ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လည်းလွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိ လှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှား တာဟာ ဝါယော ဓာတ်ပဲ။ အဲဒီ ဝါယောဓာတ်ကို အရပ်သုံးစကားဖြင့် ဖောင်းတယ်ပိန်တယ်လို့ မှတ်ဖို့ ညွှန်ကြား နေပါ တယ်။
ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ခုနစ်ရက် အတွင်းလောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလည်း ပြည့်စုံသဖြင့် ရုပ်နာမ် နှစ်ပါးကိုလည်း ကိုယ်ပိုင် ဉာဏ်ဖြင့် ပင် ပိုင်းခြားသိသူ တွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဒါလောက်တွင်လည်း မကသေးပါဘူး။ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား သိပြီး တော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင် သောင်းများစွာ ရှိနေပါပြီ။
ဝိပဿနာဉာဏ် ရင့်သန်တဲ့အခါ ဒွါရ ခြောက်ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ် အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ် ပြည့်စုံလို့ အရိယမဂ်ဖိုလ်ဉာဏ်ပါ ပြည့် စုံပြီလို့ ယုံကြည်စိတ် ချရလောက်တဲ့ ယောဂီတွေလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။”

ဖောင်းပိန်ဝါယောမှ မဂ်ဖိုလ်သို့
(ကျေးဇူးတော်ရှင်မဟာစည် ဆရာတော်ဘုရားကြီး၊ သက္ကပဉှသုတ် စာ ၄၆)

 


ဓမ္မမှတ်စုများ မျှဝေခြင်း

ဘာကို ဦးတည်မလဲ (မျှဝေခြင်း-၉) ဆရာတော်ဦးဥက္ကဋ္ဌ

"ဒုက္ခကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ။
(ဒုက္ခကိုမြင်အောင်ကြည့်ရပါမယ်ဘုရား။)

ဒါဖြင့် ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။
(သိရမယ့်တရားပါဘုရား။)

ပြန်မေးမယ်။ ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။
(သိရမယ့်တရားပါဘုရား။)

ဒါဖြင့်သူတော်ကောင်းတို့ ဘာလို့ပယ်နေတာလဲ။
(မပယ်ပါဘူးဘုရား။)

အမယ်…။ ညောင်းရင်ပြင်တယ်လေ။ (ရယ်သံများ)
ယားရင် ကုတ်တယ်လေ။ (ရယ်သံများ)   
အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။

 

ဘိက္ခု....သတိ (မျှဝေခြင်း-၈)

"ပဋိပန္နကော ဟိ ဒေဝေါ ၀ါ ဟောတု မနုေဿာဝါ ဘိက္ခူတိ သင်္ချ ဂစ္ဆတိ။" (သုတ္တန် ရဟန်း)

နတ်ပဲဖြစ်စေ၊ လူပဲဖြစ်စေ သံသရာ ဘေးကို မြော်မြင်ပြီးတော့ သံသရာက လွတ်မြောက်ရအောင်လို့ တရားကျင့်သုံးနေရင် အဲဒီ ပုဂ္ဂိုလ်ဟာ "ဘိက္ခု" မည်ပါတယ်တဲ့၊ တနည်းအားဖြင့်တော့ "ကိလေသေ ဘိန္ဒတီဘိ ဘိက္ခု" ကိလေသာတွေကို ဖျက်ဆီးတတ်ရင် ဘိက္ခု မည်ပါတယ်တဲ့။

“ဣဓဘိက္ခဝေ ဘိက္ခု သတာရက္ခေန စေတသာ သမန္နာဂတော ဟောတိ။”
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သံသရာဘေးကို ရှုမြင်သောပုဂ္ဂိုလ်သည် ကိလေသာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်သည် သတိအစောင့်အရှောက်ရှိသော စိတ်နှင့် ပြည့်စုံသည်ဖြစ်၏။

သတိဆိုတဲ့ အစောင့်အရှောက်တရားဟာ
အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။

 

ဝိမုတ္တိပရိပါစနီယတရား၁၅ပါး (မျှဝေခြင်း-၇)

