သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ပါ
(ဓမ္မမှတ်စုများ-၅)
သောတာပန်ဖြစ်ဖို့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အမြစ်ပြတ်
ပယ်နိုင်အောင် ကြိုးစားရမှာဆိုတော့
ဝိစိကိစ္ဆာ အ ကြောင်းကိုလည်း ဂဃဏန သိဖို့လိုအပ်တယ်။
သိမှပယ်နိုင်မယ်။ ပထမသိအောင်လုပ်ကြဦး။
ဉာတ ပရိညာနဲ့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကင်းမှ ပွားများအားထုတ်တဲ
့အခါမှာ အားရှိတယ်။ အဲဒီဝိစိကိစ္ဆာ ကင်းရှင်းဖို
့ လည်း ပဲ လေ့လာရတယ်။ မှတ်သားရတယ်။
ဝိစိကိစ္ဆာဆိုတာ ယုံမှားခြင်းကို ဆိုလိုတာ။ ဒိဋ္ဌိနဲ
့တွဲနေတယ်။ အားလုံး(၈)မျိုးရှိတယ်။
(၁) ဘုရားကိုမယုံဘူး။
(၂) တရားကိုမယုံဘူး။
(၃) သံဃာကိုမယုံဘူး။
(၄) သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကိုမယုံဘူး။
(၅) သံသရာရဲ ့ရှေ့အစွန်းကို မယုံဘူး။
(၆) သံသရာရဲ ့ နောက်အစွန်းကို မယုံဘူး။
(၇) ရှေ့အစွန်းကိုရော နောက်အစွန်းကိုပါ မယုံဘူး။
(၈) ပဋိစ္စသမုပ္ပါဒ်ကို အယုံအကြည်မရှိဘူး။
ဒီယုံမှားခြင်း (၈) မျိုးဟာ သက္ကာယဒိဋ္ဌိကြောင့်
ဆက်ဖြစ်လာတာ။ သက္ကာယဒိဋ္ဌိရှိလို့ သဿတဒိဋ္ဌိနဲ့
ဥစ္ဆေဒ ဒိဋ္ဌိဆက်ဖြစ်တယ်။ ဒါကြောင့်မို့
သက္ကာယဒိဋ္ဌိပြုတ်ရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း
အလိုလို ပြုတ်တယ်။ ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားခြင်းလည်း
ကင်းသွားတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဒါန၊ သီလ၊ ဘာဝနာတွေပြုကြတယ်။
သစ္စာတရားကျကျနနမနာရလို့ရှိရင် ဒိဋ္ဌိဖြစ် တာ များတာပဲ။
ငါတို့ပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို နောင်ဘဝမှာ
ငါတို့ပဲ စံရမှာလို့ ထင်ကြတယ်။
ကုသိုလ်လုပ်တာလည်း ငါတို့ပဲ။
ကုသိုလ်အကျိုးကိုစံရမှာလည်း ငါတို့ပဲ။
ရုပ်နာမ်နှစ်ပါးကို ငါသူထင် နေတဲ့အတွက် သက္ကာယဒိဋ္ဌိလည်း
ဖြစ်တယ်။ ယခုပြုတဲ့ငါနဲ့ စံစားရမယ့်ငါကို
တစ်ထပ်တည်း ယူထား တဲ့အတွက် သဿတဒိဋ္ဌိလည်းဖြစ်တယ်။
တချို့ကျတော့ အခုဘဝကိုယ်က အခုဘဝစံ။ နောင်ဘဝကိုယ်က
