင်းချင်းစကားပြောခြင်း၊ တရားဆွေးနွေးခြင်း လုံးဝ မပြုလုပ်ရပါ။ စကားပြောခြင်းဖြင့် မိမိနှင့် သူတပါးအား တရားအမှတ် ပျက်စေသည့်အပြင် အခြားတရားအားထုတ်နေသူများကို အနှောက် အယှက်ကြီးစွာဖြစ်စေသည်။ တရားအားထုတ်မှုနှင့် ပတ်သတ်၍ သိလို၊ မေးမြန်းလိုပါက ဆရာတော်များထံ လျှောက်ထား နိုင်ပါသည်။ တရားအားထုတ်ခြင်းနှင့် ဆက်စပ်သော ရိုးသားစွာ သိလို၍မေးသော မေးခွန်းမျိုးသာဖြစ်ရပါမည်။ တရားအားထုတ်မှုနှင့် မသက်ဆိုင်သော အကြောင်း အရာများ မေးမြန်းလျှောက်ထားခြင်း ခွင့်မပြုပါ။ မိမိကြောင့် သူတပါး အနှောက်အယှက်ဖြစ်စေမည့် စကားပြောခြင်း၊ မျက်ရိပ်ကဲဖြင့် ဆက်သွယ်ခြင်း ကိုယ်အမူအယာဖြင့် ဆက်သွယ်ခြင်းများ လုံးဝမပြုလုပ်ရပါ။ ယောဂီများအနေဖြင့် အဆောင်မှုးနှင့် အခြား တာဝန်ရှိဝေယျာဝစ္စပုဂ္ဂိုလ်များ ကိုသာ လိုအပ်ချက်များ ရှိပါက ပြောကြားနိုင်သည်။ (တရားစခန်း ၉-ရက် အတွင်း အမှန်တကယ် မလိုအပ်လျှင် လုံးဝစကားမပြောဟု မိမိဘာသာ အဓိဌာန် ထားနိုင်လျှင် ကောင်းပါသည်။)
ယောဂီများအနေအဖြင့် ကိုယ်အမူအရာ၊ မျက်စိအမူအရာမှအစ
လှုပ်ရှားမှု့အမူအရာမှန်သမျှရှုမှတ် မှုဖြင့်
သတိကြီးစွာထားပြီး ယောဂီပီသအောင် တတ်နိုင်သရွေ
့အချိန်ပြည့်နေရပါမည်။ 12. ဆောင်ရွက်ရန် (၁) ခြင်မရှိသလောက်နည်းပါသည်။ mosquito repellent ခေါ်ခြင်မကိုက်ရန် လိမ်းသည့်ဆေး သုံးစွဲလိုပါကဝယ်ယူလာနိုင်သည်။ Guardian, Seven Eleven နှင့် Pharmacy စသော ဆိုင်များ တွင်ရနိုင်ပါသည်။ အများစု မသုံးစွဲပဲ နေနိုင်ကြပါသည်။ (၂) ယောဂီများ 04.02.2024 ရက်နေ့ ၉ နာရီ ထက်နောက်မကျပဲ Marina South Pier သို့ရောက်ရှိရမည်။ အချိန်မီရောက်ရန်လိုအပ်ပါသည်။ (၃)ထိုနေ့ (04.02.2024 ရက်နေ)အတွက် နေ့ဆွမ်းကို ရိပ်သာတွင်စီစဉ်ပေးပါမည်။ ထိုနေ့အတွက် နံနက်စာ စီစဉ်ပေးနိုင်မည်မဟုတ်ပါ။ (၄) တရားစခန်းအတွက် အချိန်ဇယားကို တရားစခန်းရှိ မြင်သာသောနေရာများတွင် ကပ်ထား ပေးပါမည်။ တရားထိုင်ချိန်များနှင့် တရားပွဲအချိန်များတွင် ၁၀ မိနစ်ခန့် ကြိုတင်ပြီး အချက်ပေး ခေါက်မည်ဖြစ်ပြီး တရားခန်းမသို့ အချိန်မီ လာရောက်ရန် လိုအပ်ပါသည်။ (၅)တရားစခန်းသိမ်းမည့်ရက် (12-02-2024) မနက် ၁၀း၀၀ နာရီတွင် တရားစခန်းမှ ထွက်ခွာပါမည်။ (၆) တရားစခန်းအတွက် အလှုငွေထည့်လိုသူယောဂီများအတွက် တရားထိုင်ခန်းမ ဘုရားခန်းတွင် အလှုခံပုံး နှင့် စာအိတ် ထားရှိပေးမည် ဖြစ်သည်။ မိမိအမည်၊ ငွေပမာဏ၊ လှုဒါန်းလိုသောအရာ (ဆရာ တော်အတွက် နဝကမ္မ၊ ဆွမ်း၊ အအေးနှင့်ရေ၊ ခရီးစရိတ်၊ အထွေထွေ ကုန်ကျ စရိတ်)၊ တို့ကို စာအိတ်ပေါ်တွင် ရေးသားပြီး အလှုခံပုံးထဲထည့်၍ လှုဒါန်းနိုင်ပါသည်။
|
|