ရေဥပမာတရားတော် (ပထမပိုင်း)
(ဓမ္မမှတ်စုများ-၆)
ရေဥပမာထားပြီးတော့ ပုဂ္ဂိုလ်ခွဲခြားပြမယ်။
ပုဂ္ဂလဗေဒပေါ့လေ။
ဟိုမြစ်ကြီးထဲမှာ ယောဂီတို့ အာရုံပြု ကြည့် ပေါ့။
မြစ်ထဲမှာ လူခုနစ်ယောက် မျောပါလာကြတယ်။ ဟိုအထက်ဘက်မှာ
မိုးတွေကရွာ၊ တောင် ကျ ချောင်းရေတွေနဲ့ပေါ့၊
ဒိုက်ဖက်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ။
အကာလမိုးကြီးဆိုတော့ ညအခါပေါ့လေ၊ မှောင်မဲနေတဲ့
အချိန်။ အဲလို မှောင်မဲနေတဲ့အချိန်မှာ အဲဒီပုဂ္ဂ္ဂိုလ်
ခုနစ်ယောက်ဟာ ဟိုမြစ်ဖျားကနေ စပြီး တော့ မျောကြတယ်။
ရေစီးကလည်း အင်မတန်သန်၊ မြစ်ကလည်းကျယ်၊ နက်လည်းနက်။
မျောမျောချင်း ပဲ ပထမပုဂ္ဂ္ဂိုလ်က မြုပ်သွားတယ်။
မြုပ်မျောပေါ့။ ပထမပုဂ္ဂ္ဂိုလ်က ဘယ်လိုပါလိမ့်။
(မြုုပ်မျောပါ ဘုရား။) ရောက်ရောက်ချင်း သူက
ရေထဲရောက်တယ်ဆိုရင်ပဲ ကျောက်ခဲချလိုက်သလိုပဲ။ ခဏပဲ
ရေထဲမရောက် ခင်လေးပဲ ရေထဲမှာ နည်းနည်း ယက်ကန်ယက်ကန်
လုပ်ပြီး မြုပ်သွားတယ်။
နောက်တစ်ယောက်ကတော့ သူက ချက်ချင်းတော့ မမြုပ်ပါဘူးတဲ့။
ပေါ်တော့ပေါ်နေတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂ္ဂိုလ်လည်း
မြုပ်တော့မယ် သူလည်းပဲ။ ဘာမှ မှ ကူးလည်းမကူးတတ်ဘူး။
ဘာမှလည်း ကိုင်စရာ တွယ်စရာလည်း ဘာမှ မတွေ့ဘူး။
အဲဒီတော့ အဲဒီပုဂ္ဂ္ဂိုလ်လည်းပဲ ကျိန်းသေမြုပ်မယ့်
ပုဂ္ဂ္ဂိုလ်တဲ့။ ပထမပုဂ္ဂ္ဂိုလ်ကတော့ မြုပ်သွားပြီ။
ဒုတိယပုဂ္ဂ္ဂိုလ်က ကျိန်းသေမြုပ်မယ့် ပုဂ္ဂ္ဂိုလ်။
နောက်တစ်ခါ တတိယ ပုဂ္ဂ္ဂိုလ်ကိုသွားရအောင်။ တတိယ
ပုဂ္ဂ္ဂိုလ်က ဘယ်လိုလဲဆိုတော့ ပေါ်တော့ ပေါ် နေတယ်တဲ့ သူက။
အဲသူလည်း မြုပ်တော့ မြုပ်မှာပဲ။ သူက
ချက်ချင်းမမြုပ်သေးဘူး။ သူက တော် တော်လေး ကြာအောင်
မျောအုံးမယ်။ ဘာဖြစ်လို့လဲဆို သူကဒိုက်ဖက်တွေ၊ ဝါးတွေ၊
တုံးတွေ အဲဒါတွေကို ဖက်တွယ်ထားတဲ့ အတွက်ကြောင့် ဒုတိယ
ပုဂ္ဂ္ဂိုလ်လို မြန်မြန်မမြုပ်ဘူးပေါ့။ သူက တော်တော်လေး
သွားရအုံးမယ်။ သူက အဲဒီ ဒိုက်ဖတ်တွေ၊ တုံးတွေပေါ်မှာ
ဖက်ပြီးတော့ သူကစီးသွားတယ်။ ရေကလည်း ရေစီးကသန်
ညကြီးလည်း ဖြစ်နေတော့ မှောင်မည်းနေ။ သူကတော့