နောင်ဘဝခံ။ ဒီဘဝကိုယ်နဲ့ နောင်ဘဝကိုယ်က
လုံးဝအဆက်အစပ်မရှိဘူး။ သက်သက်စီလို့ ယူလိုက်တဲ့အတွက်
ဥစ္ဆေဒဒိဋ္ဌိ ဖြစ် သွား တယ်။
အဲဒီလိုပုဂ္ဂိုလ်မျိုးက အကုသိုလ်လုပ်ဖို့ ဝန်မလေးတော
့ဘူး။
အမှန်က အကြောင်းအကျိုးက ပြတ်သွားတာမဟုတ်ဘူး။ ကမ္မသတ္တိအရ
အကြောင်းအကျိုးတော့ ဆက် စပ်နေ တယ်။ သို့သော်လည်းပဲ
ဒီဘဝရုပ်နာမ်တွေက ဒီဘဝမှာပဲ ချုပ်တယ်။ ဟိုဘက်ဘဝကို
မလိုက် ဘူး။ ဒီဘဝရုပ်နာမ်တွေက ဟိုဘက်ဘဝကို လိုက်တယ်လို
့ထင်ရင် သဿတဒိဋ္ဌိ။
အကြောင်းကံ တွေက ဒီဘက်မှာပဲ ပြီးသွားတယ်။ ဟိုဘက်ဘဝကို
လုံးဝလိုက်ပြီးအကျိုးမပြုဘူးလို့ ထင်ရင်လည်း
ဥစ္ဆေဒဒိဋ္ဌိ။
အဲဒီနှစ်ခုကြားထဲက သွားတာမှ မဇ္ဈိမပဋိပဒါသမ္မာဒိဋ္ဌိ။
အဲဒီ သမ္မာဒိဋ္ဌိအမြင်မျိုးက သံသယ ကင်းရှင်း မှဖြစ်တာ။
မနေ့တုန်းက တရားနာထားတဲ့စွမ်းအားကြောင့် ဒီနေ့
တရားတွေပိုသဘောပေါက်တယ်။ မနေ့က တရား အားထုတ်ခဲ့တဲ
့အတွက်ကြောင့် ဒီနေ့ပိုပြီးတော့ သမာဓိရလာတယ်။
ပိုထိုင်နိုင် လာတယ်။ ဉာဏ်လည်းပိုပွင့်လာတယ်။ ဒါဟာ
ကမ္မသတ္တိအရ အကြောင်းအကျိုးတွေ ဆက်စပ်နေလို့ပဲ။ အဲဒီလို
အကြောင်းအကျိုးဆက်တာကို သဘောပေါက်မှ ဥစ္ဆေဒဒိဋ္ဌိစင်တာ။
အဲဒီလို ကမ္မသတ္တိတွေက အကြောင်းအကျိုးဆက်စပ်နေပေမဲ့ မနေ
့တုန်း ရုပ်၊ နာမ်တွေက မနေ့ တုန်းကပျက်သွားပြီ။ ဒီနေ
့ တစ်တိုတစ်စမှ မပါတော့ဘူး။ အကြောင်းရုပ်နာမ်တွေက
အကြောင်း နေရာ မှာပဲ ပျက်သွားတယ်။ အကျိုးနေရာ ပါမလာဘူး။
အဲဒီလို သဘောပေါက်မှ သဿတဒိဋ္ဌိစင်တာ။
ရုပ်၊ နာမ်အဟောင်းပျက်သွားတဲ့ နေရာမှာ
ရုပ်နာမ်အသစ်တွေ အစားထိုးဖြစ်တယ်။ အဟောင်းပျက် တာကို
မြင်လို့ရှိရင် သဿတဒိဋ္ဌိစင်တယ်။ အသစ်အစားထိုးဖြစ်တာကို
မြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။
အဲဒီ အဟောင်းထဲမှာလည်း ငါ သူတစ်ပါး ယောက်ျား
မိန်းမပုဂ္ဂိုလ်သတ္တဝါ မပါဘူး။ အသစ်အစားထိုးတဲ
့ထဲမှာ လည်း ငါ သူတစ်ပါး ယောက်ျား မိန်းမပုဂ္ဂိုလ်သတ္တဝါ
မပါဘူး။ ပျက်သွားတာလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ
အစဉ်ကြီးတန်းနေတာကို ဉာဏ်နဲ့မြင်တော့
သက္ကာယဒိဋ္ဌိစင်တယ်။
ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့