မရင့်ကျက်သေးသော၊ မိမိသန္တာန်မှာ မဖြစ်ပေါ်လာသေးသော အရဟတ္တဖိုလ် တည်းဟူသော ဝိမုတ္တိ ရင့်ကျက်ဖို့ရန် ဖြစ်ပေါ်ဖို့ရန် ဝိမုတ္တိပရိပါစနီယခေါ်တဲ့ တရား တစ်ဆယ့်ငါးပါး ရှိတယ်။ တစ်ဆယ့်ငါးပါးက ဘာလဲ။

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဒီဣနြေ္ဒ ငါးပါးကို မူတည်ထားရမယ်။

(၁) သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း။
(၂) သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း
(၃) သဒ္ဓါတရား ဖြစ်ပွားစေတတ်တဲ့ သုတ္တန်တို့ကို နာယူခြင်း၊ လေ့လာဆွေးနွေးခြင်း၊ သဒ္ဓါနဲ့ ပတ်သက်၍ သုံးမျိုး။

အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။

 

ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တမြင်ကြပါ (မျှဝေခြင်း-၆)


ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။

ဤကဲ့သို့ ဝိပဿနာတရား ပွားများအားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့၏ရှေးအတိတ်ဘဝများက ပါလာကြသော ဓါတ်ခံအားလျော်စွာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ထင်ရှားစွာ သိမြင်ကြရပေသည်။ တစ်ဦး နှင့်တစ်ဦး သိမြင်ပုံခြင်းမတူကြပေ။ အချို့သောပုဂ္ဂိုလ်များက အနိစ္စကို သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက ဒုက္ခကိုပို၍သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက အနတ္တကိုပို၍ သိမြင်ကြပေသည်။
ဝိပဿနာတရား ရှုမှတ်ပွားများကြသော အချို့သောယောဂီတို့သည် အနိစ္စကိုသာ ထင်ရှားစွာ တွေ့သိ ကြရပေသည်။ ဒုက္ခနှင့် အနတ္တတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။

အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။


မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (မျှဝေခြင်း-၅)
 

ဝိပဿနာလုပ်ငန်းနှင့် စပ်ပြီး ဟောပြောရေးသားချက် တွေထဲမှာ တချို့  ဟောပြော ရေးသားချက် တွေ ဟာ အမှန်အဖြစ်လက်ခံရဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို လက်ခံနေ ကျေနပ်နေကြသူတွေကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။ ပိဋကတ်စာပေ အထောက် အထားနဲ့အညီ အမှန်ကို ညွှန်ပြထားတဲ့ ညွှန်ပြ ချက်တွေကို သိလိုပါတယ်။

မဟာစည်ဆရာတော်ကြီးကို ပရိယတ်၊ ပဋိပတ် စွယ်စုံပညာရှင်ကြီးအဖြစ် ထိပ်တန်းပိဋကတ် ပညာရှင် တွေက လက်ခံထားကြပါတယ်။ ဒါကြောင့် မဟာစည်ဆရာတော်ကြီးရဲ့ ဟောပြော ရေးသားချက်တွေကို ဖတ်ရှုလေ့လာကြည့်ပါတယ်။ အဲဒီအခါ ယခုခေတ်မှာ ကြားသိနေရတဲ့ ၀ိပဿနာနဲ့ စပ်တဲ့ အဖုအထစ် တွေကို မဟာစည်ဆရာတော်ကြီး ရှင်းပြထားတာကို တွေ့ရ ပါတယ်။

အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။

 

ဘင်္ဂဥာဏ် အကျိုး (၈) ပါး  (မျှဝေခြင်း-၄)