အဲဒီပေါ်မှာ ပျော်နေတာပဲ။ သီချင်းလေး ဘာလေးဆိုပြီးတော့
မျောပါသွားတယ်။
ပထမပုဂ္ဂ္ဂိုလ်က တမ်းပြီးတော့ မြုပ်တယ်။ ဒုတိယပုဂ္ဂ္ဂိုလ်က
ယက်ကန်ယက်ကန်နဲ့ ဘာမှ တိုင်တွေ ဘာတွေ ဝါးတွေ
မတွေ့တဲ့အခါကျတော့ အခုတော့ ခဏမျောနေတယ်။
တော်ကြာမြုပ်တော့မယ်။ သူက လည်း ကျိန်းသေမြုပ်မယ့်
ပုဂ္ဂ္ဂိုလ်ပဲ။ သူ့ကြည့်ရတာ မြုပ်ကိုမြုပ်တော့မယ်
ဘယ်လိုမှကို သူ့ဘေးနားမှာ ဝါးတွေတိုင်တွေ ဘာမှမရှိဘူး။
ရေစီးကလည်း သန်တယ်၊ ရေကလည်းနက်တယ်။ သူကလည်း
မကူး တတ်ဘူးဆိုတော့ ယောဂီတို့ သူကလည်း မြုပ်ဖို့ရာတော့
မကျိန်းသေဘူးလား။ ကျိန်းသေပါတယ် ဘုရား။
မြုပ်မယ့်ပုဂ္ဂ္ဂိုလ်တဲ့ ဒုတိယ။
တတိယပုဂ္ဂ္ဂိုလ်။ တတိယပုဂ္ဂ္ဂိုလ် သူကမြုပ်တော့
မမြုပ်သေးဘူး။ ဒိုက်ဖတ်တွေ၊ ဝါးတွေ၊ ဖောင်တွေပေါ်မှာ
တက်စီးပြီးတော့ သူက သီချင်းတွေဘာတွေ ဆိုပြီးတော့ သူက
မျောနေတယ်၊ ဒါ တတိယပုဂ္ဂ္ဂိုလ်။
စတုတ္ထပုဂ္ဂ္ဂိုလ်က သူက တိုင်တွေ၊ တုံးတွေအကုန်လုံး
ဖောင်ဖွဲ့ပြီးတော့ အဲဒီပေါ်မှာ တက်နေတယ်။ ဒါပေမယ့် သူက
အေးအေးဆေးဆေး မနေဘူး။ ခုနတုန်းက ပုဂ္ဂ္ဂိုလ်ကတော့ သူက
အဲဒီပေါ်မှာ အိပ်ပြီးတော့ လိုက်သွားတယ်။
စတုတ္ထပုဂ္ဂ္ဂိုလ်ကတော့ အဲဒီလိုမဟုတ်ဘူး။ အေးအေးဆေးဆေး
မနေနိုင်ဘူး။ ဉာဏ်အမျှော်အမြင်ရှိတယ်။ အခုစီးနေတာက
မြစ်ထဲမှာ။ ယောဂီတို့ မြစ်ဟာ စီးသွားရင် နောက်
ဘယ်ရောက်မလဲ။ (ပင်လယ်ထဲရောက်မှာပါ ဘုရား။) အဲဒါနဲ့
ယောဂီတို့ သူက အမြော်အမြင်ရှိတယ်။ အမြော်အမြင်ရှိတဲ့
အခါကျတော့ ဒီမြစ်ဟာ ကြာလို့ရှိရင် ပင်လယ်ထဲရောက်မယ်။
မှောင်မည်းနေပေမယ့် သူက ပညာရှိတဲ့ ပုဂ္ဂ္ဂိုလ်များ
တွေးကြည့်ရင် ပြေးကြည့်ထာထက်မှန်တယ်။
ဒီအတိုင်းမျောသွားရင် ပင်လယ်ထဲရောက်မယ်။
ပင်လယ်ထဲရောက်ရင် ယောဂီတို့ ကမ်းမမြင်၊
လမ်းမမြင်ဆိုတော့ အဲဒီကျမှ ကူးရင် ရပါ့မလား။
(မရပါဘူးဘုရား။) အဲဒီကျရင်တော့ ကျိန်းသေကို
မြုပ်တော့မှာပဲ။ အခုချိန်ဟာ အရေးကြီးတယ်။ သူက
အမြော်အမြင်ရှိတဲ့ ပုဂ္ဂ္ဂိုလ်က။
အခုချိန်က အရေးကြီးတယ်၊ အခုက ကမ်းကို လှမ်းကူရင်
ရသေးတယ်။ မြစ်ဆိုတော့ ဒါပင်လယ် လောက်မှ ကျယ်မှမကျယ်ပဲ။
ဒါလက်ပစ်ကူးသွားရင် ရနိုင်သေးတယ်။ တုံးလေးတိုင်လေး