အကြောင်းတရားပေါ်မှာ ဉာဏ်မရှင်းလို့ ရှိရင် လဲ သံသယ
ဝိစိကိစ္ဆာက ဖြစ်လာတတ်သေးတယ်။ ဖန်ဆင်းရှှုင်က ဖန်ဆင်းလို
့ ဖြစ်လာ တာလား။ ဒါမှ မဟုတ် သူ့အလိုလိုဖြစ်လာတာလား။
ဘာကြောင့် ဖြစ်တာလဲ။ ဒါလည်း သိထားဖို့ လိုတယ်။
အမှန်က ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့
ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တရား တွေ ဟာ
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့
အကြောင်းတရားလေးပါးကြောင့် ဖြစ်လာရတာ။
ကံကြောင့် ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊
ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်
ဆိုပြီး အမျိုးမျိုးရှိတယ်နော်။
သူ့အလိုလိုပေါ်လာတာ မဟုတ်သလို တန်ခိုးရှင်က
ဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ အကြောင်း တရား ရှိလို့
အကျိုးတရားအဖြစ်ပေါ်လာရတာ။
ကံကြောင့်ဖြစ်တဲ့ရုပ်ဆိုတာက မျက်စိအကြည်၊ နား အကြည်၊
နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ မနောအကြည်၊
အနည်းဆုံး ဒီလောက် လေးတော့ သိရမယ်နော်။
သွားချင်တဲ့စိတ်ကြောင့် ကိုယ်ခန္ဓာထဲမှာ ဝါယောဓါတ်တွေ
ပြည့်လာပြီး ဘယ်လှမ်းတယ် ညာလှမ်း တယ်နဲ့ သွားတဲ့ရုပ်
လှုပ်ရှားတဲ့ရုပ်ကြီး ဖြစ်လာရတာ။ သွားရာကနေ ရပ်ချင်တဲ
့ စိတ်ဖြစ်လာရင်လည်း ဝါယောဓါတ်ကြောင့်ပဲ ရပ်တဲ့ရုပ်
တည်ငြိမ်တဲ့ရုပ်ကြီး ဖြစ်လာရတာ။ ထိုင်ချင်တဲ
့စိတ်ကြောင့်ပဲ တွန်း ကန်ထားတဲ့ ထောက်ကန်ထားတဲ့
ဝါယောဓါတ်တွေကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး
လေးတွဲကျလာ ကာ ထိုင်တဲ့ရုပ်ဖြစ်လာတာမဟုတ်လား။
“သွားလိုရပ်လို၊ ထိုင်နေလို၊ အိပ်လိုစိတ်ဟုသိ။
စိတ်ကြောင့်ဖြစ်သော၊ ဓါတ်ဝါယော၊ နှံ
့နှောကိုယ်ဝယ်ပြည့်။
ဝါယောပြည့်သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏။
ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွားဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင်ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ်ဉာဏ်ဖြင့်သိ။”