ယခု ခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသော ခေတ်အခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်တို့သည် ဝိပဿနာတရားကို အချိန်ရသမျှ အားထုတ်လျက် ရှိကြပေသည်။ ဝိပဿနာ တရား အားထုတ်ကြသော သူတို့သည် မိမိတို့ ရောက်ရှိနေသော ဥာဏ်များ၏ အကျိုးတရားများကို သိထား သင့် ကြပေသည်။ အကျိုးတရားများကို သိထားကြသော ယောဂီတို့သည် မိမိတို့ အားထုတ်ဆဲ တရား အပေါ်၌ ယုံကြည်ချက် သဒ္ဓါ တရားများထက်သန်လာကြမည် ဖြစ်ပေသည်။ သဒ္ဓါတရားထက်သန် အားကောင်း သည် နှင့် အမျှ မပြတ်မလပ် အားထုတ်နိုင်ခြင်း ဝီရိယအား ပို၍ ကောင်းလာကြမည် ဖြစ်ပေသည်။

ဝီရိယ အားကောင်းလာသည်နှင့်အမျှ
အပြည့်အစုံဖတ်ရန် ဒီနေရာမှာ
Click ပါ။
 

အထက်တန်းစား​ဗုဒ္ဓဘာသာဝင (မျှဝေခြင်း-၃)

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ် ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့အား အမြတ်ဆုံးသော အကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။သို့သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊ အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက် ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့သာဖြစ်ပါတယ်…

စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ
အပြည့်အစုံဖတ်ရန် ဒီနေရာမှာ
Click ပါ။
 

ဝါသနာကိုယ်စီ စရိုက်ကိုယ်စီ ကမ္မဋ္ဌာန်းကိုယ်စ (မျှဝေခြင်း-၂)

သံသရာတွင် ကျင်လည်ရသည်ရှိသော် လူ့ဘ၀အမျိုးမျိုး၊ နတ်ဘ၀အမျိုးမျိုး၊ တိရိစ္ဆာန်ဘ၀အမျိုးမျိုး အား ဖြင့် အောက်ဆုံး ငရဲဘုံများစွာမှ အမြင့်ဆုံး ဗြဟ္မာ့ဘုံအထိ မရောက်ဖူးသူ၊ မကျင်လည်ဖူးသူ မရှိခဲ့ ဟူ၍ မြတ်ဘုရား ဟောကြား ထား ခဲ့ဖူးသည်။ ထိုသို့ ကျင်လည်နေစဉ်ဘ၀များစွာ အတွင်း တိရိစ္ဆာန် ဖြစ်နေလျင် တိရိစ္ဆာန်သဘာဝအားဖြင့်၊ လူဖြစ်လာ လျင် လူ့သဘာဝ လူ့စိတ် ပင်ကိုယ် ဗီဇအားဖြင့် စရိုက်များ ကိုယ်စီပါလာတတ်ကြသည်။ ထိုဝါသနာအထုံများ ကောင်းခဲ့လျင် ကောင်းခဲ့သလောက်၊ ဆိုးခဲ့ လျင် ဆိုးခဲ့သလောက် ကိုယ့်အနာဂါတ်ကို ကိုယ်ကိုယ်တိုင် ဖန်တီးမိကြပြန်၏၊

အောက်ဆင်းပြီးရင် ပြန်တက်ဖို့ မလွယ်က

လူတစ်ယောက် ဒီဘ၀မှာ မကောင်းမှုတွေ လုပ်ပြီး အပါယ်ငရဲကို ရောက်သွားပါပြီ၊ ငရဲမှာ မိမိရဲ့ အကုသိုလ်အားကြီးလျင် ကြီးသလောက် နှစ်ပေါင်းများစွာ ခံရအုံးမယ်၊ ငရဲဘုံမှာ တိတိကျကျ သက်တမ်း ဆိုတာမရှိပါ၊ မိမိရဲ့ အကုသိုလ်အရှိန်အဟုန်သည်ပင် သက်တမ်းဖြစ်သည်၊ အကုသိုလ်ကံ ကုန်သောနေ့ သည် ငရဲက လွတ်သောနေ့ပင်။

အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။          

 

အံ့ဖွယ် (၈)ဖြာ သာသနာ (မျှဝေခြင်း-၁)

တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြ တာ လဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊ မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ မေးခွန်း များကို မလျှောက်ထားဝံ့ပေဘူး။ အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦး စွာ မေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က
“သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။
 

အပြည့်အစုံဖတ်ရန် ဒီနေရာမှာ Click ပါ။