ဘေးနားမှာ ညှပ်ပြီးတော့ ကူးသွားရင် ရနိုင်တယ်။
ဘေးနားမှာ ချုံနွယ်ပိတ်ပေါင်းတွေက များ နေတဲ့အခါ ကျတော့
ချုံနွယ် ပိတ်ပေါင်း တွေကိုလည်းပဲ ဒုတ်တွေဘာတွေနဲ့
ရှင်းရသေးတယ်။ ညကြီးမှောင်မှောင် ကြီးဆိုတော့
ကြည့်ချင်တိုင်းလည်း ကြည့်လို့မရဘူး။
လျှပ်စီးလက်လိုက်တဲ့အခါမှ လှမ်းကြည့်ရတယ်။ ဘယ်လောက်
ကြိုးစားရသလဲဆိုတာ ဟုတ်လား။ မှောင်မည်းနေတော့
ဓါတ်မီးတွေ ဘာတွေလည်း ဘယ်ပါမလဲ။ မပါတဲ့အခါကျတော့
မှောင်မည်း နေတာ့ မမြုပ်အောင်လည်း ကြိုးစားရသေးတယ်။
ဒိုက်ဖက်တွေ တုံးတွေ ဖောင်တွေပေါ်မှာ မြွေတွေကင်းတွေ
ပါတတ်သေးတယ်။ အဲဒီ အန္တရာယ်တွေလည်းပဲ ရှောင်းရ၊
တိမ်း ရ သေးတယ်။
နောက်တခါ ကမ်းကိုလည်း လျှပ်စီးလက်တဲ့အခါ ကြည့်ရသေးတယ်။
ကမ်းကြည့်တော့မှ ကိုယ်က မြစ် လယ်ခေါင်မှာ။ ကိုယ်က
ဘယ်ဘက်နဲ့ နီးသလဲ။ ဘယ်ဘက်နဲ့ နီးသလား၊ ညာဘက်နဲ့
နီးသလား။ နီးတဲ့ ဖက်ကူးရင် မြန်မြန်ရောက်မှာပေါ့။
ကိုယ်က ဥပမာ ဘယ်ဘက်ကို နီးနေပြီးတော့ ညာဘက် ဖြတ်ကူး
တယ်ဆိုတော့ ဒါအဝေးကြီးကူးရမှာ။ ဟုတ်တယ်မဟုတ်လား။
ကိုယ်နီးတဲ့ဘက်ကို ကိုယ်ကူးနိုင်အောင် လည်း
ဘယ်ဘက်နဲ့နီးသလဲ၊ ငါနဲ့ကမ်းနဲ့ ဘယ်ဘက်နဲ့နီးသလဲ။
အဲဒါကလည်း လျှပ်စီးလက်တဲ့ အခါပဲ ကြည့်ခွင့် ရတာနော်။
အဲဒီလို ကမ်းကိုရှာဖွေပြီးတော့ ကူးနေတဲ့ပုဂ္ဂ္ဂိုလ်။
သူက မျောတာတော့ မဟုတ်ဘူး ကမ်းကို ရှာဖွေနေတာ။
ခုနတုန်းကတော့ ဒိုက်ဖတ်တွေပေါ် တက်စီးသွားတဲ့
ပုဂ္ဂ္ဂိုလ်ကတော့ မျောနေ တဲ့ပုဂ္ဂ္ဂိုလ်ပေါ့ဗျာ။
ဒါကကမ်းရှာနေတဲ့ ပုဂ္ဂ္ဂိုလ်တဲ့။ နံပါတ်(၄) က
နှစ်ပိုင်းရှိတယ်။ ကမ်းရှာနေတဲ့အပိုင်းရယ်၊ နောက်တခါ
ကမ်းကို မြင်သွားတဲ့ အပိုင်းရယ်၊
ဘယ်နှစ်ပိုင်းပါလိမ့်၊ (နှစ်ပိုင်းပါဘုရား။)
ကမ်းရှာနေတယ်၊ ပင်ပင်ပန်းပန်းရှာရတယ်။ မမြုပ်အောင်လည်း
ကြိုးစားရသေးတယ်၊ ရေလယ်ခေါင် မှာကိုး။ မမြုပ်အောင်လည်း
ကြိုးစားရသေးတယ်၊ မြွေတွေကင်းတွေကိုလည်းပဲ
ကြည့်ရသေးတယ်။ အဲဒါ တွေလည်းပဲ ရှောင်ရသေးတယ်။
ဟာဘေးနားမှာလည်း ချုံနွယ်ပိတ်ပေါင်းတွေကလည်းပဲ
လူတစ်ရပ် လောက် ရှိတယ် အများကြီးပဲ။
ဟိုတောင်ကျချောင်းရေက အကုန်တိုက်ချလာတာ၊