ရှေ့က အရင်ဖြစ်တဲ့စိတ်ကအကြောင်း၊ နောက်မှဖြစ်တဲ
့ရုပ်က အကျိုး။ အကြောင်းကြောင့် အကျိုး ဖြစ်တာနော်။ သူ
့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ရုပ်နာမ်ဟာ
အချင်းချင်းမှီပြီး ဖြစ်နေကြတာ။ နာမ်ကို မှီပြီး
ရုပ်တွေဖြစ်နေကြသလို ရုပ်ကိုမှီပြီးတော့လည်း
နာမ်တွေဖြစ်နေကြတယ်ဆိုတာ သိထားရမယ် နော်။
- မျက်စိအကြည်ရုပ်နဲ့ အဆင်းရုပ် ဆုံမိတဲ
့အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးနာမ်တရားက
မြင်သိစိတ်
- နားအကြည်ရုပ်နဲ့ အသံရုပ်ဆုံမိတဲ
့အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးနာမ်တရားက
ကြားသိစိတ်
- နှာခေါင်းအကြည်ရုပ်နဲ့ အနံ့ရုပ် ဆုံမိတဲ
့အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ် တရား က
နံသိစိတ်
- လျှာအကြည်ရုပ်နဲ့ အရသာရုပ် ဆုံမိတဲ
့အကြောင်းတရားကြောင့် ဖြစ်လာတဲ့အကျိုး နာမ်တရား က
အရသာသိစိတ်
- ကိုယ်အကြည်ရုပ်နဲ့ ထိတွေ့စရာရုပ်ဆုံမိတဲ့
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ် တရား က
ထိသိစိတ်
- မနောအကြည်ရုပ်နဲ့ ကြံတွေးစရာဆုံမိတဲ
့အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးနာမ်တရားက
ကြံတွေးစိတ်
အဲဒီ ကြားသိစိတ် နံသိစိတ် အရသာသိစိတ် ထိသိစိတ်
ကြံတွေးစိတ်တွေကို ခန္ဓာနဲ့ပြောရင် ဘာခန္ဓာလဲ။
ဝိညာဏက္ခန္ဓာ။
ဝိညာဏက္ခန္ဓာဖြစ်ရင် ကျန်တဲ့ဝေဒနာက္ခန္ဓာ သညက္ခန္ဓာနဲ့
သခါၤရက္ခန္ဓာတွေရော အတူတူ ဖြစ်မလာဘူးလား။
(ဖြစ်လာပါတယ်ဘုရား)။
နာမ်ခန္ဓာလေးပါးက ဖြစ်အတူပျက်အတူပဲ။ ခွဲလို့မရဘူး။
အကြည်ရုပ်တွေနဲ့ အဆင်းအသံစတဲ့ အာရုံတွေကို ခန္ဓာနဲ
့ပြောရင် ဘာခန္ဓာလဲ။ ရူပက္ခန္ဓာ။နာမ် ခန္ဓာကလေးပါး၊ ရုပ်ခန္ဓာက တစ်ပါးဆိုတော့
ခန္ဓာငါးပါးနော်။ ဒါဆိုရင် ဒီခန္ဓာငါးပါးဟာ နတ်တွေ
ဗြဟ္မာ တွေ က ဖန်ဆင်းတာလဲမဟုတ်ဘူး။ သူ့အလိုလိုဖြစ်တာလည်း
မဟုတ်ဘူး။ အကြောင်းကြောင့် အကျိုး ဖြစ် လာတာပဲ ဆိုတာ
ဉာဏ်ထဲမှာ ရှင်းသွားတယ်။
အဲဒီလို ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါး ဖြစ်လာရတဲ့
အကြောင်းတရားအပေါ်မှာ ဉာဏ်ရှင်းမှ သံသယဆိုတဲ့
ဝိစိကိစ္ဆာကသေတာ။ အကျိုးတရားလည်း ကြည့်ဦး။ ဖြစ်လာတာက
ရုပ်တွေ နာမ်တွေလား။ ယောက်ျား မိန်းမ
ပုဂ္ဂိုလ်သတ္တဝါတွေလား။ (ရုပ်တွေ နာမ်တွေပါ။)
အဲဒီလိုအကျိုးတရားအပေါ်မှာ ဉာဏ်ရှင်းတော့ အသိနဲ့
သက္ကာယဒိဋ္ဌိသေတယ်။
တရားမနာထားဘူး။ မသိထားဘူးဆိုရင် မနေ့တုန်းကလည်း ငါပဲ။
ဒီနေ့လည်းငါပဲ။ မနက်ဖြန်လည်း ငါပဲ။ ဒီလိုထင်တတ်တယ်။
ပြောရုံဆိုရင်တော့ အပြစ်မရှိပါဘူး။ ပြောတဲ့အတိုင်း
ထင်ရင်တော့ တစ်ဆက်တည်းယူထားတဲ့အတွက်
သဿတဒိဋ္ဌိဖြစ်နေတယ်။
သဿတဒိဋ္ဌိဖြစ်ရင် လူ့ပြည် နတ်ပြည် တော့မတားပါဘူး။
မဂ်ဉာဏ်ဖိုလ်ဉာဏ်တော့မရဘူး။
တစ်ထပ်တည်းထင်တယ်ဆိုတော့ အပျက်ကို မမြင်ဘူးပေါ့။
ဝိပဿနာအားထုတ်တယ်ဆိုတာ အပျက် ကိုမြင်အောင်အားထုတ်တာ။
ရုပ်တွေ နာမ်တွေရဲ့ အပျက်ကိုမြင်မှ ဝိပဿနာဉာဏ်ဖြစ်တာ။
အပျက် ကိုမြင်ဖို့အတွက် နှလုံးသွင်းကမှန်နေရမယ်။
ရုပ်တွေနာမ်တွေပဲ ရှိတယ်။ အဲဒီ ရုပ်တွေ နာမ်တွေ ဟာ
တရစပ်ကြီးကို ပျက်နေတယ်။ ဒီလိုနှလုံးသွင်းထားရမယ်။
အခုလိုဒိဋ္ဌိနဲ့ဝိစိကိစ္ဆာပယ်သတ်ရေး တရား တွေကို
သေသေချာချာနာမထားဘူးဆိုရင်လည်း နှလုံးသွင်းမှန်ဖို့
မလွယ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေဟာ ကုသိုလ်တွေ ရှိပါရဲ့သားနဲ့
အပါယ်လေးပါးကို ကျကျသွားရတာဟာ အရေး တကြီး
အရင်ဆုံးလုပ်သင့်တာကို နောက်မှ လုပ်မယ်၊
နောက်မှလုပ်မယ်နဲ့ နှလုံးသွင်းမှားနေကြလို့ပဲ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက "မင်းတို
့စားဝတ်နေရေးတွေ နောက်မှာထား။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရဖို
့ကို ရှေ့ကထား။ ရှေ့နောက်ခွဲတတ်ပါစေ” ဒီလိုမိန်
့ကြားတော်မူတာ။
တို့သူငါတွေက ရှေ ့နောက် အခွဲတွေ မှားနေကြတယ်း။
လောလောဆယ် စားဖို့သောက်ဖို့၊ စားဝတ် နေရေးက
ပိုအရေးကြီးတယ်လို့မြင်တယ်။ ဒါတွေလုပ်ရင်းနဲ့ပဲ
ဖြတ်ဆိုသေပြီး အပါယ် ရောက်သွားတဲ့အခါ ကျတော့
နှစ်ပေါင်း အသင်္ချေအနန္တပြန်မတက်နိုင်တော့ဘူး။
ရှေ ့တွေ နောက်တွေ လွဲနေတဲ့အခါကျတော့
ပစ္စုပ္ပန်မှာချမ်းသာလည်း ခဏပါပဲ။ တော်ကြာ သောက