အဲဒါတွေကိုလည်းဘဲ ရှင်းလင်း ဖယ်ပြီးတော့
သုတ်သင်ရှင်းလင်း။ ကမ်းကိုလည်းဘဲ ကြည့်ရသေးတယ်၊
ဟိုဘက်ကြည့်ရ ဒီ ဘက် ကြည့်ရ။ ကြည့်ချင်တဲ့အချိန်
လည်းကြည့်လို့မရဘူး။ လျှပ်စီးလက်တဲ့ အခါလေးကြည့်ရတာ။
အဲဒီလို ကြိုးစားပွားများရင်းနဲ့ သူက မျောပါသွားတယ်။
ကမ်းကိုကြည့်ပါများတော့ နောက်ကျတော့ သူဘေးနားက
ပေါင်းပင်တွေ ဘာတွေညာတွေ ဖယ်ရှင်းပြီး တော့
ကြိုးစားပန်းစားနဲ့ ကြည့်တော့ နောက်ကျတော့
လျှပ်စီးလက်လိုက်တော့ ကမ်းကို မြင်သွားတယ်။
နံပါတ်(၄)ပုဂ္ဂ္ဂိုလ်ပြောနေတာနော်။ သြော် ညာဘက်မှာ
သို့မဟုတ် ဘယ်ဘက်မှာ ကမ်းမြင်သွားပြီ
သူ တော်ကောင်းတို့။ အဲဒါ ကမ်းမြင်သွားတဲ့
ပုဂ္ဂ္ဂိုလ်ပေါ့ဗျာ နံပါတ်(၄) က။
နံပါတ်(၅)က ကမ်းဆီ ကူးသွားပြီတဲ့။ ကမ်းမြင်သွားပြီ
ဆိုတော့ ကမ်းဆီ ကူးပြီပေ့ါ။ ကမ်းဆီ ကူးသွား ပြီ တဲ့။
နံပါတ်ဘယ်လောက် ရောက်သွားပြီ။ နံပါတ်(၅) ပါ ဘုရား။
အဲနံပါတ်(၆)ကျတော့ ကမ်းနားကို ရောက်သွားပြီ။
ထောက်ရာတည်ရာ ရသွားပြီ။ မတ်တပ်ရပ်လို့ ရသွားပြီ။ ခုန
မြစ်လယ်ခေါင်မှာတုန်းက ဘယ်ရပ်လို့ရမလဲ။ အခုကတော့
ထောက်ရာတည်ရာ ရသွား တော့ မတ်တပ်ရပ်လို့ ရသွားပြီတဲ့။
ဟော နံပါတ်(၇) ပုဂ္ဂ္ဂိုလ်ကျတော့ ကမ်းပေါ်ကို တက်ဖို့ပဲ
ကျန်တော့တယ်။ ရေတဖြည်းဖြည်းနဲ့ တစ်မိုက် လောက်
တစ်ထွာလောက်ပဲ ရှိတော့တယ် ရောက်သွားပြီ။ ကမ်းပေါ်တော့
မရောက် သေးဘူးပေါ့ဗျာ။ ကမ်းပေါ်ကို တက်ဖို့ပဲ
ကျန်တော့တယ်။ ခုနတုန်းက ပုဂ္ဂ္ဂိုလ်ကတော့
ဒူးခေါင်းလောက်၊ ခါးလောက် ရှိသွား ပြီပေါ့။ ထောက်ရာ၊
တည်ရာ၊ ရပ်ရာ ရသွားပြီ၊ နံပါတ်(၆)က။ နံပါတ်(၇)က
ကမ်းပေါ်တက်ဖို့ပဲ ကျန်တော့ တယ်။ နောက်တစ်လှမ်း
လှမ်းလိုက်ရင် ကမ်းပေါ်ရောက်ပြီပေါ့ဗျာ။ အဲ.. လူဘယ်နှစ်ယောက်လဲ။ (၇)ယောက် ပါ ဘုရား။
အဲ…ဒီလောကကြီးထဲမှာလည်း (၃၁)ဘုံ ကျင်လည်နေကြတဲ့
သတ္တဝါတွေကိုလည်း ပုဂ္ဂ္ဂိုလ်အားဖြင့် ခွဲလိုက်မယ်
ဆိုရင် (၇)မျိုးရှိတယ်။ နံပါတ်(၁) ပုဂ္ဂ္ဂိုလ်က
တမ်းမြုပ်တာပဲ သူက။ ဟိုက ရေတွေ တိုက်ချ လာလိုက်
ရေထဲမျောပါလာတယ်ဆို နည်းနည်းတောင် မမျောနိုင်ဘူး
တမ်းမြုပ်တော့တာဘဲ။ အဲဒီပုဂ္ဂ္ဂိုလ်က
ဘယ်လိုပုဂ္ဂ္ဂိုလ်မျိုးလဲဆိုတော့
နိယတမိစ္ဆာဒိဋ္ဌိ(၃)ပါး၊
အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိပုဂ္ဂ္ဂိုလ်တွေ။
နိယတမိစ္ဆာဒိဋ္ဌိဆိုတာ အဟေတုကဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိ။
အဟေတုကဒိဋ္ဌိ အကြောင်း ကိုပယ် တယ်၊ နတ္ထိကဒိဋ္ဌိ
အကျိုးကိုပယ်တယ်၊ အကြိယဒိဋ္ဌိ အလုပ်ကိုပယ်တယ်။ ကံကိုပယ်တာက အဟေတု ကဒိဋ္ဌိ၊ ကုသိုလ်၊ အကုသိုလ်
မယုံဘူးဟေ့…အဲဒါကို ပယ်တာ။ နောက်တခါ အကျိုးကို
ပယ် တယ်။ နတ္ထိက ဒိဋ္ဌိ အကုသိုလ်က ဆိုးကျိုးပေးတယ်၊
ကုသိုလ်က ကောင်းကျိုးကိုပေးတယ် မယုံဘူး။ အဲဒါ တွေ
လက်မခံ ဘူး အဲဒါက နတ္ထိကဒိဋ္ဌိ။ အကြိယဒိဋ္ဌိက
အကုသိုလ်ရှောင်စရာမလိုဘူး၊ ကုသိုလ်လုပ် စရာမလိုဘူး၊
ကိုယ် ပျော်သလိုပဲနေ။ အဲဒါအကြိယဒိဋ္ဌိ။ တစ်ခုပါရင်
အကုန်ပါတာဘဲ။ အကြောင်းပယ် ရင်လည်း အကျိုးပယ် ရာ
မရောက်ဘူးလား။ အကျိုးပယ်ရင်လည်း အကြောင်းပယ်ရာ
မရောက်ဘူးလား။ အဲဒီလို အကြောင်း တွေ အကျိုးတွေကို
ပယ်တဲ့ အယူမှားကြီးဟာ “နိယတမိစ္ဆာဒိဋ္ဌိ”လို့ခေါ်ပါတယ်။
“နိယတ” ဆိုတာ မြဲတာပေါ့ဗျာ၊ “မိစ္ဆာ”ဆိုတာ မှားတာ၊
“ဒိဋ္ဌိ”ဆိုတာ အယူ၊ မြဲတဲ့အယူမှားကြီးတဲ့
သူတော်ကောင်းတို့။ ဘာမြဲတာလဲဆို သေရင် အဝီစိကျဖို့
မြဲတယ်တဲ့ အဲဒါကြောင့်မို့လို့ မြဲတဲ့အယူမှားတဲ့။
အကုသိုလ်ထဲမှာ အပြစ်ကြီးဆုံးပဲ။ အကုသိုလ်ထဲမှာ
သူများအသက် သတ်တာ၊ သူများ ပစ္စည်းခိုးတာ စသည်အားဖြင့်
အကုသိုလ်တွေ မရှိဘူးလား။ အေး အဲဒီ အကုသိုလ်ထဲမှာ
အပြစ်အကြီးဆုံးပဲ
(Share this page on Facebook)
ဆက်ရန်
ရေဥပမာတရားတော် (ဒုတိယပိုင်း) Click here
ေရဥပမာတရားတော်
(တတိယပိုင်း)
Click here
ေရဥပမာတရားတော်
(စတုတ္ထပိုင်း)
Click here
ေရဥပမာတရားတော်
(ပဉ္စမပိုင်း)
Click here
ေရဥပမာတရားတော်
(ဆဌမပိုင်း)
Click here
ေရဥပမာတရားတော်
(သတ္တမပိုင်း)
Click here
ေရဥပမာတရားတော်
(အဋ္ဌမပိုင်း)
Click here
ေရဥပမာတရားတော်
(နဝမပိုင်း)
Click here
ေရဥပမာတရားတော်
(ဒဿမပိုင်း)
Click here
(နောက်ဆုံးပိုင်း)
Typed By: Monica Pyone
Vimuttisukha Bliss Facebook
မှကူးယူးဖော်ပြပါသည်။
|