ပရိဒေဝတွေဖြစ်ပြန်ပြီ။ ရွှေတွေငွေတွေ ဘယ်လောက်ပဲရရ
ရာထူးတွေ ဘယ်လောက် ပဲကြီး ကြီး သောက ပရိဒေဝတွေ
ဖြစ်ပါတယ်။ အဲဒီသောက ပရိဒေဝတွေ ငြိမ်းဖို
့အတွက် သစ္စာတရားတွေ သတိ ပဋ္ဌာန်တရားတွေ နာကြားကြ။
ရသလောက် အချိန်ကို လုလုပြီး ဝိပဿနာတရားတွေကို
ဦးစားပေး အား ထုတ်ကြ။
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ သတ္တိသုတ်ကို
အကျဉ်းချုံးပြီး ဟောဦးမယ်။ ဗြဟ္မာကြီး တစ်ဦး က
အင်မတန်သက်တမ်းတိုတဲ့ လောကလူသားတွေကို သနားလွန်းလို့
လူသားတွေ ဒုက္ခနည်း ပြီး အသက် ရှည်ဖို့အတွက် သူ့ရဲ
့ထင်မြင်ယူဆချက်တစ်ခုကို မြတ်စွာဘုရား လာလျှောက် တယ်။
“ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား
ရင်ဝမှာ လှံစူးခံနေရတဲ့ သူအတွက် လှံကိုနုတ်ပြီး
အမြန် ဆုံးဆေးကုဖို့ ကိစ္စဟာ ထိုသူအတွက် အရေးအကြီးဆုံး
ဖြစ်ပါတယ်ဘုရား။ ခေါင်းပေါ်ကဆံပင်ကို မီး လောင်ခံနေရတဲ
့သူအတွက် ကလည်း မီးငြိမ်းအောင် အမြန်သတ်ပြီး
မီးလောင်ဒဏ်ရာကို ဆေးကုဖို့ကိစ္စဟာ ထိုသူအတွက်
အရေးအကြီးဆုံးဖြစ်ပါတယ်ဘုရား။
ထိုနည်းတူစွာ သတ္တဝါတွေ အတွက် အရေး တကာ
့အရေးအကြီးဆုံးကတော့ ကာမရာဂကို ပယ်ဖို့
ကိစ္စဖြစ်မယ်လို့ တပည့်တော်ထင်မိပါ တယ် ဘုရား”
ဗြဟ္မာကြီးက ဒီလိုလျှောက်တယ်။ ကာမရာဂ ဆိုတာက အဆင်း အသံ
အနံ့ အရသာ ထိတွေ့ စရာ ဆိုတဲ့
ငါးဖြာအာရုံကာမဂုဏ်တွေကို လိုချင်နှစ်သက်ပြီး
စွဲလမ်းနေတာကိုခေါ်တာ။
လှပတဲ့အဆင်းလေးဆိုရင် လိုချင်တယ်။ စွဲလမ်းတယ်၊
ရအောင်ကြိုးစားတယ်။ သာယာတဲ့ အသံလေး ဆို ရင် လည်း
လိုချင်တယ်။ စွဲလမ်းတယ်။ ရအောင်ကြိုးစားတယ်။ သက်မဲ့
ပစ္စည်းတင်မကဘူး။ သက်ရှိ အလှပိုင်ရှင်
အသံပိုင်ရှင်တွေကိုလည်း စွဲလမ်းပြီး ရအောင်ကြိုးစား
ကြတယ်။
အရသာကောင်းကောင်းလေး စွဲနေတဲ
့အခါ ခဏခဏစားရအောင်ကြိုးစားတယ်။ အတွေ့ အထိလေး ကို
စွဲနေတဲ့အခါကျတော့ ဒီအတွေ့အထိမျိုး
ခဏခဏခံစားရအောင်ကြိုးစားတယ်။
အဲဒီလို ကာမဂုဏ်ကို ခံစားချင်ကြတဲ့ ကာမရာဂတွေကြောင့်
လောကီလူသားတွေဟာ ဒုက္ခရောက် နေ ကြတာ။ အသက်တွေတိုပြီး
တဖြုတ်ဖြုတ်နဲ့သေနေကြတာ။ ကာမရာဂ အားကြီးလေလေ အသက်တို ုလေလေပဲ။
ရာဂလို့ခေါ်တဲ့ လောဘဆိုတာ ရုပ်ကိုလည်းလောင်
စိတ်ကိုလည်းလောင်တယ်။ ဒေါသက အမြဲတမ်းမဖြစ်ဘူး။
အဆင်မပြေတဲ့အခါမှ ဒေါသကဖြစ်တာ။ လောဘကျတော့
အမြဲတမ်းဖြစ်နေတာ။
ဒါကြောင့် ဗြဟ္မာကြီးက အင်မတန်အသက်တိုတဲ့လူသားတွေကို
သနားလွန်းလို့ လူသားတွေ ဒုက္ခနည်း ပြီး အသက်ရှည်ဖို
့အတွက် ကာမရာဂကို ပယ်ဖို့ကိစ္စဟာ လူသားတွေအတွက်
အရေးတကာ့အရေး အကြီးဆုံးဖြစ်တဲ့အကြောင်း သူ့ရဲ့
ထင်မြင်ယူဆချက်ကို ဘုရားလာလျှောက်တာ။
ဗြဟ္မာကြီးပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ လူတွေရဲ
့သက်တမ်းက ဗြဟ္မာသက်တမ်းနဲ့ယှဉ်ဖို့နေနေ သာသာ
နတ်သက်တမ်းနဲ့ယှဉ်ကြည့်ရင်တောင်
မိနစ်ပိုင်းရက်ပိုင်းလောက်ပဲ ရှိတာ။
လူတို့ရဲ့သက်တမ်း အနှစ် ၅၀ ဆိုတာ…
စတုမဟာရာဇ်နတ်တို့ရဲ့ အသက်အားဖြင့်ဆို (၁)ရက်
တာဝတိ ံသာနတ်တို့ရဲ့ အသက်အားဖြင့်ဆို နေ့တစ်ဝက်
ယာမာနတ်တို့ရဲ့ အသက်အားဖြင့်ဆို ၆ နာရီလောက်
တုသိတာနတ်တို့ရဲ့ အသက်အားဖြင့်ဆို ၃ နာရီလောက်
နိမ္မာနရတိနတ်တို့ရဲ့ အသက်အားဖြင့်ဆို ၁ နာရီခွဲ
ပရနိမ္မိတဝသ၀တ္တီနတ်တို့ရဲ့ အသက်အားဖြင့်က ၄၅ မိနစ်
ခန့်ပဲရှိတာ။
ဘယ်လောက်မှကြာတာမဟုတ်ဘူး။ လူ့ဘဝဆိုတာ
သမုဒ္ဒရာရေပြင်ထက် ခဏတက်သည့် ရေပွက်ပမာ ဆိုတာလို
ခဏလေးမှ ခဏလေးပါပဲ။
ဒါကြောင့် သက်တမ်းအင်မတန်တိုတဲ့
လူတွေကောင်းကောင်း စားရဖို့၊ ကောင်းကောင်းဝတ်ရဖို့၊
ကောင်းကောင်း နေရဖို့၊ ကောင်းကောင်းဇိမ်ခံရဖို့နဲ့ကောင်းကောင်း ပျော်ပါးကြဖို့အတွက်တင်
လှုပ်ရှား ရုန်းကန်ရင် အချိန်ကုန်ပြီး သေတော့
အပါယ်လေးပါးရောက်ကုန်မှာ စိုးလို့ ဗြဟ္မာကြီးက သူ
့အယူအဆကို ဘုရားလာလျှောက်တာ။
ဒါပေမယ့် ဗြဟ္မာကြီးရဲ့ လျှောက်ထားချက်က မပြည်
့စုံဘူးဖြစ်နေတယ်။ ကာမရာဂကို ပယ်ဖို့ ဆိုတာ
အနာဂါမိမဂ်နဲ့ ပယ်တာဆိုရင်တော့ ကောင်းပါတယ်။
အဲဒီလိုမဟုတ်ဘဲ ကာမရာဂကို ဈန် ကုသိုလ် ကြောင့်
ဗြဟ္မာဖြစ်ပြီး ပယ်တာဆိုရင်တော့ မကောင်းသေးဘူး။
ဘာကြောင့်လဲဆို တော့ ပုထုဇဉ်ဗြဟ္မာ အနေနဲ့
ဗြဟ္မာဖြစ်တုန်းသာ ကာမရာဂကိုပယ်နိုင်ပေမဲ့
နောက် ဘဝတွေမှာက အပါယ်လေးပါးကို ပြန် ရောက်နိုင်သေးတယ်။
ဒါကြောင့်.. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပြန်လည်မိန့်ကြားပုံက…
သတ္တိယာဝိယသြမဋ္ဌော၊ ဒယှမာနောဝမတ္တကေ။
သက္ကာယဒိဋ္ဌိပဟာနယ၊ သတောဘိက္ခုပရိဗ္ဗဇေ။
အဓိပ္ပါယ်က…
ရင်ဝကိုလှံဖြင့် ထိုးစိုက်ခြင်းခံနေရသောသူသည်
အခြားသော ကိစ္စမှန်သမျှကို လုပ်မနေနိုင်ဘဲ ရင်ဝမှာ
စူးဝင်နေတဲ့လှံကို အမြန်ဆုံး ဆွဲနုတ်ပြီး ဆေးကုဖို
့ကိစ္စသည် အရေးအကြီးဆုံးဖြစ်သကဲ့သို ့လည်း ကောင်း။
ခေါင်းပေါ်ကဆံပင်ကို
မီးဟုန်းဟုန်းစွဲလောင်ခြင်းခံနေရသူသည်
အခြားသောကိစ္စမှန်သမျှကို လုပ်မနေ နိုင်ဘဲ ဦးခေါင်းက
မီးတောက်ကို အရေးတကြီး ငြိမ်းသတ်ပြီး မီးလောင်ဒဏ်ရာကို
ဆေးကုဖို့ ကိစ္စသည် သာ အရေးအကြီးဖြစ်သကဲသို
့လည်းကောင်း။ သတ္တဝါတွေအတွက် ဘဝများစွာ သံသရာ တစ်ခွင် မှာ
အပါယ်လေးပါးကိုကျစေတတ်တဲ့ သက္ကာယဒိဋ္ဌိ ဘေးဆိုးကြီးကို
အမြစ်ပြုတ် ပယ် နိုင်ဖို့ကိစ္စသည်
အရေးတကာ့အရေးအကြီးဆုံး ပါပဲလို့ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးက ပြန်လည် မိန့်ကြားတော်မူလိုက်တယ်။
သက္ကာယဒိဋ္ဌိကို ပယ်ခိုင်းတယ်ဆိုတာ သောတာပန်ဖြစ်အောင်
လုပ်ခိုင်းတာနဲ့ အတူတူပဲနော်။ ဘာဖြစ်လို့
ဒီလောက်တောင် ပိုအရေးကြီးနေရတာလဲ ဆိုတော… ရင်ဝကိုလှံစူးနေတဲ့သူနဲ့ ဦးခေါင်းကို မီးလောင်နေတဲ
့သူတွေက ဆေးကုတာနောက်ကျလို့ သေမယ်ဆိုရင်တောင်
ဒီတစ်ဘဝပဲသေမှာ။ နောက် ဘဝအထိ ဒုက္ခပေးလို့မရပါဘူး။
သက္ကာယဒိဋ္ဌိကို မပယ်ရသေးတဲ့သူကျတော့ ဘဝအဆက်ဆက်
ဒုက္ခလိုက်ပေးနေလို့ အပါယ်လေး ပါးဟာ ကိုယ့်အိမ်ကိုယ်
့ရာလိုပဲ အမြဲရောက်နေမှာ။ ဒါကြောင့်မို့
ရင်ဝက လှံကို နောက်မှနုတ်။ ခေါင်း ကို မီးလောင်ရင်လည်း
နောက်မှငြိမ်း။ သက္ကာယဒိဋ္ဌိကိုသာ အရင်ဖြုတ်ကြတဲ့။
မြစိမ်းတောင်ဆရာတော်ဘုရား "သောတာပန်ဆိုတာဒီလိုပါ" တရားတော်စာအုပ်မှ ကောက်နုတ်ပူဇော် ပါသည်။
(Share this page on Facebook)
Lwinoo Ko Facebook
မှကူးယူဖော်ပြပါသည်။
ဆက်စပ်ဓမ္မမှတ်စုများ
တရား စအားထုတ်ခါစ ယောဂီများအတွက် Click here
ပပဉ္စအမြင်၊ ဗြဟ္မစိုရ်အမြင်၊ သာသနာတွင်းအမြင်
Click here
ရေဥပမာတရားတော် (ပထမပိုင်း) Click here
|